Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံသားဖြစ်ခွင့်ဥပဒေ ပြင်ဆင်မှု လက်မခံဖို့ မဘသ ပြော

$
0
0
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဇွန်လ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုရဲ့ သုံး နှစ်ပြည့် နှစ်ပတ်လည်ညီလာခံ ဒုတိယနေ့ အခမ်းအနားကို တွေ့ရစဉ်။ Photo : Htet Arkar/RFA
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ အမျိုးစောင့်ဥပဒေတွေကို ကာကွယ်စောင့်ရှောက် ဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်ရင်လက်မခံကြဖို့အတွက် (မဘသ) အဖွဲ့ ဗဟို ဒုတိယ ဥက္ကဌ မော်ကျွန်းဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဒီနေ့ ကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုရဲ့ သုံး နှစ်ပြည့် နှစ်ပတ်လည်ညီလာခံ ဒုတိယနေ့ အခမ်းအနားမှာ မော်ကျွန်းဆရာတော်က မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံသားဥပဒေဟာ ဗုဒ္ဓဘာသာဝင်တွေကို အပြည့်အဝကာကွယ်ပေးတဲ့ဥပဒေတွေပါ၊ အဲ့ဒီဥပဒေ ကို ရှေးကပုဂ္ဂိုလ်ကြီးတွေ အမျှော်အမြင်ကြီးမားစွာနဲ့ ရေးဆွဲပြဌါန်းသွားတာ၊ အဲ့ဒီဥပဒေကို အခုအချိန်မှာပြင် ဆင်ဖို့တို့၊ ဖျက်ဖို့တို့၊ အင်အားနည်းသွားအောင်လုပ်ဖို့လို့ သူတို့ကလည်း တစိုက်မတ်မတ်ကြိုးစားနေ ပါတယ်၊ အထူးသတိပြုပြီးတော့ ကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်၊ အမျိုးစောင့်ဥပဒေများရယ်၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေရယ် ဒါတော့ တပည့်တော်တို့ အဓိကအားဖြင့် ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေဖြစ်ပါတယ်"

မ ဘ သ အဖွဲ့ဝင်တွေ အနေနဲ့ လွှတ်တော်ရုပ်သံလိုင်းကို အစဉ်မပြတ်ကြည့်ဖို့နဲ့ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းတွေ၊ ဥပေဒေတွေပြင်ဆင်တာတွေ၊ ပယ်ဖျက်တာတွေနဲ့ အသစ်ပြဌာန်းတာတွေကို သတိထားစောင့် ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အဲ့ဒီညီလာခံ အခမ်းအနားကို တိုင်းနှင့်ပြည်နယ် အသီးသီးက မဘသ အဖွဲ့ဝင် ဆရာတော်၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေတွေအပြင် ပြည်ပကဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအချို့အပါအဝင် တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>