Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြောက်ပိုင်းတိုင်းမှူး၏ ရာဇသံ KIA ကန့်ကွက်

$
0
0

Photo..Brang Tawng
အစိုးရ၏ မြောက်ပိုင်းတိုင်း တိုင်းမှုးသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA အား၎င်းတို့၏ လိုင်ဇာစစ်ဆင်ရေး လမ်းကြောင်းပေါ်၌ ရှိနေသော KIA တပ်များ လမ်းကြောင်းမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးလိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ တိုင်းမှူး ထွန်းထွန်းနောင်ပေါ့။ သူက (၂၅) ရက်နေ့၊ နက်ဖြန် နောက်ဆုံးထားပြီး သူတို့စစ်ဆင်တဲ့ လမ်းကြောင်းကနေ KIA တပ်တွေ ဆုတ်ပေးဖို့ ဆိုတဲ့ စာတစောင်ကို ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) တွေ ကနေတဆင့်ပေါ့ဗျာ (၂၃) ရက်နေ့ နေ့စွဲနဲ့ရောက်လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်ပေါ့လေ သူတို့ဘက်ကတော့ ဒီပြဿနာကို ဆွေး နွေးညှိနှိုင်းပြီး အဖြေရှာ လိုတဲ့ ဆန္ဒမရှိဘူးဆိုတာဘူးပေါ်သလို ပေါ်သွားတာပေါ့” ဟု ဆိုပါသည်။

ဤစာအရ အစိုးရမှလိုင်ဇာဌာနချုပ်ကို အဆုံးသတ်စစ်ဆင်ရေး စတင်တော့မည့် ရာဇသံဟု KIA ဖက်မှ
ယူဆပါသည်။ သို့ သော် ရာဇသံအတိုင်း KIA မှဆုတ်ခွာပေးမည် မဟုတ်သလို KIA သည်လည်း ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဆိုပါသည်။ ထို့အပြင် တိုင်းမှူး၏ရာဇသံကိုလည်း ပြန်စာတစောင် ပြန်လည်ပေးအပ်ခဲ့သည်ဟု ဦးလာနန်းက ဆိုပါသည်။

“ ကျနော်တို့ဘက်ကလည်း ဗဟိုတဝိုက်မှာဘဲ တိုက်ပွဲဆင်နေတော့မှာ မဟုတ်တော့ပါဘူး။ မလွှဲမရှောင်သာ နေရာအနှံ မှာ တိုက်ပွဲတွေ ဖော်ဆောင်ပေးရတော့မှာပါ။” ဟုဆိုပါသည်။

အကြောင်းပြန်စာကို ဦးအောင်မင်းထံ ပေးပို့ခဲ့ပါသည်။ ၄င်းစာထဲတွင် KIO အဖွဲ့နှင့် မြန်မာနိုင်ငံအစိုးရတို့သည် ဖြစ်ရှိနေ သော ပြဿနာကို ညှိနှိုင်းဖြေရှင်းသည့် လမ်းကြောင်းအတိုင်း ညှိနှိုင်းနေသည့်အချိန်တွင် မြောက်ပိုင်းတိုင်းမှူးမှ ယခုကဲ့ သို့ ရာဇသံမျိုး ပေးလိုက်ခြင်း ကိစ္စအပေါ် KIO အဖွဲ့ မှကန့်ကွက်ကြောင်း ရေးထားသောစာဖြစ်ပါသည်။ ဤစာကို ယနေ့ မ နက် ပိုင်း၌ PCG မှတဆင့် ပြန်လည်ပို့ပေးခဲ့သည်ဟု ဆိုပါသည်။

“နကိုယ်ကတည်းက သူတို့ အဲဒီအစီအစဉ် ရှိပြီးသားပါ ။ အခုကျမှ သူတို့ တိုင်းမှူးက တရားဝင်အနေနဲ့ ရာဇသံပေးတဲ့ သ ဘောပေါ့ဗျာ။ စာကတော့ ၂၃ ရက်နေ့စွဲနဲ့ သူလက်မှတ်ရေးထိုး ထားတယ်။ ဒါပေမဲ့ စာကတော့ ဒီနေ့မနက်ကျမှ PCG အ ကျိုးဆောင်တွေကတဆင့် ရတယ်။” ဟုဦးလာနန်းက ဆိုပါသည်။

သို့သော် အစိုးရစစ်ဆင်ရေးများသည် ယနေ့မနက်ပိုင်းတွင်လည်း မြစ်ကြီးနားလိုင်ဇာ လမ်းကြောင်းမှ ဂန်တောင်ယန်ဒေသ တဝိုက်နှင့် မလိဒေသတဝိုက်၌ ထပ်မံစစ်ဆင်လာခဲ့ပြန်ပါသည်။ ထိုးစစ်နှင့်အတူ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လည်းပစ်ခတ်ခဲ့ပြီး ၄င်းရဟတ်ယာဉ်သည် မြစ်ကြီးနားမြို့ကို ဓါတ်အားပေးနေသော မလိရေအားလျှပ်စစ်၏ ပါဝါတိုင်တစ်ခု ကိုပါ ပစ်ခတ်ဖျက်ဆီးခဲ့ပါသည်။ ဤသို့ကြောင့် ယနေ့နေ့လည်ပိုင်းမှစပြီး မြစ်ကြီးနား ဓါတ်အားလိုင်းမှာ ပြတ်တောက်ခဲ့ပါ သည်။

အစိုးရစစ်ကူများသည်လည်း အင်အားဖြည့်တင်းထားပြီး သတ်မှတ်နေရာအရောက် စစ်ဆင်တော့မည်ဟု KIA ဖက်က တွက်ဆထားပါသည်။ အစိုးရသည် အင်အားအလုံရင်းဖြင့် စစ်ဆင်ခြင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်း၊ လေယာဉ်များနှင့် ပစ်ကူပေးခြင်း ဖြင့်ပိုမိုပြင်းထန်သော တိုက်ပွဲများဆင်နွဲမည့် နည်းလမ်းကို အသုံးပြုမည် ဟု KIA တွက် ဆနေပါသည်။

ပြင်းထန်သော စစ်ဆင်ရေးကိုမူ ရာဇသံပေးထားသည့်ရက် အတိုင်း (၂၅) ရက်နေ့ ကျော်လွန်ပါက လိုင်ဇာဗဟိုဌာနှချုပ်စစ် ဆင်ရေးကြီး စတင်ထိုးစစ်ဆင်တော့မည်ဖြစ်သည်။ သို့သော် KIAသည် ၄င်းစစ်ဆင်ရေးကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီးဖြစ် ပါသည်။

ထို့အပြင် အစိုးရသည်၊ KIA အားစစ်ဆင်ရေးအပြင် ဗကသမှတဆင့် တပြည်လုံးသပိတ်မှောက်ရန် ပြင်ဆင်ထားခြင်း၊ ၄င်း တို့၏လွှတ်တော် နှစ်ရပ်ကို အသုံးချပြီး KIA အားရှုတ်ချခြင်း၊ ၀ါဒဖြန့်ချီရန် မီဒီယာများကို ပြင်ဆင်ထားခြင်းနှင့် စစ်ကူများ တိုးတက်ပို့ပေးခြင်းဖြင့် အပြုတ်တိုက်ရန် စီစဉ်ထားသည်ဟု KIA မှ တွက်ချက်ထားပြီး ဖြစ်ပါသည်။

KIA သည်လည်း နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ဦးအောင်မင်းတို့၏ အစီစဉ်ဖြင့် ညှိနှိုင်းနေချိန်တွင် တိုင်းမှူး၏ ရာဇသံ ကိုကန့်ကွက်ထားပါသည်။ သို့သော်လည်း အစိုးရ၏ စစ်ဆင်ရေးများကိုလည်း တန်ပြန်ပစ်မှတ်မပေးဘဲ ပြန်လည်တိုက်ခိုက် ရန် ပြင်ဆင်ထားသည်ဟု သိရပါသည်။

ရွှေဟင်္သာသတင်း

Viewing all articles
Browse latest Browse all 32865