Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်ပွဲတွင် ဖမ်းဆီးခံထားရသူခြောက်ဦး အား စတင် ရုံးတင်

$
0
0
မတရားမှုကို တော်လှန်နေသူတို့ဆိုတော့ .. လူတွေကို ... ဖမ်းချုပ်ထားလည်း ... သူတို့ဟာ ... လွတ်လပ်နေတယ်

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်း ဆီးခံထား ရသူခြောက်ဦးအား သက် ဆိုင်ရာမြို့နယ်တရားရုံးများတွင် ဒီဇင်ဘာ ၃ရက်၌ စတင်စစ်ဆေးနေ ပြီဖြစ် ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံထားရသူ ခြောက်ဦးမှ ကိုညီညီနှင့် ကိုရဲလင်းဦး အား ကျောက်တံတားမြို့နယ် တရားရုံး တွင်သာ အမှုဖွင့်စစ်ဆေး ခဲ့သော်လည်း ကျန်လေးဦးဖြစ် သည့် ကိုမျိုးချစ်၊ ကိုဝေဠု၊ ဒေါ်နော် အုန်းလှနှင့် ဒေါ်ရှမ်းမတို့မှာ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့ နယ်တရားရုံး နှစ်နေရာစလုံးတွင် အမှုဖွင့်
အရေးယူ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားရင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ကိုညီညီက ''ကျွန်တော်တို့ကို စစွဲတုန်း က ပုဒ်မ(၁၈) နဲ့ပဲခံဝန်ထိုးခိုင်းပြီး ချက် ချင်းအင်းစိန်ထောင်ကိုပို့တာပါ။ ဒီပုဒ်မ ၅၀၅(ခ)ကတော့ သူတို့ကပဲ တပ်လိုက် တာပါ။ ဒီပုဒ်မက အာမခံ မရနိုင်ဘူး''ဟု ပန်းဘဲတန်းတရားရုံး ရှေ့ ခေတ္တနားနေခိုက်တွင် ပြော သည်။

အဆိုပါတရားစွဲဆိုခံထားရမှု များနှင့်ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းနှင့် ဦးရော ဘတ်စန်းအောင်တို့က အခမဲ့ရှေ့နေ လိုက်ကာ အကျိုးဆောင်ပေးနေ ကြောင်း ကိုညီညီထံမှ သိရသည်။

တရားရုံးသို့ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ ဦးပညာ တေဇရောက်ရှိလာပြီး ယင်းက ''ပြည် သူ အတွက် သူတို့ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်တာပါ။ ဒီလိုလူတွေအဖို့ ထောင်ထဲမှာ တစ်ရက်မပြောနဲ့ တစ်နာရီတောင် ရှိမနေသင့်ပါဘူး။ ဒါကို အစိုးရအနေနဲ့ ဖြေရှင်းပေး ရမယ်''ဟု မှတ်ချက်ပေးမိန့်ကြား သည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းရေး ရန်ကုန်မြို့ ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး အဆိုပါ ခြောက်ဦး အား နိုဝင်ဘာ ၂၆ရက် နှင့် ၂ရရက်များတွင် ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာ ၃ရက်တွင် စတင်ရုံးတင် စစ်ဆေး ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၁ရက်တွင် သက်ဆိုင်ရာမြို့နယ်ရုံး နှစ်ခုတွင် ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

Yangon media group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>