Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း Graffiti ရေးဆွဲခြင်းကို ပိတ်ပင်

$
0
0
ကျော်ဇင်မန်း(မြစ်မခ)

ရန်ကုန်မြို့တော် စီပင်သာယာနယ်နိမိတ်အတွင်း ဆေးရောင်စုံနံရံပန်းချီ(Graffiti)ရေးဆွဲခြင်းကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ရန်ကုန်မြို့ အမိန့်အမှတ် (၁/၂၀၁၂) အမိန့်ပြဌာန်းချက်အရ သိရှိရသည်။

အဆိုပါအမိန့်ပြဌာန်းချက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသာယာ လှပစေပြီး စနစ်ကျသည့် အဆင့်မြင့်မြို့တော်အဖြစ်တည်ဆောက်လျက်ရှိရာ အချို့သော မြို့သူမြို့သားများသည် ဆေးရောင်စုံများ အသုံးပြု၍ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကျဉ်းတန် အရုပ်ဆိုးစေသော စာလုံးများ၊ ရုပ်ပုံများရေးဆွဲခြင်းဖြင့် မြို့တော်သန့်ရှင်းသာယာလှပရေးကို
ထိခိုက်စေပြီး ပြည်သူများ စိတ်ငြိုငြင်မှုကို ဖြစ်ပေါ်စေလျှက်ရှိသည်ဟုပါရှိသည်။

“Graffiti ( နံရံပန်းချီ ) တွေကို ဆေးပြန်လိုက်သုတ် ၊ အတင်းကန့် ကွက်နေ့ မယ့်အစား လမ်းပေါ်က အမြင်မတော်တဲ့ ကွမ်း တံတွေးတွေကို အရင်သန့် ရှင်းရေးလုပ်တာ မြို့ တော်အင်္ဂါရပ်နဲ့ ပိုမကိုက်ညီဘူးလား နိုင်ငံတိုင်းမှာ Graffiti ( နံရံပန်းချီ ) ရှိတယ် ကွမ်းတံတွေးတွေက မြန်မာနိုင်ငံမှာပဲရှိတယ်”ဟု Graffiti ဝါသနာရှင်များ စုစည်းထားသည် facebook စာမျက်နှာ တစ်ခုတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိပဲ နံရံပန်းချီရေးဆွဲခြင်းပြုလုပ်၍မရကြောင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံ၊ အားကစား ကွင်းများနှင့် ယင်းတို့၏ အစိတ်အပိုင်းများတွင်လည်းကောင်း၊ အခြား အဆောက်အအုံနှင့် ယင်းတို့၏အစိတ်အပိုင်းများ တွင် လည်းကောင်း စသည်နေရာအားလုံးတွင် Graffiti ( နံရံပန်းချီ )ရေးဆွဲခြင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၄င်းအမိန့်ပြဌာန်းချက်တွင် ပါရှိသည်။

ထိုအမိန့်ပြဌာန်းချက်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက (သို့မဟုတ်) လိုက်နာရန်ပျက်ကွက်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“တကယ်တော့ Graffiti ဆိုတာနိုင်ငံတိုင်းမှာရှိပါတယ်။ အနုပညာတစ်မျိုးလို့လည်း ခေါ်တယ်။ ကျွန်တော်ကတော့ နှစ်သက် ပါတယ်။ လှပအောင်မရေးဆွဲပဲ ကြောင်ကြောင်ကြားကြားလျှောက်ရေးတာမျိုးတွေကိုတော့ ကျွန်တော့်အနေနဲ့ လက်မခံပါဘူး။ Graffiti ရေးဆွဲတာကို ပိတ်ပင်တဲ့ တစ်ခြားနိုင်ငံတွေလဲရှိပါတယ်။ သို့ပေမယ့် ပျောက်ကွယ်မသွားပါဘူး”ဟု စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောသည်။

Graffiti ( နံရံပန်းချီ ) ရေးဆွဲသောဦးရေမှာ မြန်မာနိုင်ငံ၌ တစ်စတစ်စတိုးပွားလာလျက်ရှိကြောင်းကို ရန်ကုန်မြို့တော် အတွင်းရှိ နေရာအနှံတွင် တွေ့မြင်နိုင်သည်။ သို့သော် အများစုမှာ အနုပညာမဆန်ပဲ အုတ်နံရံ တံတိုင်းများတွင် အကျဉ်းတန်စွာ ရေးခြစ်ထားကြသည်များမှာလည်း Graffiti ( နံရံပန်းချီ ) ကိုအမှန်တကယ် ရူးသွပ်သူများ၏ အခွင့်အရေးဆုံးရူံးစေနိုင်သည်ဟု Graffiti ဝါသနာရှင်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ(၁၉)ရက်နေ့ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား မလာရောက်ခင်က ရေးဆွဲခဲ့သော အိုဘားမား၏ Graffiti ( နံရံပန်းချီ )ပုံတူမှာ ရက်အတော်ကြာ ကမ္ဘာ့သတင်းစာမျက်နှာများ၌ နေရာယူခဲ့သည်။


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>