Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျေးဇူးဆပ်သည့်ပွဲ (သို့) ၁၂ နှစ်ပြည့်နှစ်ပတ်လည်ပွဲ

$
0
0

၁.၁.၂၀၀၁ ရက်နေ့မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သော နာရေးညီမှုအသင်း(ရန်ကုန်) တည်ထောင် ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် (အင်္ဂါနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နံနက် (၉း၀၀) နာရီအချိန်မှ စတင်၍ မျက်စိခွဲစိတ်ခန်း၌ မျက်စိခွဲစိတ်ပြီး မျက်စိဝေဒနာရှင်တို့အား စက္ခုအလင်း ပြန်လည်မြင်နိုင်ရန်အတွက် ခွဲစိတ်ထားသော လူနာများ၏ မျက်လုံးအား ဖုံးအုပ်ထားသော ဂွမ်းပတ်တီး ဖြည်ပေးခြင်းဖြင့် (၁၂) နှစ်ပြည့် အခမ်းအနားအား ထူးခြားစွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အများနည်းတူ အခမ်းအနားဖွင့်လှစ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့လှစ်ခြင်း၊ ပူဖေါင်းလွှတ်၍ ဖွင့်လှစ်ခြင်းတို့ဖြင့် ဖွင့်လှစ်သော အခမ်းအနားမျိုးမဟုတ်သည်ကား ….ပထမထူးခြားချက်။

နံနက် (၉း၀၀) နာရီအချိန်တွင် အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် သုခကုသိုလ်ဖြစ်ဆေး ခန်းများ၏ (အခမဲ့) ကုသပေးမှုပြခန်းများ၊ သုအလင်း စာကြည့်တိုက်နှင့် ပညာရေးလှုပ်ရှားမှုပြခန်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့အပြင် အများပြည်သူတို့ မေ့လျောါနေကြသော အနိစ္စတရားကို အသိသတိရှိနေစေရန်နှင့် ကုလိုလ်ကောင်းမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်
သတိပေးလိုက် သော “အနိစ္စတရားထံသို့ အလည်အပတ်သွားခြင်း” ပြခန်းသည်ကား ….ဒုတိယထူးခြားချက်။

မွန်းလွဲပိုင်း (၁း၀၀) နာရီအချိန်တွင် လူမှုရေးဂီတသူရဲကောင်းများ၏ ဖျော်ဖြေမှုများနှင့် မြန်မာပြည် တွင် တစ်ကြိမ်တခါမှမပြုလုပ်ဖူးသော “လူမှုရေးအော်စကာ” ဆုချီးမြှင့်ခြင်း အခမ်းအနားအား တတိယ ထူးခြားချက်အနေဖြင့် ပါဝင်မည်ဖြစ်သည်။

စတုတ္ထထူးခြားချက်မှာ လူမှုရေးသမားများ၏ လူမှုသံချပ် ဖျော်ဖြေဖြင်းဖြစ်သည်။ လူမှုသံချပ်ဖျော်ဖြေမှုတွင် နာရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပက်သက်သော သံချပ်ပညာရှင်ကြီးများ၏ သံချပ်စကားလုံး၊ သံချပ်ထိုးစစ်၊ သံချပ်တိုက်စစ်တို့ဖြင့် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့၏ နှလုံးသားကို ထိုးဆွမည့်ကဏ္ဍတစ်ခု ဖြစ်သည့်အပြင် ကမ္ဘာတလွှား ခေတ်စားနေသော (psy) ဂန်းနမ်း စတိုင်သီချင်းအား “နာရေးစတိုင်” ဟူ၍ လူမှုရေးသမားတို့မှ အများပြည်သူတို့အား အကျိုးရှိစေမည့် အသိ တရားရရှိစေမည့် စာသားများဖြင့် ဖော်ကျူးသီကုံးထားသည့် ပျော်ရွှင်မြူးထူးစွာ ကပြ ဖျော်ဖြေကြမည်ဖြစ်သည်။

ပဉ္စမထူးခြားချက်မှာ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ၏ ဂုဏ်ပုဒ်အားဖော်ထုတ်ပြီး “ဘယ်သူလဲ” အမည်နာမဖြင့် ဘဘ ဦးသုခရေးသားခဲ့သည့် ဝတ္ထုတိုတစ်ပုဒ်အား အနုပညာရှင်များနှင့် လူမှုရေးသမားများ လက်တွဲပူးပေါင်းကာ ဘဘ ဦးသုခ အား ကျေးဇူးဆပ်မည့် ပြဇာတ်တစ်ပုဒ်လည်းဖြစ်သည်။

ယင်း (၁၂) နှစ်ပြည့်အခမ်းအနားအား မြတ်ဗုဒ္ဓဟောကြားထားခဲ့သော ဗြဟ္မစိုရ်တရား လက်ကိုင်ပြု၍ ပေးဆပ်နေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ မြတ်ဗုဒ္ဓအား ကျေးဇူးဆပ်သည့်ပွဲဖြစ်သည့်အပြင် ကျေးဇူးရှင် ဘဘ ဦးသုခအားလည်း ကျေးဇူးဆပ်သည့်ပွဲ ဖြစ်သလို အများပြည်သူတို့အား ကူညီဖေးမမှုများပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသော မိဘ ပြည်သူ အလှူရှင်အပေါင်းတို့အားလည်း ကျေးဇူးဆပ်သော ပွဲကြီးတစ်ခုဖြစ်ပေသည်။
ထို့ကြောင့် ထူးခြားချက် (၅) ချက်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးသမားများနှင့် အနုပညာရှင်တို့ ပူပေါင်းတင်ဆက်မည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းတည်ထောင်ခြင်း (၁၂) နှစ်ပြည့် အခမ်းအနားအား နှစ်သစ်ကူး အချိန်အခါသမယ၌ နှစ်သစ်ကိုမင်္ဂလာရှိစွာ ကြိုဆိုကြပါရန် လေးစားစွာဖြင့် အများပြည်သူတို့်အား လေးစားစွာဖိတ်ကြားအပ်ပါသည

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>