Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်

$
0
0
 ကိုယ်လုပ်ရပ် ကိုယ်ဝန်မခံ သေးသည့် လက်နက်ကိုင် လက်နက်အားကိုး လူတစု လုပ်ရပ်ကြောင့် ပြင်းထန်စွာ ဒါဏ်ရာ ရခဲ့သော ဘုရားသား သံဃာတော်များ (Video..Nay myo zin)

လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ စုံစမ်းသိရှိရသည်။

အရေပြားအထူးကုဆရာဝန်ကြီးများသည် ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မန္တလေးမြို့သို့ ၇ရက်နေ့ မတိုင် ခင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ဆေးကုသမှု အစီအစဉ်ကို မုံရွာ ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းရောင်စို Activity(မန္တလေး)၊ ဘ၀အလင်း(မန္တလေး) နှင့် ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာ တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် စိမ်းရောင်စို Activity (မန္တလေး) အဖွဲ့ ၀င်များက ပြောကြားသည်။

နိုင်ငံခြားမှ ဆရာဝန်များဆေးကုသနိုင်ရန် နေရာအတွက် မန္တလေးဆေးရုံနှင့် သွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကူညီပေးနိုင် ရန် ပြင်ပဆရာဝန်များကိုလည်း
အကူအညီ တောင်းခံထားပြီ ဖြစ်ကြောင်း၊ ကုသမှုကုန်ကျစရိတ်အတွက်ကို ဒေသခံ အဖွဲ့အစည်းများနှင့် မန္တလေးမှ အဖွဲ့များ စုပေါင်းကာ အလှူငွေများ ကောက်ခံစုဆောင်းထားပြီးဖြစ်ကြောင်း မုံရွာပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဦးသက်ဆွေအေး က ပြောကြားသည်။

“နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီတွေ လိုချင်ပါတယ်။ အခု ဒီလို ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးမှုတွေ လုပ်နေတာရှိပါ တယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ဘယ်နှယောက် လာမလဲတော့ မသိသေးဘူး။ လေးနိုင်ငံကတော့ လာမယ်၊ မန္တလေးဆေးရုံမှာပဲ ကုသရမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ သံဃာတွေ ကများတယ်၊ နေရာပြောင်းဖို့ကမလွယ်ဘူး။ ကုသမယ့်နေရာကို စီစဉ် နေတုန်းပဲ”ဟု စိမ်းရောင်စို Activity (မန္တလေး)မှ အမှုဆောင်အဖွဲ့ဝင် ဦးနေသစ်က ပြောကြားသည်။

လက်ရှိအချိန်ထိ မန္တလေးဆေးရုံသို့ ရောက်ရှိနေသော သံဃာတော်များနှင့် လူပုဂ်္ဂိုလ်၏ ဒဏ်ရာများသည် ပိုမို ဆိုးရွားလာကြောင်း၊ ဒဏ်ရာများမှာ ပိုကြီးလာပြီး အချို့မှာ အသားများပါ ပဲ့ကျကာ အတွင်းသို့ လှိုက်စား လာ ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မန္တလေးဆေးရုံက ဒဏ်ရာတွေ ပျောက်ဖို့အတွက် ဆေးတွေ ထိုးပေး တယ်လို့တော့ သိရတယ်၊ အသေးစိတ် ဘာတွေ ကုပေးတယ်လို့တော့ မသိဘူး”ဟု ဦးနေသစ်က ဆက်လက်ပြောကြားသည်။

“ဒဏ်ရာတွေက မသက်သာဘူးဗျ။ အခု မဖြူဖြူဝင်းဆိုရင် ဒဏ်ရာက အရမ်းနာလာတော့ ဆေးထိုးပေးဖို့ ပြော တယ်၊ အခု မန္တလေးဆေးရုံကို ပို့လိုက်ရပြီ”ဟု မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်ဆွေအေးက ပြော သည်။

လက်ရှိတွင် မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရရှိခဲ့သူ သံဃာ နှင့် လူ စုစုပေါင်း ၇၂ ဦးခန့် ရှိနေပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၅။
Venus News Weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>