Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မီးလောင်ဒဏ်ရာပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

$
0
0
ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရာ၊ ယင်းဖြို ခွင်းမှုတွင် သံဃာတော် ၂၇ ပါးနှင့် သပိတ်မှောက် ပြည်သူများ မီးလောင် ဒဏ်ရာ အများအပြားရရှိခဲ့သည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတောင်သူ လယ်သမားပြည်သူများနှင့် သံဃာတော်အမြောက်အများ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု နိုဝင်ဘာ ၃၀ ရက်နေ့၊ မုံရွာမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြည်သူများအား ပြောကြားသည်။

“ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တာလဲ၊ ဒီလောက်ထိဟာ၊ ကျွန်မပွင့်ပွင့် လင်းလင်းပြောမယ်နော်။ ဒီလောက်ထိလုံးဝမလိုအပ်ပါဘူး။ ဆေးရုံမှာဒဏ်ရာ ရတဲ့ သံဃာတော်တွေကို သွားဖူးတယ်။ သံဃာတော်တွေ သွားမတွေ့ခင်မှာ ကျွန်မတွေ့တဲ့ ရွာသူရွာသားတွေထဲမှာ မီးလောင်လာတဲ့ မိန်းကလေး တစ် ယောက်လည်းတွေ့တယ်။ လက်တွေမှာပေါ့နော် တော်တော်ဆိုးတာပဲ။ သံဃာတော်တွေရဲ့ ဒဏ်ရာတွေကလည်း တော်တော့်ကိုဆိုးတာပဲ။ အဲဒီ လောက်ထိ ဘာဖြစ်လို့လုပ်ဖို့လိုသလဲဆိုတာ
ကျွန်မတို့ပြည်သူမှာ သိပိုင်ခွင့် ရှိတယ်လို့ထင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြော ကြားသည်။

အဆိုပါဖြိုခွင်းသည့်ကိစ္စရပ်သည်ကြမ်းတမ်းခဲ့သဖြင့်ယင်းနှင့်ပတ်သက်၍သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

“ပြောရမယ်ဆိုရင်တော့ အင်မတန်ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ် ဆိုတာသိရပါတယ်။ ဘယ်လို ကြောင့် ဒီလောက်တောင်မှာ ကြမ်းကြမ်း တမ်းတမ်းလုပ်ရသလဲဆိုတာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြိုခွင်းခံရသောသပိတ်စခန်း များသည် နိုဝင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသပိတ်စခန်း များကို နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား၍ ဖယ်ရှားပေးရန်နှင့်ဖယ်ရှား ရှင်းလင်းမှုမပြုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တည်ဆဲ ဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနသည် နိုင်ငံပိုင်မီဒီ ယာများမှတစ်ဆင့် နိုဝင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီတွင် သတိပေးကြေညာချက်ထုတ် ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်နေ့ဖြိုးခွင်းမှုမစတင် မီကလည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် သပိတ်စခန်းများ၌ စုဝေးနေသူများအား လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်းဥပဒေများ နှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟူသော ကြေညာမှုများကို ဆက် တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Monywa Times

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>