Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အကြမ်းဖက်မှုအား လက်ရှိအစိုးရက တာဝန်ယူရဲရမယ်ဟု ရွှေည၀ါ ဆရာတော်ဆို

$
0
0
တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟု ရွှေည၀ါဆရာတော်က ယနေ့ပြောကြား ခဲ့သည်။

ရွှေ့ည၀ါဆရာတော်သည် ယနေမုံရွာမြို့ ပြည်သူ့ဆးရုံသို့ ရောက်ရှိစဉ် ၌မြန်မာခေတ်သို့  ပြောကြားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော် သံဃာတော်များေ ဆးရုံသို့ ဆးဝါကုသရ၍ လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။

“အခုဖြစ်တဲ့ဖြစ်စဉ်က မတရားမှုလို့ မြင်တယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စကြီးကို၊ ဒါမျိုးဖြစ်သွားတာက လက်ရှိအစိုးရနဲ့ လက်ရှိတာဝန်ရှိသူတွေက တာဝန်ယူရဲရမယ်။ တာဝန်ကိုယူပေးရမယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ အားလုံးက လိုလားနေကြ တယ်”
ဟု ရွှေညာဝါဆရာတော်က မြန်မာ့ခေတ်သို့ ကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ရေပတ်ပတ်ခြင်း ဆရာတော် သံဃာတော်တွေက မေတ္တာ သုတ်ရွတ်နေတယ်၊ ဒုတိယအကြိမ်ရေပါတ်ပြီးတဲ့အခါမှာ ဆရာတော်တွေကို ကျွန်တော်က ဓါက်ပုံဝင်ရိုက်တယ်၊အဲဒီအခါ တုံတုံတုံ ဆိုပြီးတော့ဘေးနားမှာ နို့ဆီဘူးလို အလုံးလေးတွေ ကျွန်တော့ဘေးကို ကြလာတယ်။ မီးလောင်ဗုံးဖြစ်တဲ့အတွက် ဘေးတစ်ခြမ်းရယ် မျက်နှာတစ်ခြမ်း ရယ်ခြေထောက်ထိသွားတယ်။ ပခုက္ကူအလယ်တိုက်က ဆရာတော်က မျက်လုံးထိသွားတယ်။ ဒါပေမယ့် ဘာမှမဖြစ်ဘူးဆိုဘူးဆိုပြီး တဲထဲဝင်သွားတယ်။ မေတ္တာသုတ် ဆက်ရွတ်တယ်၊”သပိတ်စခန်းအဖြစ်အပျက်များအား လက်တွေ့ကြုံတွေ့ခဲ့ရသူ ဦးကျော်စွာ ကပြောကြားသည်။

မြန်မာ့ခေတ်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>