Quantcast
Viewing all articles
Browse latest Browse all 32865

လက်ပံတန်းတောင် ကြေးနီးမိုင်း ရပ်တန့် ရေး သပိတ် ဖြိုခွဲ မှု တွင် အဓိက တာဝန် ရှိသူများဒီမေးခွန်းတွေ အရင်ဖြေကြည့်ပေးပါ..

မီးလောင်ဗုံး မသုံးပါဘူး။ မီးခိုးဗုံးပဲ သုံးပါတယ်။ နိုင်ငံတကာ အထိကရုဏ်းနှိမ်နှင်းရေး စည်းကမ်းနဲ့ အညီ လုပ်ဆောင်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောသွားတယ်။ အင်အားကို လိုတာထက် ပိုမသုံးပါဘူးလို့ ပြောတယ်။

မီးလောင်ဗုံး သုံး၊ မသုံး အထိ မငြင်းသေးဘူးထားဦး။ အဲဒီ စကားတွေထဲမှာပဲ အင်အားသုံး နှိမ်နှင်းတယ်ဆိုတာကို ဝန်ခံထားတယ်။ ဒီတော့ ပြောစရာရှိလာတယ်။

၁။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူဟာတွေထဲမှာ ... မနက် အာရုဏ်လင်းချိန် လူသူ အိပ်ကောင်းတုန်း ကာလမှာ အိပ်နေတဲ့ ဆန္ဒပြသူတွေကို ဝင်ရောက် တိုက်ခိုက်ရမယ်လို့ ပါလား။

၂။ နိုင်ငံတကာ အထိကရုန်း နှိမ်နှင်းရေး ဗျူဟာမှာ ... လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကို ... ဗုံးတွေသုံးပြီး ဖြိုခွဲရမယ်လို့ ပါလား။

၃။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူးဟာ ဆိုကတည်းက စကားလုံးထဲမှာ "အထိကရုဏ်း နှိမ်နှင်းရေး" ဆိုတာ တိတိကျကျ ပါနေပြီ။ ခင်ဗျားတို့ ဝင်ပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ အချိန်မှာ အထိကရုဏ်းတွေ ဖြစ်နေလို့လား။ ဆန္ဒပြနေသူတွေက ဘယ်အချိန်တုန်းက အထိကရုဏ်း ဖြစ်အောင် လုပ်ခဲ့ပါသလဲ။

၎။ ဥပဒေအရ ဖယ်ရှားရမယ် အရေးယူရမယ်ဆိုတိုင်း ... ခင်ဗျားတို့ကို ဥပဒေက ပြည်သူတွေအပေါ် အကြမ်းဖက်ခွင့် အခွင့်အရေး ပေးထားပြီးပြီလား။ ခင်ဗျားတို့က လက်နက်ရှိတိုင်း .. အလက်နက်မဲ့တွေကို ဥပဒေအရ ဆိုတဲ့ စကား တစ်လုံးလောက် သုံးပြီး လူတွေအပေါ် လုပ်ချင်တိုင်း လုပ်ခွင့်ရှိလား။ ဥပဒေအရ ဆန္ဒပြသူတွေကို ဖယ်ခိုင်းမယ်ဆိုရင်တောင် ...အခုလို ဗုံးတွေ သုံးစရာ လိုသလား။ အထိကရုဏ်း နှိမ်နှင်းရေး တပ်တွေ လိုအပ်လို့လား။ အခြားနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလား။

ဒီမေးခွန်းတွေ အရင်ဖြေကြည့်ပါဦး။

ကိုထိုက်

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>