Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာပြည်မှ အင်မတန်ထူးဆန်းနေတဲ့  (၁ဝ)ချက်အကြောင်း..

$
0
0
အဲဒီ (၁၀) ချက်က မြန်မာ နိုင်ငံမှာပဲ ရှိတာပါ ...

၁။ အုပ်ချုပ်ရေး အကြီးဆုံး ရာထူးရှိတဲ့ သမ္မတက စစ်မတိုက်ဖို့ ပြောထားသော်လည်း စစ်ပွဲများမှာ ထူးဆန်းစွာ ဆက်ဖြစ်နေခြင်း

၂။ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီမှာ ဒေါ်လာ သန်းပေါင်း ထောင်ချီသော လုပ်ငန်းများ မြောက်များစွာကို ပိုင်ဆိုင် လုပ်ကိုင်နေသော်လည်း ထူးဆန်းစွာဖြင့် .. အောက်ခြေ စစ်သားများ ဝင်ငွေ မလောက်င သဖြင့် နည်းမျိုးစုံဖြင့် ဝမ်းရေး ဖြေရှင်းနေရခြင်း

၃။ မြန်မာနိုင်ငံသားတိုင်းတွင် မိဘ (၄) ပါး ထူးဆန်းစွာ ရှိနေခြင်း။ မွေးမိဘ နှစ်ပါး၊ စစ်တပ်က မိဘ တစ်ပါး၊ အစိုးရက မိဘ တစ်ပါးဟူ၍ ထူးဆန်းစွာ မိဘလေးပါး ရှိနေခြင်း

၎။ အဆိုပါ မိဘ ၄ ပါးထဲမှ .. အစိုးရနှင့် စစ်တပ်ဆိုသော မိဘ နှစ်ပါးမှာ .. ထူးဆန်းစွာဖြင့် အနန္တော အနန္တ (၅) ပါးထက် ပို၍ မြင့်မြတ်နေခြင်း (ဥပမာ ... သံဃာတော်များကို ဆုံးမပိုင်ခွင့် ရှိခြင်းကို ကြည့်လျှင် သိနိုင်သည်။)

၅။ လယ်ယာမြေများသည် ထူးဆန်းစွာဖြင့် စစ်တပ်ပိုင်မြေများ ဖြစ်သွားပြီး ... ထူးဆန်းစွာပင် .. မူရင်း လယ်ပိုင်ရှင်များက ထွန်ယက်စိုက်ပျိုးရပြီး .. စစ်တပ်ကို လယ်ငှားခ ပေးနေရခြင်း

၆။ စစ်တပ် အကြီးအကဲများအားလုံးသည် မိမိတို့ တရားဝင် လစာ၊ ခံစားခွင့်နှင့် ဝင်ငွေထက် ပိုသော ငွေကြေးများ ရှိနေကြပြီး .. ထူးဆန်းစွာ ချမ်းသာနေကြခြင်း

၇။ ဝန်ကြီးဌာနများမှာ သိန်းပေါင်း ထောင်သောင်းချီသော ငွေကြေး အလွဲသုံးစားမှုများ ရှိသည်ဟု တရားဝင်ကြေငြာထားသော်လည်း အဆိုပါ ငွေကြေး အလွဲသုံးစား လုပ်သူများမှာ ကိုယ်ပျောက် ဝိဇ္ဇာများဖြစ်နေကြသဖြင့် ထူးဆန်းစွာပင် တရားခံကို ရှာဖွေ မတွေ့နိုင်ခြင်း

၈။ လွန်ခဲ့သည့် ရက်ပိုင်းကမှ ဖြစ်ခဲ့သော သံဃာတွေကို အကြမ်းဖက် ဖြိုခွင်းရန် အမိန့်ပေးသူသည်လည်း ကိုယ်ပျောက်ဝိဇ္ဇာ တစ်ယောက် ဖြစ်နေသဖြင့် ထူးဆန်းစွာ ရှာဖွေ မတွေ့ရှိနိုင်ခြင်း

၉။ မြန်မာပြည်တွင် အင်မတန် ကောင်းမွန်သော ပညာရေး စနစ်ကို အနှစ် ၂၀ ကျော် နေ့မအား၊ ညမနား တည်တောင်ခဲ့ကြသော်လည်း .. တည်ထောင်သူ ဗိုလ်ချုပ်ကြီးများ၏ သား သမီး၊ မြေးမြစ်များမှာ ထူးဆန်းစွာပင် အနစ်နာခံ၍ ပြည်ပတွင် သွားရောက် ပညာ သင်ယူနေကြခြင်း

၁၀။ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း နိုင်ငံတကာ အဆင့်မှီ ဆေးရုံကြီးများနှင့် နိုင်ငံတော်၏ ထောက်ပံ့မှု အပြည့်အဝရှိသော်လည်း စစ်ဗိုလ်ကြီးများ နေမကောင်းဖြစ်လျှင် .. ထူးဆန်းစွာပင် နိုင်ငံခြား တိုင်းပြည်များတွင် ဆေးကုသမှု ခံယူနေကြ့ခင်း


____________________________________
Reference and Credit to -မိုင် ဘလောက်ဂါ

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ