Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အာဆီယံ၏အခန်းကဏ္ဍ ထင်ပေါ်စေရန် နိုင်ငံတကာပုံရိပ်ကြီးမားသည့်ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွကြွပါဝင်ဖို့ စင်္ကာပူဝန်ကြီးချုပ် တောင်းဆို

$
0
0
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းသည် နိုင်ငံတော်သမ္မတဦးထင်ကျော်, နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဇွန်၇ ရက်တွင် သမ္မတအိမ်တော်၌တွေ့ဆုံစဉ် အာဆီယံ၏အခန်းကဏ္ဍ
ထင်ပေါ်စေရန် နိုင်ငံတကာပုံရိပ်ကြီးမားသည့်ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွကြွပါဝင်ပေးရန် တောင်းဆိုခဲ့သည်ဟု သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာများကိုပြောသည်။

ယင်းနှင့်ပတ်သက်၍” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အခါ ထူးခြားတာကတော့ အာဆီယံဒေသလုံးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်တဲ့နေရာမှ ဒေါ်စုရဲ့အခန်းကဏ္ဍ တက်တက်ကြွကြွ ပိုမိုပါဝင်ပေးဖို့ စင်္ကာပူဝန်ကြီးချုပ်က Request လုပ်တယ်။ နိုင်ငံတော်အတိုင်
ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကလေးစားရတဲ့ Image ရှိတယ်။ အဲဒီတော့ အာဆီယံအနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ G20 ရှိမယ် ClimateChange စသည်ဖြင့်ပေါ့ နိုင်ငံတကာစာမျက်နှာတွေပေါ်မှာ
အာဆီယံကအဖွဲ့စည် သေးသေးလေးဖြစ်နေတယ် Voice က အရင်တုန်းက ကောင်းကောင်းကန်းကန်း မရှိခဲ့ဘူး။ အဲဒီတော့ အာဆီယံကို ကိုယ်စားပြုပြီး
ဒေါ်အောင်ဆန်းစုကြည်က တက်တက်ကြွကြွနဲ့နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးမှာ ပါဝင်ပေးဖို့လည်း တောင်းဆိုပါတယ်။ ဒါကိုပြောတယ်”ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယင်းအပြင် စင်္ကပူဝန်ကြီးချုပ်သည်နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာ၌ စင်္ကာပူ-မြန်မာ
သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ငါးဆယ်ပြည့်အထိမ်းမှတ်အနေနှင့်လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပညာရေးကဏ္ဍမြှင့်တင်သွားမည့်အရေးများ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

”စင်္ကာပူဝန်ကြီးချုပ်က ၁၉၉၀ ခုနှစ်မှာချုပ်ဆိုခဲ့တဲ့နှစ်နိုင်ငံအခွန်နှစ်ထပ်မဖြစ်ရေးသဘောတူညီမှုကို ဒီနေ့ခေတ်အခြေနေမှာ ဒီနေ့ခေတ် နှစ်နိုင်ငံအခြေနေ စီးပွားရေးအခြေအနေတွေနဲ့ ကိုက်ညီခြင်းမရှိတော့တဲ့အတွက် ဒါကိုပြန်လည်ဆွေးနွေးခဲ့ကြတယ်”ဟုဆိုသည်။

စင်္ကာပူလေကြောင်းလိုင်းများ ရန်ကုန်-မန္တလေး တိုက်ရိုက်ပြေးဆွဲရန် သဘောတူညီချက်များ လဲလှယ်ခြင်းအပြင် မြန်မာပတ်စပို့စ်ကိုင်ဆောင်သည့် နိုင်ငံသားများအား ၂၀၁၆ ဒီဇင်ဘာ ၁ ရက်မှစတင်၍ ဗီဇ ၁ လ ကင်းလွတ်ခွင့်ပြုရန် သဘောတူခဲ့ကြသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>