Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နောင်လာမည့် မျိုးဆက်သစ်များအတွက် တို့တတွေပေးဆပ်ရမယ်

$
0
0

ဘဝဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သေကြရမည် မဟုတ်ပါလား။

ဒီယုတ်မာဆိုသွမ်းတဲ့ အာဏာရှင်တွေက ဦးဇင်းတို့ကို ဒီလိုလုပ်လိုက်တယ် အခုတော့ ဦးဇင်း ဘဝမျက်လုံးကန်းလေပြီ၊ တော်သေးတာပေါ့ မျက်လုံးတစ်ဖက်က မိခင် ဆွေမျိုး ဆရာသမားကို မြင်ခွင့်ရှိလို့၊ ရွာကလူတွေက ငါဒီလို မျက်ကန်းဖြစ်သွားတယ်ဆိုတာ ခုချိန်ထိ မသိကြသေးပါဘူး။ သာသနာ့အတွက် သာသနာ့ဝန်ကိုထမ်းမယ်ဆိုပြီး ရဟန်းဝတ်ခဲ့တယ်။

ကံမကောင်းအကြောင်းမသင့်လေတော့ ဦးဇင်းမွေးဖွားတဲ့တိုင်းပြည်မှာ အာဏာရှင်တွေကြီးစိုးတယ်။ မရှိဆင်းရဲသားတွေကို နှိပ်ကွပ်တယ်၊ မရှိဆင်းရဲသားတွေရဲ့ ဆွမ်းကို ဦးဇင်းတို့က စားမိတော့ ဘာသာရေးကိုကျောခိုင်းကာ မရှိဆင်းရဲသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။

ဒါပေမယ့် ဦးဇင်းတို့မှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါပါဘူး။ပထမရည်ရွယ်ချက်က တိပိဋကစာပေတွေကို သင်ယူပြီး မျက်လုံးအကန်းခံမည်။ဘာသာရေးမှာ ဘဝကို မြှပ်နှံမည်၊ အခုတော့ တိပိဋက စာပေတွေကောင်းကောင်းမတက်ခင်မှာ မျက်လုံးတစ်ဖက် ကန်းရလေပြီ၊ ဒီလို အများအကျိုးဆောင်ရွက်ရင် ဒီလိုအနှိပ်စက်ခံရသလား၊ဒါမှ မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတွေ
ကျိန်စာသင့်လေသလား၊

မြန်မာနိုင်ငံမှာ လူသန်း ၆၀ကျော်ရှိတယ်လို့ ဖတ်ဖူးတယ်။ရဟန်း သာမဏေ ဆယ်သိန်းခန့်ရှိတယ်လို့ ဖတ်ဖူးတယ်။ သန်း၆၀သောလူတွေ အခုကြေးနီးစီမံကိန်းမှာ ပါဝင်တဲ့ လူပေါင်းတစ်ထောင်မပြည့်ပါဘူး။

ရဟန်းသာမဏေက ဆယ်သိန်းရှိပေမယ့် အနည်းဆုံး သုံးရာကျော်ပါဝင်တယ်။လူပမာဏနှင့်ယှဉ်ရင် ရဟန်းတွေက များနေတယ်လို့ ဆိုလိုချင်တယ်။ဒီအရေးတော်ပုံကြီး အောင်မြင်ခဲ့ရင် ဦးဇင်းတို့က ဘာမှ ခံစားခွင့်မရှိတာသေချာပါတယ်။ဒါပေမယ့် လူတွေကတော့ ခေတ်တစ်ခေတ်မှာ ဒီလိုပွဲတွေကြုံတိုင်းခေါင်းတွေပေါ်ပေါက်ခဲ့တယ်။ လူသူရဲကောင်းကြီးတွေပေါ့။

ဦးဇင်းတို့ရဲ့ ဘဝ ပေးဆပ်မှု့သက်သက်ပါ။ဒီအရေးတော်ပုံမှာ ပြည်သူတွေက ခေါင်းဆောင်ကြီးတွေ ဝန်ကြီးတွေမဖြစ်ချင်နေပါ။ပြည်သူတွေ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရင်ကျေနပ်ပါပြီ။ အရေးတော်ပုံဖြစ်တိုင်း သေရေးရှင်ရေးဖြစ်တိုင်း ဘယ်သူဌေး ဘယ်သူကြွယ် ကုလား တရုပ်တွေပါဝင်လေ့မရှိပါဘူး။ မှန်ပါတယ်။ လူဆိုတာ ကိုယ့်ကြီးပွားမဲ့လမ်း အတားဆီးဖြစ်စေမယ့်၊အလုပ် ဘယ်လုပ်ရဲပါ့မလဲ။ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ မြန်မာနိုင်ငံဘုန်းကြီးဖြစ်နေတာ ဘယ်လောက်ပဲ စွန့်လွတ် စွန့်လွတ်၊ ဘယ်လောက်ပဲ ဒဏ်ရာရရ၊ အချိန်တန်ရင် ကိုယ်သွားရမယ့်လမ်းကိုသိပြီးသားပါ။

ဒါပေမယ့် ဦးဇင်းကတော့ ဆွမ်းတနပ်စာအတွက် သန်း၆၀သော လူထုအတွက် ဦးဇင်းမျက်လုံးတစ်ဖက်ကို ပေးဆပ်လိုက်ပြီ။

သန်း ၆၀သောလူထုကလည်း ဦးဇင်းလိုပေးဆပ်ဖို့ ကြောက်နေမယ်ဆိုရင် နောင်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။

ခင်ဗျားဘဝတစ်ခုအတွက်တော့ လွတ်ချင်လွတ်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ သားသမီး နောင်လာမည့် မျိုးဆက်အတွက် ဘယ်တော့မှ လွတ်မှာမဟုတ်။ အဲဒါကြောင့် နောင်လာမည့် မျိုးဆက် အနာဂါတ်လူငယ်တွေအတွက် ဖခင်တွေ မိခင်တွေ အကိုတွေ ညီတွေ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို တွန်လှန်တော်လှန်ကြပါစို့လို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။

(မျက်လုံး တစ်ဖက်ပျက်စီးသွားသောရဟန်းရဲ့ကိုယ်စား ခံစားချက်ကို မျှဝေလိုက်ပါတယ်)

ထောက်စူး မှတ်ချက်။……ကျနော်မေလ်းထဲကို မြန်မာလိုရော ဘာသာပြန်ပြီးသားပါပို့လာလို့ CNN iReport မှာပါ မျှဝေလိုက်ပါသည်။ http://ireport.cnn.com/docs/DOC-888386 Ye Min Tun



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>