Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများအတွက်

$
0
0
ဘာများတတ်နိုင်ဦးပါမည်နည်းဆိုတာ မဟုတ်ပါဘူး ပြည်သူအနေနဲ့ စိတ်ပျက်နေရုံနဲ့မပြီးပါဘူး လုပ်နိုင်တာတွေ တတ်နိုင်တာတွေရှိနေပါတယ်ကျနော်တို့လုပ်နိုင်တဲ့အပိုင်းတွေရှိပါတယ်

၁. ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများ အခု ဆေးဝါးအစားအသောက် လိုအပ်နေမှာသေချာပါတယ် တယောက်တည်းကနေ amount ပမာဏ အများကြီး လှူရမယ်မဆိုလိုပါဘူး တယောက်ကို အနည်းဆုံး ( ၁၀၀၀) လောက်တော့တတ်နိုင် မယ်ထင်ပါတယ်.. အဲလောက် ပမာဏ လေးကနေစလှူနိုင်ရင်တောင် မဆိုးပါဘူး...

၂. ပြည်သူတရပ်လုံး မြန်မာလူထုတစုလုံးဟာ လက်ပံတောင်းမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေဖက်မှာအပြည့်အ၀ ရပ်တည်ပေးနေတယ်.. ကိုယ်နဲ့ထပ်တူကိုယ်ချင်းစာပေးနေတယ်ဆိုတာ သိအောင် သူတို့ဖက်ကနေ ရပ်တည်ပေးရင်း စိတ်ဓာတ်ခွန်အားပေးရပါမယ်...

၃. လူကိုယ်တိုင်မသွားရောက်နိုင်သူများဟာ သွားရောက်နေကြတဲ့အဖွဲ့အစည်း အသီးသီးကနေတဆင့် အလှူငွေများ ပစ္စည်းဆေးဝါးများ လှူဖွယ်ပစ္စည်းများကိုလူကြုံပါးထည့်ပေးခြင်းဖြင့် လက်ပံတောင်းပြည်သူများ ရင်ထဲမှာ အော်ငါတို့ချည်းပဲ မဟုတ်ပါလား ပြည်သူတွေငါတို့နဲ့အတူရှိနေပါလားဆိုတဲ့ စိတ်ဓာတ်အင်အားတွေရနိုင်မှာပါ..

ကိုင်းကျနော်တို့အခုပဲ စလုပ်ကြည့်ရအောင်ဗျာ လက်လှမ်းမှီသလောက် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးကိုယ်နိုင်တဲ့ငွေကြေး လှူဖွယ်ပစ္စည်း ပမာဏတွေ လှူဒါန်းကြပါစို့လို့ ပြည်တွင်း ပြည်ပမှာ
ရဟန်းအာဇာနည် လူပုဂိုလ်အာဇာနည် အမျိုးကောင်းသား အမျိုးကောင်းသမီးများကို ကျနော်ကနေပြီး ဤနေရာမှ အနူးညွှတ် လေးလေးစားစား တိုက်တိုက်တွန်းတွန်းနဲ့ပန်ကြားပြောဆိုပါရစေလားဗျာ................
KN@shwe yi ........



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>