Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီးဆန္ဒထုတ်ဖော်

$
0
0
ဒီကနေ့ လှု့အခွင့်အရေးနေ့ ဆန္ဒပြပွဲကို GW အဖွဲ့က ဦးစီးကျင်းပတာပါ။ မနက်ဆယ်နာရီိတိတိ မှာ တော်ခန်းမရှေ့ ပန်းခြံဖက်အခြမ်းမှာ စတင် စုဝေးကြပါတယ်။ လူငယ်တွေ အများစု။ လူလတ်ပိုင်းက ကျနော်တို့ပဲပါတယ်။ ကျနော့်ကို တီရှပ်အဖြူတထည်ပေးတယ်။ ဝတ်ကြည့်တော့ ကောက်ညှင်းထုပ်လို ကြပ်နေတယ်။ အင်္ကျီပွ ဝတ်ထားတဲ့ကောင်လေးတယောက်ဆီက အင်္ကျီကို ကျနော့်ပေးဖို့ သူတို့အချင်းချင်း ဝိုင်းပြောကြတော့ အဲဒီ တီရှပ်ကို ကျနော်ရတယ်။ ပိုကြပ်သွားတယ်။ ခေါင်းစည်းအနီတခု ဝေလို့ ခေါင်းမှာ စည်းလိုက်တယ်။ ခဏနေတော့ မဟာဗန်ဓုလ ပန်းခြံကို တပတ်ပတ်ကြတယ်။ ပြီးတော့ ဆူးလေဘုရားကို နှစ်ပတ်ပတ်ကြတယ်။ တပတ်ပြည့်လု ပြည့်ခင်မှာ ကိုဌေးကြွယ် ဆူးလေဘုရားထဲက ထွက်လာတာတွေ့လို့ ကျနော်က အသံပြဲကြီးနဲ့ "ကိုဌေးကြွယ်၊ ဝင် Join ပါလို့ ခေါ်လိုက်တယ်။ သူပြုံးနေတယ်။ မီဒီယာတွေ ကိုဌေးကြွယ်နား ဝိုင်းသွားတယ်။ နောက်တပတ်ကျတော့ သူ့ကို မီဒီယာက အင်တာဗျူးဆဲ။ ကျနော့နောက်က မဒမ်ပေါက အော်တယ်။ ကိုဌေးကြွယ်..ဘေးက အားပေးရုံနဲ့ ကျေနပ်မနေပါနဲ့။ လူထုနဲ့ ဝင်ပူးပေါင်းပါတဲ့။ ဆန္ဒပြပွဲပြီးကာနီးမှာ ကိုဌေးကြွယ် တီရှပ်လာတောင်းဝတ်တော့ လူငယ်တယောက်က ဆန္ဒပြပွဲပြီးမှ အင်္ကျီလာတောင်းဝတ်လို့ မရဘူးအစ်ကို... လို့ ပြောသံကြားရတယ်။(Aung Naing Moe)
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ဝန်းကျင်တို့က လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အထိ သက်ဆိုင်ရာရဲစခန်း၏ တရားဝင်ခွင့်ပြုမိန့်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အင်အားသုံးဖြိုးခွင်းမှု ကန့်ကွက်ကြောင်းနှင့် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

Eleven media group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>