Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာပြည်သူတွေဆိုတာက သမ္မတတို့ ၀န်ကြီးတို့ စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းပန်ခြင်း ခံရထိုက်တဲ့ ပြည်သူတွေ မဖြစ်လို့လား..??

$
0
0
တောင်းပန်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ တစ်ခါတစ်လေ ပြောထွက်ဖို့ခက်တတ်တာကို နားလည်ပေးလို့ရပါတယ်..။ ကျနော်တို့ မြန်မာလူမျိုးတွေမှာ အသုံးများလွန်းတဲ့ စကားလုံး ထဲမှာ တောင်းပန်ပါတယ်.. ဆိုတာ သိပ်မပါတတ်ပါဘူး..။ အဲ့ဒီအစား အားနာလိုက်တာတို့.. အားနာတယ်ဗျာ..တို့ကိုတော့ အသုံးများ..အပြောများတတ်ကြပါတယ်..။ တကယ်တော့ အားနာလိုက်တာ..ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောလည်းဆိုတာတော့ ကျနော်တကယ်လဲမသိပါဘူး..။ ရှိသလား..မရှိဘူးလား..ဆိုတာလည်း တိတိကျကျ မသိပါဘူး..။ ထားပါဗျာ..ပြောချင်တာက တောင်းပန်ပါတယ်.. ဆိုတဲ့စကားတစ်ခွန်းကိုပါ..။

မိသားစု ညီးအစ်ကိုမောင်နှမ သူငယ်ချင်း မိတ်ဆွေတွေ အကြားမှာ အမှားလုပ်ခဲ့သည့်တိုင် ကိုယ်စီ အတ္တတွေပြိုင်ရင်း.. အချင်းချင်း တောင်းပန်ပါတယ်.. ခွင့်လွတ်ပေးပါ ဆိုတာမျိုးကိုတောင် တော်ရုံနဲ့ မပြောတတ်ကြပါဘူး..။ ပြသနာ ကို ကျေရာကျေကြောင်း အေးရာအေးကြောင်း အပြစ်လုပ်တဲ့ သူကဖြစ်ဖြစ်.. ကြားထဲက တစ်စုံတစ်ယောက်က ဖြန်ဖြေပေးတဲ့အနေနဲ့ အပြစ်ရှိတဲ့သူကို ခေါ်လာပြီး 'ကဲ..မင်းမှားတယ်..တောင်းပန်လိုက်ပါ.. မင်းကလည်း ပွေမယူပါနဲ့တော့ ခွင့်လွတ်ပေးလိုက်ပါ..' ဆိုပြီးပြောဆိုခဲ့ရင်လည်း မြန်မာလူမျိုးတွေက ခွင့်လွတ်တတ်တဲ့နေရာမှာလည်း နှစ်ယောက် မရှိဘူးဗျ..။

နိုင်ငံတကာမှာတော့ နိုင်ငံတွေရဲ့ သမ္မတတွေ ၀န်ကြီးချုပ်တွေ ထိပ်ပိုင်းတာဝန်ရှိသူတွေ အနေနဲ့ သူတို့အမှားမလုပ်သည့်တိုင် သူတို့နဲ့ ပတ်သက်တဲ့အစိုးရအဖွဲ့ဝင်တွေမှားတာမျိုးပဲဖြစ်ဖြစ်.. သဘာဝဘေးကြောင့် ပြည်သူတွေကိုဖြည့်ဆည်းပေးမှု လိုအပ်တာမျိုးပဲဖြစ်ဖြစ် ပြည်သူတွေကို
အမြဲတစေ ပြန်လည်တောင်းပန်လေ့ရှိကြပါတယ်..။ ကျနော်တို့ မြန်မာပြည်သူတွေဆိုတာကရော သမ္မတတို့ ၀န်ကြီးတို့ စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းပန်ခြင်း ခံရထိုက်တဲ့ ပြည်သူတွေ မဖြစ်လို့လား..?? အမှားအယွင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာ.. ခံခဲ့ရတဲ့ ပြည်သူတွေကို ဆိုင်ရာ အစိုးရတွေအနေ နဲ့ ပြန်လည်တောင်းပန်ပါတယ် ဆိုတာမျိုး ခံယူဖို့ မထိုက်တန်လောက်အောင် နုံချာလွန်း နိမ့်ကျလွန်း အောက်တန်းကျလွန်း တဲ့ မြန်မာပြည်သူတွေမို့လား...?? ဒါမှမဟုတ် အစိုးရဆိုတာ အခွင့်ထူးခံမို့ ပြည်သူကို အောက်ကျို့စရာ မလိုဘူး..တောင်းပန်ဖို့ မလိုဘူးလို့ ထင်ကြလို့လား..??

အခု လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်း မှုကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်နေကြတဲ့ သံဃာတော်များ ရဲ့ တောင်းဆိုချက် တစ်ခုဟာ သမ္မတဦးသိန်းစိန် အနေနဲ့ ဒဏ်ရာရ သံဃာတော်များ နဲ့ ပြည်သူတွေကို ပြန်လည်တောင်းပန်စေချင်တာဟာ တစ်ခုအပါအ၀င်ဖြစ်နေပါတယ်..။ ကော်မရှင်ဖွဲ့ပေးတာဟာ ဖွဲ့ပေးတာပေါ့..။ ကိုယ့်တာဝန်ယူထားတဲ့ နိုင်ငံရဲ့ တာဝန်ရှိသူတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကို တာဝန်ခံတဲ့အနေနဲ့ ကိုယ်မလုပ်ခဲ့ပါဘူး.. အမိန့်မပေးခဲ့ပါဘူး..လို့ပဲထားပါဦး..။ နိုင်ငံရဲ့ ခေါင်းဆောင် သမ္မတ အနေနဲ့ ဖြစ်ပျက်ခဲ့သမျှအတွက် ၀မ်းနည်းပါတယ်..။ တောင်းပန်ပါတယ်..။ ခွင့်လွတ်ပေးပါ..။ စုံစမ်းရေးကော်မရှင်ရဲ့ အဖြေကိုရတာနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ပေးပါ့မယ် လို့ ပြောလိုက်..တောင်းပန်လိုက်ရင်.. မကောင်းဘူးလားဗျာ..။ ဘာများခက်ခဲလို့လဲ..။ ဒီလိုလုပ်လိုက်လို့ သမ္မတကြီး ကနေ သမ္မတလေး ဖြစ်သွားမှာမှ မဟုတ်ပဲဗျာ..။

အခြားနိုင်ငံတွေကိုသွားပြီး မျက်နှာချိုသွေးပြီး မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြုပ်နှံကြပါ.. မြန်မာနိုင်ငံမှာ သယံဇာတတွေရှိပေမယ့် အရင်းအနှီးနဲ့ နည်းပညာတွေ မရှိလို့ပါ..ဆိုတဲ့ အောက်ကျို့ပြီး ပြောပြောနေရတာ သမ္မတကြီးသွားတဲ့ နိုင်ငံတိုင်း ခရီးစဉ်တွေတိုင်းမှာ တွေ့နေရပါတယ်..။ အကြွေးတွေ လျှော် ပစ်ပေးဖို့လဲ ရှေ့မျက်နှာနောက် ထားပြီး အောက်ကျို့ပြီးပြောနေရတာပဲမဟုတ်လား..ဗျာ..။ ကိုယ့်ပြည်သူ ကို အောက်ကျို့ပြီးတောင်းပန်လိုက်တော့ ဘာများဖြစ်သွားမှာလဲဗျာ..။ ပြသနာတွေ ပိုပြီးမကြီးစေချင်လို့ပါ..ဗျာ...။

Ko nay myo Facebook

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>