Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ဒီတောင်ကြီးကို ဆက်ဖြိုနေတုန်း”

$
0
0
မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုခဲ့ရသော့ သာသနာ့အာဇာနည် လယ်တီဆရာတော်ဘုရားကြီး တရားကျင့်ခဲ့သောနေရာအား ယခုကဲ့သို့ ချန်လှပ်ထားခဲ့သည်။ ယခုကဲ့သို့ ဘေးမြေ ကုပ်အားနည်းကာ ထီးတည်း ချန်လှပ်ထားသော အဆိုပါစေတီသည် ပြုပြင်ထိန်းသိမ်းမှု့မရှိလျှင် ဘယ်နှစ်မိုးမျှခံမည်နည်း ။ (ချီးကျူးဖို့ကောင်းချက်ဗျာ ... သာသနာ့ အဆောက်အအုံတွေ သူတို့ မဖြိုဘူး မဖျက်ဘူးပေါ့ ။ သူ့ဟာသူ ပျိုကျတာတော့ သူတို့နဲ့မဆိုင်ဘူး ပေါ့ ....)-အောင်မျိုးမြင့် Facebook
ကျွန်တော်တို့ က ဘေးပယောဂ မပါပါဘူး။ သူတို့ ခံစားချက်ရှိသလိုကျွန်တော်တို့ ခံစားချက်ရှိတယ်။ မြန်မာလူမျိုးမှန်ရင် မြန်မာလူမျိုးတွေသေလုမျောပါး အဖိအနှိပ်ခံရတာကို ၀င်ကူညီတာ၊ ရပ်တည်တာဘဲ။ဒီဆန္ဒပြသူတွေကို ကူညီတာ ဘေးပယောဂ မဟုတ်ဘူး။ကျွန်တော်တို့ ခံစားချက်နဲ့  ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ကူညီတာ။ဒါကတော့ လူလိုသိတတ်တဲ့သူတိုင်း၊ မြန်မာလူမျိုးတိုင်းဟာ မြန်မာတွေဒုက္ခခံရရင် သူတို့ ခံစားရသလိုဘဲ ခံစားရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုပ်တာ။ ကျွန်တော်တို့ အကျိုးအမြတ်လိုချင်လို့ မဟုတ်ဘူး။ သူတို့ ကိုကူညီတာက၊ ကျွန်တော်တို့ ရည်မှန်းချက်က ဒီတောင်ကြီး မပျောက်ရေးဘဲ။

ကျွန်တော်တို့ က ဒီတောင်ကြီးကို ခင်တွယ်တယ်၊ နှမြောတယ်။ဒါ့ကြောင့် ကျွန်တော်တို့ က လာကြည့်နေရတာ။ ဒါကကို တောင်မပျောက်ရေးရည်ရွယ်ချက်နဲ့  ကြည့်တာ။ ဒီလိုကိစ္စတွေရှိပါလားဆိုတာ အများပြည်သူသိအောင် လုပ်တာ။ ဒီတောင်ကြီး မပျောက်ရေး နေ့ စဉ်လှုပ်ရှားနေတဲ့သဘောဘဲ။ အရင်က တစ်ပတ်တစ်ခါလုပ်တာ။ နောက် မလုံလောက်တော့ဘူး။ လူတွေကလည်းများလာတယ်၊ ဆန္ဒလည်းရှိကြတယ်။ အများပြည်သူသိအောင်နောက် နေ့ စဉ်လုပ်တာ။ အခုဒီလိုဖြစ်တော့
လူနာကိစ္စတွေနဲ့ မို့  ရပ်သွားပြီးအခုမှ ပြန်လုပ်တာ။ တို့ ရဲ့ အသက်သခင် ကျေးဇူးရှင်လို့ ပြောတဲ့ ဒီတောင်ကြီးပျောက်သွားရင် တို့ ဒီလူတွေလည်း အကြီးအကျယ်ဒုက္ခရောက်မှာ။ အခုလူတွေစားရေးနေရေးတင် မဟုတ်ဘူး၊ နောက်မျိုးဆက်သစ်အတွက်ပါ ဒုက္ခရောက်မှာ။ဟုတ်ဘူး။

ဒီတောင်ကြီးကိုဖျက်လိုက်ရင် အများကြီးဆိုးကျိုးတွေ ခံစားရမှာ။စံပယ်တောင်ဆိုကြည့်၊ ဓာတုအဆိပ်တွေကြောင့် ကလေးတွေဆို ဘယ်လိုဖြစ်နေသလဲ။ ဒါတွေကအလွန်အန္တရာယ်များတဲ့ဆိုးကျိုးတွေဘဲ။နောက်ဒီတောင်ကြီးကကျွန်တော်တို့ မုံရွာနယ်ရဲ့ ရာသီဥတုဒဏ်ကို ကာကွယ်ပေးတာ။ ဒီတော့ ကျွန်တော်တို့ က နှမြောတယ်။ ဒီတောင်ကြီးမရှိရင် ကျွန်တော်တို့ ဘ၀ ဟာလာဟင်းလင်းဖြစ်သွားမယ်။

သူတို့ ပြောတော့ မျက်ရည်ယိုဗုံးလေးလောက်မျှသာ၊ ရေပိုက်နဲ့ ပက်ရုံမျှသာဆိုတာ မဟုတ်ဘူး။ မျက်ရည်ယိုဗုံးက မီးမလောင်ဘူး။ အခုမီးလောင်ဗုံးနဲ့ သက်သက်ကိုလုပ်တာ။ နောက်မီးလောင်ဗုံးတောင် ရေထဲပြန့် သွားတဲ့ဗုံး။ဒါ့ကြောင့်ပထမ ရေပိုက်နဲ့  ခြေကျင်းဝတ်လောက်ထိ ရောက်အောင်ဖြန်း၊သပိတ်တဲတွေထဲမှာ အိပ်နေတဲ့သံဃာတော်တွေကို ရေနဲ့ ဖြန်း။ သင်္ကန်းတွေရေစိုတော့ မှ ပစ်မိန့် ပေးပြီး အပြစ်ခိုင်းတာ။ ဒီဗုံးက မီးတောက်တွေထပြီးပေနှစ်ဆယ်လောက် မြောက်သွားပြီး ပြန်ကျတော့မှ ဖွာပြီး ရေရှိတဲ့နေရာ အကုန်လုံး။ ခုနက သင်္ကန်းတွေ ရေစွတ်ထားတော့ သင်္ကန်းတွေ အကုန်လုံးမီးလောင်ပြီး သံဃာတွေ ဒဏ်ရာရတယ်။ ဒီလောက် ဆိုးယုတ်တဲ့အလုပ်ကိုလုပ်တာ။

ညှိနှိုင်းဖို့ တော့ ဘယ်လိုမှ မရဘူး။ ဒီလုပ်ငန်းကို လုံးဝဖျက်သိမ်းမှရမှာ။အခုဆိုဘယ်လောက်ဆိုးသလဲဆို စုံစမ်းစစ်ဆေးရေးလာလို့ ရှိရင်သိသာမြင်သာအောင်လို့  ဒီလုပ်ငန်းကို စတင်လုပ်ခွင့်ပြုပါတယ်ဆိုလုပ်နေတာကိုက ဒီတောင်ကြီးကို ဆက်ဖြိုနေတုန်း။ စုံစမ်းစစ်ဆေးရေးမလာခင်ဘဲ ဒီတောင်တွေက ကုန်တော့မှာ။ တစ်ရက်ကို သန်းပေါင်းမြောက်မြားစွာရတယ်။ သူတို့ လုပ်နေတာ။ ကျွန်တော် ဥပမာတစ်ခုပေးလိုက်ချင်တယ်။ စုံစမ်းစစ်ဆေးရေးကော်မတီလာရင် ထင်သာမြင်သာ ရှိအောင် အလုပ်လုပ်နေပါ။ ဒါမှ ထင်သာမြင်သာ တွက်ချက်နိုင်မှာဆိုတာမုဒိမ်းမှုတစ်ခုကို တရားသူကြီးက ထင်သာမြင်သာရှိအောင် မင်းတို့ ပြန်ပြီးတော့ငါ့ရှေ့ မှာ ပြန်ပြီးတော့ သံဝါသပြုကြဆိုပြီး ခိုင်းတဲ့ပုံစံမျိုးဘဲ။အခုကလည်း ဒီလိုသဘောမျိုးဘဲ။

လက်မခံဘူး။ လုံးဝလက်မခံဘူး။ ညှိနိငင်းဖို့ ဆိုရင်တော့ လာကိုမလာခဲ့နဲ့ ။ဘာမှ အဓိပ္မယ် မရှိဘူး။ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတယ်။ မျှော်လင့်တယ်။ ဒါပေမယ့် ညှိနှိုင်းဖို့ ဆိုရင်တော့ လုံးဝကို မလာခဲ့ပါနဲ့ ။ ဟင့်အင်း။ အဲဒါ ကျွန်တော်တို့ ကော်မတီ သဘောထားလည်းပါမယ်။ ကျွန်တော့်သဘောထားလည်း ပါမယ်။

ဓနထွန်း (မုံရွာ)
လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ နာယက

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>