Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အဆိုးထဲက အကောင်း ရှာရအောင် ( မှ -မင်္ဂလာတောင်ညွန့်မြို့နယ် ပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်စဉ်)

$
0
0
Conplast RP 264 လို့ခေါ်ပါတယ်,FOSROC ကထုတ်ကုန်တမျိုးပါ။ ( ဓါတ်ပုံ - မြန်မာတိုင်း)ကွန်ကရစ်ဖျော် ရင် အလွယ်တကူချောက်သွေ့မသွားအောင် ရေငွေ့ထိန်းတဲ့ ရောစပ်ဓါတုအရည်တစ်မျိုးပါ။ ရေအခြေခံပစ္စည်းတမျိုးဖြစ်လို့ မီးမလောင်နိုင်ဘူးလို့ ဆိုပါတယ်။ဒါကြောင့်ထင်ပါရဲ့ သူအနားမှာ အေးအေးဆေးဆေး နေနိုင်တာ။ အောက်ပါလင့်မှာကြည့်ပါ။ http://www.scl.co.tt/Assets/conplast%20rp264.pdf

၁။ ဒါပေမယ့် FOSROC (SCL) ကမ်ပဏီ ဟာအထူး ဓါတုပစ္စည်းများထုတ်လုပ်တယ်ဆိုတာ မီဒီယာသမားများ မမေ့ပါနဲ့ ။ အက်စစ် ယမ်းစိမ်း တို့နဲ့ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်လောက်နဲ့ မတင်းတိမ်ပါနဲ့။ ဒီပစည်းတွေဟာ ဘယ်မှာသုံးသလဲ၊ ဘယ်အတွက်သုံးသလဲ၊ ပုံမှန် ပမာဏ ဘယ်လောက်သုံးလဲ၊ ပုံမှန်လှောင်နေကျ ပမာဏာလား၊ ဘယ်လောက်ပမာဏက ဒီပေါက်ကွဲမှုကိုဖြစ်စေသလဲ၊ ဘယ်နိုင်ငံကလာပြီး မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေကို ရောက်ရှိလဲ၊ ဆိုတာကို ဒီအဖြစ်အပျက်ဟာ စတုထ္တမဏ္ဍိုင် media သမားတွေအတွက်လုံးဝ ပေါ့စလို့မရပါဘူး။

၂။ နောက်တဆင့်တက် ရအောင်။ ဒီလောက်အန္တရာယ် များတဲ့ ပစ္စည်းတွေရဲ့ ထိမ်းသိန်းမှုက ဒီလောက်ညံ့ နေရင် မသမာသူလက်ထဲသာ ရောက်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။မေးခွန်းက ကြီးကြီးထုတ်စရာပါ။ ဒီ ပစ္စည်းများအတွက် တင်သွင်းခြင်းနဲ့ ထိမ်းသိန်းခြင်း နဲ့ ဖြန့်ဖြူးခြင်းမှာ ပြည်သူများရဲ့ အသက်အိုးအိမ်အတွက် လွှတ်တော်မှာ ဥပဒေပြုနိုင်ဘို့ မီဒီယာ တွေဟာ (မီဒီယာ တွေသာမက grass-root လူထုပါ) အခြားသော မဏ္ဍိုင်သုံးခု ကို တိုက်တွန်းရေးသား ရပါမယ်။ ဒါမှသာ အနာဂတ်အတွက် ငါတို့ဟာ ဒီလို့ ခြောက်လှန့်မှုကင်းကင်းနဲ့ နေထိုင်သွားနိုင်မှာပါ။

ဆက်စပ် link များ
http://www.scl.co.tt/
http://en.wikipedia.org/wiki/Fire_safety_plan
http://www.communities.gov.uk/fire/firesafety/firesafetylaw/
http://www.nfpa.org/
http://www.femalifesafety.org/plan.html (ခြေလှမ်းခုနှစ်လှမ်း)

အဆိုးထဲက အကောင်း ရှာရအောင် -၂- ( မှ -မင်္ဂလာတောင်ညွန့်မြို့နယ် ပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်စဉ်။ အောက်မှာ ဆက်လက်ဖတ်ရူပါ..
၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ပေါ့စမှု ဈေးကွက်စီးပွားရေးမပြီပြင်သေးမှု corruction ဖြစ်မှု အခွင့်ထူးခံများရှိနေမှု သတင်းအချက်အလက်အားနည်းမှု ဆိုင်ရာများပူးပေါင်းဆောင်ရွက်ခြင်း အားနည်းမှု စသည်စသည် တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသလိုမသေသင့်ဘဲ သေဆုံးသွားသူများ ရှိခဲ့ပါသည်။

***လောလောဆယ် အရေးအကြီးဆုံးအဖြစ် လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာ ထိုသို့သောပစ္စည်းများ မည်မျှ မည်သို့ မည်သည့်နေရာ တွေမှာ ရှိသလဲဆိုတာ ပြန်လည်စီစစ်သုံးသပ်ဘို့ နဲ့ စနစ်တကျပြန်လည် နေရာချထားရန် အရေးပေါ်လိုအပ်ပါမည်။

ရေရှည်ဆက်လက်အကောင်အထည် ဖော်ရာမှာ

၁။ အန္ဒရာယ်ရှိ ဓါတုပစ္စည်းများ အားခေတ်မှီစွာ ပြန်လည်သုံးသပ် သတ်မှတ်၍စာရင်းပြုပြဌာန်းရန် (database)။

၂။ code rule & regulation များအား စနစ်တကျပြဌာန်းပေးရန် နှင့် လိုက်နာဆောင်ရွက်နိုင်ရန်။

information gap မဖြစ်ရအောင် အများနားလည်နိုင်မယ့် သင်္ကတများဖြစ်သော Warning sign, moto, indicators တွေကို လိုက်နာအသုံးပြုနိုင်မယ့် ဥပဒေများပြဌာန်း ထုတ်ပြန်ပေးရန်။

၃။ ထိုသို့သော အန္ဒရာယ်များသောကုန်သွယ်ရေး ပစ္စည်းများအား ခေတ်မှီ၍ စနစ်ကျသော နည်းဥပဒေများပြဌာန်းသတ်မှတ်ရန်။

၎။ အားလုံးပူးပေါင်းဆောင်ရွက် နိုင်မှုနှင့် ဆုံးဖြတ်ချက်များ အကောင်ထည်ဖော်နိုင်ရန်။ ။

နိုင်ငံရဲ့မရှိမဖြစ်လုံခြုံရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ အစည်းများ အနေနဲ့ ပညာရှင်များ (chemist, architect, engineer, မီးသတ်, ပြည်ထဲရေး) လူထုအဖွဲ့အစည်းများ မီဒီယာများစသည်တို့ပါဝင်နိုင်သော အလုပ်ရုံ workshop များပြုလုပ်ပေးပြီး အနေဝေးရင် သွေအေးမှာဆိုးတဲ့ အတွက် လာမယ့်လွှတ်တော် အစည်းအဝေး၌ ဥပဒေမူကြမ်းတင်သွင်း အတည်ပြုနိုင်ရန် target ထားဘို့ လှုပ်နှိုးလိုက်ရပါတယ်။ ။

(ထိုသို့ဥပဒေပြုရာ၌ ပြစ်ဒဏ်များပေးခြင်းအပြင် မက်လုံးပေးဆွဲဆောင်နိုင်မှုများလည်း ပါဝင်သင့်တယ်)

-နောက်ဆက်တွဲသတင်းများနှင့်ပတ်သက်၍ မြေအောက်မှ အပူလှိုင်းများထွက်နေသော သတင်း မင်္ဂံလာတောင်ညွန့်၌ သုံးထပ်အဆောက်အဦးပြိုကျမှု သတင်းအရ ၎င်းဖြစ်စဉ် impact နှင့် ပတ်သက်၍ မည့်သို့ပတ်သက်ဆက်နွယ်နေသည်ကို မေးခွန်းထုတ်ရန်နှင့် ထိုတုန်ခါမှုဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော အန္ဒရာယ် ရှိအဆောက်အဦးများအား အရေးပေါ် စစ်စေးစီမံ မှုများလိုအပ်နေပြီး ရန်ကုန်မြို့အောက်မြေလွှာအား ပြန်လည်သုံးသပ်မှုများလည်း မဖြစ်မနေ လိုအပ်ပါမည်။ မြေအောက်ရေစီးကြောင်းများ။ အပူစီးကြောင်းများ။နှင့် အခြား စသည်။

မီးသတ်ဌာန နှင့်ပတ်သတ်၍

မီးသတ်သမားများ၏ အသက်ဘေးလုံခြုံရေးအတွက် လုံလောက်သော ပစ္စည်းကရိယာများ တပ်ဆင်ပေးနိုင်ရေး။နိုင်ငံတကာသို့ ပညာသင် လေ့လားရေးများ လုံလောက်စွာ စေလွှတ်ပေးနိုင်မှုလည်း လိုအပ်မယ်။အဆောက်အဦးများ၌ မီးဘေးလုံခြုံရေး နှင့်ပတ်သက်၍ rule & regulation များစံသတ်မှတ်၍ မဖြစ်မနေ တပ်ဆင်ထားနိုင်ရေး ။ -ဥပမာ ဖြတ်သန်းခွင့်မပြု၊ ဆေးလိပ်မသောက်ရဇုန်၊ ရေမဖြန်းရ(အဆောက်အဦးပေါ်၌ သိသာထင်ရှားစွာ ချိတ်စွဲထားရန်) နှင့် အခြား စသည်၊

ဆောက်လုပ်ရေး အိုးအိမ်ဌာန

သိုလှောင်ရုံအဆောက်အဦများ ဇုန်များ၊နေရာသတ်မှတ်ခြင်း အဆောက်အဦးအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း အန္ဒယ်ရာယ်ရှိသောအဆောက်အဦများအဖြစ် သိနိုင်ရန် သင်္ကေတဆိုင်းဘုတ်များတပ်ဆင် အသုံးပြုနိုင်ရေး အရေးပေါ်ထွက်ပေါက်များ ထားရှိနိုင်ရေး အရေးပေါ် မီးဘေးမှခိုလှုံနိုင်သော အခန်း လှေကားအိမ်များ ထည့်သွင်းဆောက်လုပ် နိုင်ရေး

မီးခံနံရံများ(firewall) အလိုအလျောက် မီးသတ်ရေပန်းများ(fire spinkler system) ထည့်သွင်းတည်ဆောက်ပေးနိုင်ရေး နှင့်၎င်းတို့အား အဆက်မပြတ် စစ်စေး အကောင်ထည်ဖော်ရန်

(လက်ရှိအချိန် မြန်မာနိုင်ငံ ထိုသို့လိုအပ်နေသောအဆောက်အဦးများများစွာရှိရာ ၎င်းတို့အားသေချာစိစစ်၍ မဖြစ်မနေ အကောင်ထည် ဖော်ရန် ဥပမာအနေဖြင့် အပန်းမကြီးသော မြေပုံ လမ်းညွှန်ဆိုင်းဘုတ် အရေးပေါ်ထွက်ပေါက် overhead indicator moto စသည် တို့အား အများပြည်သူနှင်သက်ဆိုင်သော မည်သည့်အဆောက်အဦးမဆို ဌာနဆိုင်ရာများပါမကျန် တပ်ဆင်ရန် ရေးပေါ်လိုအပ်မယ်)

ကုန်သွယ်ရေးဌာန

ထိုကဲ့သို့သော အန္ဒယ်ရာယ်များသော ဓါတုမစ္စည်းများအား တင်သွင်းခြင်း သိုလှောင်ခြင်း ဖြန့်ဖြူးခြင်း များကို စနစ်တကျသတ်မှတ်၍ ခေတ်နှင့်ညီသောအခွန်စနစ် နှင့်ဥပဒေများ ထုတ်ပြန်ပေးနိုင်ရေး

soe moe aung Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>