Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

Air-Bagan လေယာဉ် ဟဲဟိုးမြို့တွင် အရေးပေါ်ဆင်းသက်ရာမှ ကျိုးပြတ်မီးလောင်

$
0
0
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံလေ ကြောင်းခရီးစဉ်W9-001 ၊ လေ ယာဉ်အမှတ်XY-AGC ၊ လေ ယာဉ်အမျိုးအစားF-100 သည် လေယာဉ် Capt. မောင်မောင် ထွေးပါ လေယာဉ်အမှုထမ်း(၆)ဦး၊ လေယာဉ်လုံခြုံရေး(၂)ဦးပေါင်း (၈)ဦးနှင့် နိုင်ငံခြားသား(၅၁)ဦး အပါအ၀င် ခရီးသည်(၆၃)ဦး၊ စုစုပေါင်း(၇၁)ဦး တင်ဆောင်၍ ထွက်ခွာခဲ့ရာ နံနက် ၀၈း၅၅ အချိန် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းအနီး အရေးပေါ် ဆင်းသက် ခဲ့ရသဖြင့် လေယာဉ် အမြီးပိုင်းကျိုး၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်ရှိ နိုင်ငံခြား သား(၅၁)ဦး အပါအ၀င် ခရီး သည်များအား ကယ်ထုတ်နိုင်ခဲ့ပြီး (၁)ဦးသေဆုံးကာ လေယာဉ်မှူး ဦးမောင်မောင်ထွေး၊ တွဲဖက်လေ ယာဉ်မှူး ကိုနေလင်းထွန်းနှင့် နိုင်ငံခြားသား(၄)ဦး အပါအ၀င် ခရီး သည်(၈)ဦး စုစုပေါင်း(၁၁)ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဟဲဟိုးဆေးရုံ နှင့် တောင်ကြီးစ၀်စံထွန်း ဆေးရုံ များသို့ ပို့ဆောင်ကုသလျက်ရှိပြီး ကျန်ခရီးသည်များကို အနီးရှိဘုန်း တော်ကြီးကျောင်းတွင် ခေတ္တပြုစု စောင့်ရှောက်ထားကြောင်းသိရသည်။ အရေးပေါ်ဆင်းသက်စဉ် မန္တလေး-တောင် ကြီးကတ္တရာလမ်း ပေါ်တွင် ဆိုင်ကယ်စီးနေသူ (၂) ဦး အားတိုက်မိပြီး (၁)ဦးသေဆုံး ၍(၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှသိရှိရသည်။

လေယာဉ်မ တော်တဆမှုတွင် သေဆုံးသွား သော ခရီးသည်မှာ ဧည့်လမ်းညွှန် ဖြစ်သူ
မနွဲ့လင်းရှိန် ဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်စီးနေစဉ် ထိခိုက်သေဆုံးသွားသူမှာ ဦးပြား ဆိုသူဖြစ်ကြောင်း သိရသည်။
လေယဉ်ပျက်ကျ စဉ် သေဆုံးသွားသော ခရီးသွားစကားပြန် မနွယ်လင်းရှိန် ပုံဖြစ်ပါတယ်

စ၀်စံထွန်းဆေးရုံသို့ ရောက် ရှိနေသော (၉)ဦးတွင် (၈)ဦးမှာ ဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း၊ ကျန်တစ်ဦးမှာလည်း ၎င်းင်း၏ ခရီး သွားဖော်အတွက် အဖော်လိုက် သွားခြင်းဖြစ်ကြောင်း သိရသည်။

အဲပုဂံလေကြောင်းလိုင်း အနေဖြင့် လိုအပ်သော တာဝန် ယူမှုအားလုံးကို တာဝန်ယူဖြေရှင်း ပေးမည်ဖြစ်ကြောင်း၊ အဲယားပုဂံ အနေဖြင့် ကျန်ရစ်သူမိသားစုများ နှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ကြောင်း ထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိသူများကို သယ် ဆောင်ရန် တောင်ကြီးမြို့သို့ သီး သန့်လေယာဉ်တစ်စီးကို အဲပုဂံက စေလွှတ်ခဲ့ကာ လေယာဉ်ဖြင့် ဆက်လက်သယ်ဆောင်မည်ဖြစ်ပြီးဒဏ်ရာရသူအပါအ၀င်ခရီးသည်အားလုံးကိုရန်ကုန်မြို့သို့ နေ့ချင်းပြီး ပြောင်းရွှေ့မည်ဖြစ် ကြောင်း သိရသည်။

ပထမအသုတ်အဖြစ် ခရီး သည် (၂၆)ဦးကို ရန်ကုန်မြို့သို့ သယ်ဆောင်ကာ ၀ိတိုရိယဆေးရုံ ကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်လျက်ရှိပြီးကျန်ရှိသောခရီးသည်များကိုရန်ကုန်သို့ နေ့ချင်းပြီး ပြောင်းရွှေ့ပေးမည်ဖြစ် ကြောင်း၊
နိုင်ငံခြားသား ခရီး သည်များကိုလည်း ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီး ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် အနားယူခွင့် ပေးကာ သက်ဆိုင်ရာသံရုံးများ နှင့် ချိတ်ဆက်ပြီး ပို့ဆောင်ပေး မည်ဖြစ်ကြောင်း၊ ကျန်ခရီးသည် များကိုလည်း သွားလိုရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ဒဏ်ရာရသူ ၁၁ဦးအပြင် အခြားခရီးသည်များကိုလည်း ၀ိတိုရိယဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခြင်းမှာ မတော် တဆမှုကြောင့် ပွန်းပဲ့ရှနာဖြစ်ခြင်း နှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စစ်ဆေး ပေးခြင်းဖြစ်ကြောင်းသိရသည်။
လေယာဉ်မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာmr. allan lokos (usa)၊ chojnic suanna weiss (usa)၊ ကိုစိုးမိုးသူ၊ms. mor evelyne (uk)၊ မတိုးတိုးခင်၊ မခင်အေးလှိုင်၊mr. hancaun lu (korean)၊ ကပ္ပတိန်မောင်မောင်ထွေး (လေ ယာဉ်မှူး)၊ ကိုနေလင်းထွန်း (တွဲ ဖက်လေယာဉ်မှူး)၊ ဦးမြင့်ထွေး၊mr. bodet Kgerard (uk)တို့ဖြစ်ကြောင်း သိရသည်။

အဲယားပုဂံ၏ ထုတ်ပြန်ချက် တွင် ဟဲဟိုးလေဆိပ်သို့ ဆင်း သက်စဉ် အရေးပေါ်ထွက်ပေါက် ပွင့်ထွက်သွားသဖြင့် လေဆိပ် အနီးရှိ မြက်ခင်းပြင်သို့ ထိုးဆင်း ခဲ့ရကြောင်း လေယာဉ်ဝန်ထမ်း များကခရီးသည်များကို ဘေး ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း လေယာဉ်မှာ မြက်ခင်းထဲအ ရောက် မီးလောင်ခဲ့သဖြင့် ခရီး သည် ၈ဦး ဒဏ်ရာရသော ကြောင့် စ၀်စံထွန်းဆေးရုံ သို့ ပို့ဆောင်ကုသခဲ့ကြောင်းဖော် ပြထားသည်။ လေယာဉ်မတော် တဆဖြစ်မှုအပေါ် စုံစမ်းစစ်ဆေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

Hot news weekly သတင်းဂျာနယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>