
တာမွေမြို့နယ် ကျိုက္ကဆံ လမ်း ဗျိုင်းရွာမရပ်ကွက်တွင် တိုင်ပေနိုင်ငံသား ဖွင့်လှစ်ထားသည့် အကြွေစေ့ဂိမ်းဆိုင်ကို ဝင်ရောက် ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင်အပါအဝင် စုစုပေါင်း ၄၁ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါဂိမ်းဆိုင်ကို ဇွန်လ ၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းရရှိသည့်အတွက် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဂိမ်းစက်မျိုးစုံအပါ အဝင် လောင်းကစားငွေ ကျပ် ၄၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘သတင်းရလို့ သွားပြီး ဖမ်း တာပါ။ လောင်းကစားပြုလုပ်တဲ့ သူတွေအပါအဝင် ဝန်ထမ်းနဲ့ ဆိုင် ရှင်ကိုပါ ဖမ်းမိပါတယ်။ ဆိုင်ရှင် ကတော့ ထိုင်ဝမ်ကလာတဲ့ တ ရုတ်ဖြစ်ပါတယ်။ ဗီဇာသက်တမ်း လည်းရှိပါတယ်။ သြဂုတ် ၂၆ ရက်မှ သူ့ဗီဇာသက်တမ်းက ပြည့်မှာ ပါ။ တာမွေရဲစခန်းမှာ အမှုဖွင့်အ ရေးယူထားပါတယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ဂိမ်း ကစားစက်များကို ကလေးများ ကစားရန် အမည်ခံကာ ဖွင့်လှစ် လျက်ရှိပြီး ဖမ်းဆီးသည့်အခါတွင် အဆိုပါဆိုင်ကြီးများမှ ဖမ်းဆီးခံ ရမှုမရှိကြောင်း ဂိမ်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
‘‘ကျွန်တော်ဖွင့်တဲ့ ဆိုင်ဆို ဘာမှမကြာလိုက်ပါဘူး။ ဖမ်းတာပဲ။ လိုင်းကြေးကလည်း အဖွဲ့တိုင်းမပေးနိုင်တော့ စီမံချက်စပြီဆိုတာ နဲ့ ကျွန်တော့်လိုဖွင့်တဲ့ဆိုင်တွေ အရင်ဆုံးဖမ်းတာပဲ။ ကိုယ့်နယ် မြေအပိုင်ကတော့ ဘယ်တော့မှ လာမဖမ်းဘူး။ မေးလည်း သူတို့ မသိလိုက်ဘူးပြောတယ်။ ရန်ကုန် မြို့လယ်မှာ ဘယ်နေရာမှာ ဂိမ်း ဆိုင်ကြီးတွေလည်း ရှိလဲဆိုတာ ဂိမ်းကစားတဲ့သူတိုင်း သိပါတယ်’’ ဟု အဆိုပါအမျိုးသားက ပြော သည်။
ဂိမ်းဆိုင်ပိုင်ရှင် တိုင်ပေနိုင်ငံသား ရှောက်ရွှေ အပါအဝင် ဝန်ထမ်းခုနစ်ဦး၊ လာရောက်ကစား သူ ၃၃ ဦး၊ ဂိမ်းစက်မျိုးစုံ ၂၁ လုံးနှင့်လောင်းကြေးငွေ ကျပ် ၄၄ သိန်းကျော် ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူ ၄၁ ဦးကို တာမွေမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။
============
7Day News Journal
http://www.7daydaily.com/story/66863