Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အရှင်သစ္စဏထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးမှထွက်ခွာ

$
0
0

လက်ပံတောင်းတောင် အရေးတွင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော အရှင်သစ္စဏသည် ထိုင်းနိုင်ငံတွင် ဆေးကုသရန် ယနေ့နေ့လည်
နှစ်နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ခွာသွားသည်။

"ဒီမှာကုတာထက် ပိုမိုကောင်းမွန်မယ်ထင်လို့ သွားရောက်ကုသခြင်းဖြစ်တယ်။ ဒဏ်ရာအခြေအနေမသက်သာလို့ သွားရောက် ကုသ တာ မဟုတ်ပါဘူး"ကို ဒဏ်ရာရသံဃာတော်များ စောင့်ရှောင့်နေသောဆရာတော်ဦးဝိမလက မိန့်ကြားခဲ့သည်။

ဆေးကုသရန်အတွက် နိုင်ငံတော်မှခွင့် ပြုပေးရုံသာမဟုတ်ပဲ၊ဆေးကုသမှုနှင့် ပက်သက်ပြီး အားလုံးတာဝန်ယူ မည်ဆိုသောကြောင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်မှ ကူညီမှုသည် စောစောပိုင်း အချိန်ကတည်းက စတင်သင့်ကြောင်းယခုလိုအချိန်ကြာမှ ကူညီသောကြောင့်
ရောဂါဝေဒနာ ပိုခံစားရပြီး၊ အနာများမှာ ပိုရင်းလာကြောင်းဒဏ်ရာရ သံဃာတော်များ စောင့်ရှောင့်ပေးနေသူ ကိုခိုင်နေမင်းက ပြောကြားသည်။

"နိုင်ငံတော်က ဘာကိုတာဝန်ယူမှာလဲ၊ ဘာကိုအာမခံချက်ပေးမှာလဲ ဆိုတာ စောစောထဲက ပြတ်သားသင့်တယ်။ အခုလို
အချိန်ကြာလာတော့ ဒဏ်ရာတွေပိုရင်းတယ်၊ ပိုခံစားရတယ်"ဟုကိုခိုင်နေမင်းက ပြောကြားသည်။

အရှင်သစ္စဏအပါအ၀င် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သော သံဃာတော်နှစ်ပါးရှိပြီဖြစ်သည်။

ဟိန်းကို(မြန်မာခေတ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>