Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်

$
0
0

 (ပြန်လည်လွတ်မြောက်လာသူတချို့ကို ၈၈မျိုးဆက် ရုံးခန်းမှာ တွေ့ရစဉ် - Photo: Ant Bwe Kyaw)

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တ
ရားရုံး အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကို ဒီနေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သူတို့အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

သူတို့ကို ကိုယ်တိုင်ခံဝန်ချက်နဲ့ ကျပ်ငွေ ၁၀ သိန်းစီ အာမခံပေး လွှတ်လိုက်တာဖြစ်ပေမယ့် သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ အမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ သွားပြီး ကိုယ်တိုင် အာမခံချက်နဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုဃ်းသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးကိုလည်း အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
Dvb

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>