Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်ဘောလုံးကွင်း ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်

$
0
0




"ယခုအချိန်မှာဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အလိုအပ်ဆုံးက ဘာလဲဆိုတော့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ပါပဲ။ တချို့က မေးကြတယ်။ ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းလဲမလဲ။ ကျွန်မပြောချင်တာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်က ဘယ်တော့ပြောင်းမလဲ၊ ကိုယ့်စိတ်တွေကို ဘယ်တော့ပြောင်းမလဲ၊ ကိုယ်က နိုင်ငံရဲ့ တာဝန်တွေကို ဘယ်တော့ထမ်းဆောင်မယ်ဆိုတဲ့စိတ် ဘယ်တော့မွေးမယ်အပေါ်မှာ မူတည်ပြီး ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းမလဲဆိုတာ အဖြေပေါ်မှာပါ"

"နိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ နိုးနိုးကြားကြားရှိရမယ်။ ဘယ်သူတွေက ဘာလုပ်နေလဲ၊ ဘာအတွက်လုပ်နေလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်နေလဲ၊ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာ စဉ်းစားရပါမယ်။ လူများတွေ ပြောတာကို လွယ်လွယ်နဲ့ မယုံနဲ့။ကျွန်မပြောတာလည်းလွယ်လွယ်နဲ့မယုံပါနဲ့။ ပြောတာတွေကို သေသေချာချာစဉ်းစားပါ။ လက်တွေ့ကျလား၊ မကျဘူးလားဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်ပါ"

"ကျွန်မတို့ နိုင်ငံတကယ်ဂုဏ်ရှိဖို့ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ သီလ၊ သမာဓိ၊ ပညာပေါ်မှာ မူတည်တယ်။ ပြင်ပကလာမယ့် အထောက်အကူတွေပေါ်မှာ မူတည်တာမဟုတ်ဘူးဆိုတာ ကျွန်မ သေသေချာချာပြောချင်ပါတယ်။ ပြင်ပကတော့ အထောက်အကူတွေပေးချင်တယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးဘက်ကို သွားနေတယ်ဆိုပြီးတော့ အင်မတန်မှ ကျွန်မတို့နိုင်ငံပေးမှာ သဒ္ဓါပွားနေကြတယ်။ သို့သော် ကျွန်မတို့ နိုင်ငံဟာ သွားသင့်တဲ့လမ်းကိုမသွားလို့ရှိရင် သဒ္ဓါစိတ်တွေဟာလည်း ပျောက်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ခြင်းအားဖြင့် ကျွန်မတို့ဟာ အများရဲ့ ထောက်ခံမှုလည်းရမယ်။ အကူအညီလည်းရမယ်။ လူမစွမ်း နတ်မတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်မတို့ ပြည်သူတွေဟာ လူအများချစ်အောင်လို့၊ လူအများလေးစားအောင်လို့ နေမှ ရေရှည်အကူအညီတွေကိုရမှာပါ။ တကယ်မသိသေးရင်တော့ပေးမှာပေါ့။ တကယ်လို့ ဒီတိုင်းပြည်ဟာ ပေးရကျိုး မနပ်ဘူး၊ မပေးသင့်ဘူးဆိုရင် ဆက်ပေးမှာ မဟုတ်ဘူး"

Photo..ခွန်ဒီးယမ်

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>