အဲဒီလူတွေဟာ IS အဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမေးမြန်း ခံခဲ့ရ
အီရတ်နိုင်ငံ ဖာလူဂျာမြို့ကို IS အစ္စလာမစ်နိုင်ငံ အဖွဲ့ လက်ကနေ ပြန်သိမ်း နိုင်ဖို့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အတွင်း ထိန်းသိမ်းခံခဲ့ရသူ အီရတ် အမျိုးသား အတော်များများက သူတို့ကို စစ်ဆေးမေးမြန်းစဉ် နှိပ်စက် ညှင်းပန်းခံခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံမြောက်ပိုင်း ဖာလူဂျာမြို့ကို အစိုးရတပ်တွေ ပြန်သိမ်းပိုက်ခဲ့စဉ် ထိန်းသိမ်းခံခဲ့ရသူ အီရတ် အမျိုးသား ၆၀၀ လောက် ဇွန်လ ၅ ရက်နေ့က ပြန်လွတ်လာခဲ့အပြီး အခု သတင်းတွေ ထွက်ပေါ် လာခဲ့တာပါ။
အမျိုးသားတချို့ ခေါင်းတွေနဲ့ ကိုယ်ခန္ဓာတွေပေါ်က ဒဏ်ရာတွေအတွက် ဆေးကုသခံနေတဲ့ ပုံတွေကို တွေ့ရပါတယ်။
အဲဒီလူတွေဟာ IS အဖွဲ့ဝင်တွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမေးမြန်း ခံခဲ့ရတာပါ။
ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ အဓိကကဏ္ဍက ပါဝင်ခဲ့သူ ရှီအာ လက်နက် ကိုင် တွေက သူတို့ကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေအတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို စုံစမ်း စစ်ဆေးမယ်လို့ အီရတ် အစိုးရက ပြောကြားနေပါတယ်။
BBC Burmese