Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မျှော်လင့်ချက်မြင့်မားသော ၂၀၁၂ မှ အလှုပ်အယမ်းများမည့် ၂၀၁၃ သို့ ..

$
0
0

မြန်မာပြည် ပြုပြင်ပြောင်းလဲရေးက သာမန်ပြည်သူတွေဆီကို အကျိုးသက်ရောက်မှု မရှိ သလောက်ပါပဲ၊ ဒါပေမယ့် အများစုဆီမှာ မျော်လင့်ချက်တွေ မို့မောက်နေသလောက် ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဖို့ ၀န်မလေးကြတော့ပါဘူး။ လက်ပံတောင်းတောင် အရေးအခင်းကို ကြည့်လိုက်ရင်၂၀၁၂ ခုနှစ်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်နဲ့ အပြောင်းအလဲတွေရဲ့ နှစ်တနှစ်လို့ဆိုနိုင်သလို၊လာမယ့်၂၀၁၃ခုနှစ်ကတော့ဆန္ဒပြမှုတွေနဲ့အစိုးရရဲ့ နှိမ်နင်းမှုတွေ ပေါ်ပေါက်မယ့် နှစ်တနှစ်ဖြစ်လာဖို့ ရှိနေပါတယ်။

လက်ပံတောင်းတောင် ကြေးနီမိုင်းဟာ ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့်ကနေ၊ နိုင်ငံတကာ အဆင့် အထိ အကျိုးစီးပွားတွေနဲ့ နစ်နာချက်တွေရဲ့ ဆုံဆည်းရာဖြစ်နေပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ ဆိုင်တဲ့ အကျိုးစီးပွားနဲ့ နစ်နာချက်တွေရဲ့ ဆုံချက်လည်း ဖြစ်နေပါတယ်၊ မြန်မာဝမ်ပေါင် (Myanmar Wanbao)ဆိုတာက China North Industries Corp ရဲ့ လုပ်ငန်းခွဲတခုဖြစ်ပါတယ်။ China North Industries Corpဆိုတာကလက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့ တရုတ်ကုမ္မဏီပါပဲ ၊ ကြေးနီစီမံကိန်းမှာမြန်မာဝမ်ပေါင်က မြန်မာပြည်က အကြီးအဆုံး လုပ်ငန်းဖြစ်တဲ့
စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်နဲ့ပေါင်ပြီး လုပ်ကိုင်နေပါတယ်။ ရွာသားတွေကတော့ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ တည်ရှိတဲ့ အဲဒီ လက်ပံတောင်း စီမံကိန်းမှာ ဒေသခံတွေရဲ့ မြေဧက ထောင်ချီပြီးအသိမ်းခံထားရတယ်လို့ ဆိုကြပါတယ်။ သံဃာတော်တွေကလည်း စီမံကိန်းကြောင့် ၁၉၂၃ ခုနှစ်မှာ ပျံလွန်တော်မူတဲ့ ထင်ရှားတဲ့ (လယ်တီဆရာတော်ဘုရားကြီး) သီတင်းသုံးတော်မူခဲ့တဲ့ အထွတ်အမြတ် တောင်ကုန်း လည်း ပျက်စီးသွားတယ်လို့ ဆိုကြပါတယ်၊

ဒါပေမယ့် လက်ပံတောင်းတောင်စီမံကိန်းကို လနဲ့ ချီပြီး ဆန္ဒပြတာတွေကတော့ အာရုံ မတက်ခင် တမနက်မှာ အဆုံးသတ်ပါတယ်။ ဆန္ဒပြပွဲကို အစိုးရရဲ့ နှိမ်နင်းပုံကတော့ ၂၀၀၇ သံဃာတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က နှိမ်နင်းခဲ့တဲ့ ပုံစံနဲ့ ဆင်တူပါတယ်၊ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိသမတ ဦးသိန်းစိန်ဆိုတာကလည်း အငြိမ်းစား
ယူသွားတဲ့ အာဏာရှင် ဗိုလ်ချုပ်သန်းရွှေရဲ့ သစ္စာခံ ၀န်ကြီးချုပ်ပဲ မဟုတ်ပါလား။ဗိုလ်ချုပ်ဟောင်းတယောက်ခေါင်းဆောင်ပြီး တခြားစစ်သားဟောင်းတွေနဲ့ အားဖြည့်ထားတဲ့အစိုးရအဖွဲ့ဟာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ တရုတ်အကျိုးစီးပွားတွေကို အင်အား အလုံးအရင်းနဲ့ ကာကွယ်ပြလိုက်တာပါပဲ၊ တရုတ်ဆိုတာက အနောက်တိုင်းက မြန်မာပြည်ကို ဒဏ်ခတ်
ပိတ်ဆို့ထားတဲ့ အချိန်မှာ စစ်အစိုးရကို လက်နက်တပ်ဆင်ပေးပြီး၊ အထောက်အပံ့တွေ ပေးခဲ့တဲ့ အိမ်နီးချင်းနိုင်ငံပါ၊

လက်ပံတောင်းတောင်သပိတ်ကို ဖြိုခွင်းမှုနဲ့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်တို့ရဲ့ ကြားထဲမှာ ၁၀ ပဲ ကွာပါတယ်။နိုဝင်ဘာလ ၁၉ ရက်နေ့ ခရီးစဉ်မှာ အရင်တုန်းက အထီးကျန်ခဲ့တဲ့ မြန်မာပြည်ကို သမ္မတအိုဘားမား အလည်အပတ်ရောက်ခဲ့တဲ့ အချိန်က ၆ နာရီပဲ ကြာတယ်ဆိုပေမယ့် မြန်မာပြည်သားတွေကတော့ ဒါဟာ နှစ်ပေါင်းများစွာ အပယ်ခံဘ၀ကနေကမ္ဘာ့ဇာတ်ခုံပေါ်ကို ပြန်တက်နိုင်တော့မယ်ဆိုတဲ့ရှေးပြေးနိမိတ်ပါပဲ၊

သမတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်ခင်မှာအမေရိကန်စစ်တပ်က မြန်မာစစ်တပ်ကို ၂၀၁၃ ဇန်န၀ါလ၊ ထိုင်းနိုင်ငံမှာ
ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအနေနဲ့ ဖိတ်ကြားလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်၊

လက်ပံတောင်းတောင်သပိတ်ကို နှိမ်နင်းမှု ပေါ်ပေါက်လာတဲ့အခါမှာတော့အမေရိကန်ရဲ့ မြန်မာအစိုးရနဲ့ ပြန်လည်ပေါင်းထုပ်ဇာတ်လမ်းဟာ ခြေလှမ်းတွေ ကျဲလွန်းနေပြီလားလို့ တချို့က စဉ်းစားလာကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၀ါရှင်တန်က မူဝါဒအကြံပေးသုတေသနအဖွဲ့ Heritage Foundation ရဲ့ အစီရင်ခံစာထဲမှာ သမတ အိုဘားမားရဲ့မြန်မာ
ပြည် မူဝါဒတွေမှာ မြန်မာပြည် က အပြောင်းအလဲတွေ နောက်ကြောင်း မပြန်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အစီအစဉ်တွေ အလုံအလောက် မရှိဘူးလို့ ထောက်ပြထားပါတယ်။ မြန်မာပြည်မှာ လုံလောက်တဲ့ တိုးတက်
မှုတွေ ဖြစ်မလာရင် အမေရိကန်ရဲ့ အကြီးစား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တကျော့ပြန်ချမှတ်ဖို့ ကွန်ဂရက်ကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

တကယ်တော့ မြန်မာပြည်ကအပြောင်းအလဲတွေက ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ ပိုပြီးရှုပ်ထွေး၊ ပိုပြီး အရေးကြီးတဲ့ အပိုင်းကို ရောက်လာတာပါ၊ ဒီအဆင့်မှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးသမား ဆိုသူတွေရဲ့ စိတ်ဓာတ်နဲ့ နှစ်ပေါင်းများစွာ ဒုက္ခတွေ ခါးစည်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ရှည်သီးခံနိုင်စွမ်းတို့ အပေါ် မှတ်ကျောက်တင်ဖို့ရှိပါတယ်။

ဒီနှစ်ထဲမှာ အစိုးရက လွတ်လပ်မျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ မီဒီယာ ဆင်ဆာအဖွဲ့ကိုလည်း ဖျက်သိမ်းပေးလိုက်ပါတယ်။ခေတ်မမှီတော့တဲ့ ငွေလဲနှုန်းစနစ်ကိုပြုပြင်ခဲ့ပါတယ်။ ဆင်းရဲမှုတိုက်ဖျက်
ရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ ဥပဒေပြုရေးကိစ္စတွေမှာ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပြန်ဆုတ်သွားတဲ့ခြေလှမ်းတွေလည်း ရှိပါတယ်။ နှစ်အစမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသား
တွေကို ပြန်လွှတ်ပေးခဲ့တဲ့ပေမယ့် နှစ်အဆုံးမှာ လှုပ်ရှားတက်ကြွ သူတွေကို ပြန်ဖမ်းခဲ့ပြန်ပါတယ်။ လက်ပံတောင်းတောင် သပိတ်ကို ဖြိုခွင်းပြီးနောက်ပိုင်း ရက်တွေမှာ ရန်ကုန်မှာ လှုပ်ရှားတက်ကြွသူ အနည်းဆုံး ၈ ယောက်ကို ရဲတွေက ဖမ်းသွားပါတယ်။ သမ္မတ ရုံးဝန်ကြီးဦးအောင်မင်းကတော့ လက်ပံတောင်းတောင်သပိတ်ကို နှိမ်နင်းတာ မဟုတ်ဘူး၊ လူစုလူဝေးကို ထိန်းသိမ်းလိုက်တာလို့ ဆိုပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရက တောင်းပန်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြန်ကြည့်ရင် ဒီနှစ်အစမှာပဲ လက်နက်ကိုင်တိုင်းရင်းသားသူပုန်တပ်တွေနဲ့ အပစ်ရပ်တာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာအဲဒီ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေ မတည်မငြိမ်ဖြစ်နေပါတယ်၊ ကချင်ပြည်နယ်က လပေါင်း ၂၀ ကြာလာဖြစ်တဲ့ တိုက်ပွဲကလည်း အရှိန်ပိုမြင့်နေပါတယ်၊

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ မရှိမဖြစ်အရေးကြီးတယ်လို့ ဆိုခဲ့ကြတဲ့ ဆက်ဆံရေးမှာ လည်းအစွန်းအထင်းတွေ ပေါ်ပေါက်နေ ပါတယ်။ အင်းလျားကန်စောင်းက နေအိမ်ကို အလည်သွားကြတဲ့ သံတမန်တွေနဲ့ တခြားဧည့်သည်တွေနဲ့ သီးသန့်တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သမတ ဦးသိန်းစိန်အပေါ် မကျေနပ်ချက်တွေ များလာတဲ့ အကြောင်း အရင်ထက် ပိုပြောဆိုနေတယ်လို့ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောခွင့်ရသူ ဦးအုန်းကြိုင်ကတော့ ဒီကောလဟလကို ငြင်းဆန်ပါတယ်၊ သမတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြားမှာ စိတ်ဝမ်းကွဲမှု မရှိဘူး
လို့ ပြောပါတယ်။

လက်ပံတောင်းတောင် အရေးအခင်းကိုကြည့်လိုက်ရင် သံဃာတော်တွေဟာ နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုအနေနဲ့ တကျော့ပြန် ၀င်ရောက်လာတာတွေ့ရပါတယ်။ ဒါကလည်း ဒီနှစ်ရဲ့ သင်္ကေတခုပါပဲ၊ ကောင်းဖို့
လည်း ဖြစ်သလို၊ ဆိုးဖို့လည်း ဖြစ်နိုင်ပါတယ်။ သံဃာတော်တွေဟာ ဒီမိုကရေစီအရေးကို ထောက်ခံတဲ့ အစဉ်အလာရှိခဲ့သလို၊ ဒီနှစ်ထဲမှာ မွတ်စလင် ဆန့်ကျင်ရေး ရပ်တည်ချက်ကိုလည်း ပြသခဲ့ကြပါတယ်။
မြန်မာပြည်မှာ သံဃာထုအင်အားက လေးသိန်း ၀န်းကျင်ရှိတာကြောင့် အင်အားတောင့်တင်းပါတယ်။

တကယ်တမ်းကျတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လူတွေ ဒေါသသင့်နေတဲ့ ပထမဆုံး တရုတ်စီမံကိန်းမဟုတ်ပါဘူး။ မနှစ် စက်တင်ဘာလတုန်းကလည်း ပြည်သူတွေရဲ့ကန့်ကွက်မှုကို အကြောင်းပြု
လို့ အမေရိကန်ဒေါ်လာ ၃ဒသမ၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဆိုင်းငံ့ခဲ့ရပါတယ်။လက်ပံတောင်းတောင် သပိတ်ကို အစိုးရက ဖြိုခွင်းခဲ့တဲ့ နောက်မှာ မြန်မာပြည်မှာ အကြီးဆုံး စီမံကိန်းဖြစ်တဲ့ တရုတ်ရဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဘက်ကို ဦးလှည့်လာကြတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ပေါက်နေပါတယ်။ ဒီပိုက်လိုင်းစီမံကိန်းကတော့ မြန်မာပြည်ကို ဖြတ်ဖောက်ပြီး စွမ်းအင်လိုအပ်ချက်မြင့်မားတဲ့ တရုတ်ပြည် ယူနန်နယ်အထိ ခရီးဆက်မှာ ဖြစ်ပါတယ်။

မြန်မာပြည်ကဒေသအတော်များများမှာ တရုတ်လူမျိုးတွေ အချိန်အတော်ကြာကတည်းက အခြေကျနေကြပါတယ်။ မန္တလေးနဲ့ ကြေးနီစီမံကိန်း တည်ရှိတဲ့ မြန်မာပြည်မြောက်ပိုင်းမှာ အခြေချတာက ပိုများပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း တရုတ်ပြည်က ပြောင်းရွှေ့နေထိုင်သူ တချို့ဟာ တရားမ၀င်နည်းလမ်းကနေ နိုင်ငံသားဖြစ်မှု အထောက်အထား
တွေတောင် ပိုင်ဆိုင်ထားကြတာမျိုး ရှိပါတယ်။တရုတ်ပြည်က ချေးငွေတွေနဲ့ စီးပွားရေးကွန်ရက်တွေ ချိတ်ဆက်ထားတာကြောင့် မြန်မာပြည်သား စီးပွားရေးသမားတွေနဲ့ နှိုင်းယှဉ်ရင် တရုတ်တွေအတွက် တပမ်းသာနေ
တယ်။ ဒီလိုနဲ့ ဒေသခံတွေနဲ့ တရုတ်တွေကြားမှာ တင်းမာမှုတွေလည်းမြင့်တက်နေပါတယ်၊ ဘရက်ဆဲလ်အခြေစိုက် Crisis Group ရဲ့ အစီရင်ခံစာထဲမှာ " အချိန် အတန်ကြာကတည်းက တရုတ်အစိုးရ စိုးရိမ်သလိုနေသလိုမျိုး အသိုင်းအ၀ိုင်းနှစ်ခုအကြားမှာ(တရုတ်နှင့် မြန်မာ) ပဋိပက္ခတွေ ပေါ်ပေါက်နိုင်တဲ့ အန္တရာယ်က တကယ်ပဲ ရှိနေတယ်လို့ ဆိုထားပါတယ်။

လက်ပံတောင်းတောင်သပိတ်ကို ဘယ်ပုံနှိမ်နင်းခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဘယ်လို ဖော်ထုတ်မလဲ ဆိုတဲ့ ကိစ္စဟာ မြန်မာရဲတပ်ဖွဲ့ အတွက့် အရေးကြီးနိုင်ပါတယ်၊ ဒါပေမယ့် ကြေးနီတောင် စီမံကိန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မြန်မာ ၀မ်ပေါင် (Myanmar Wanbao) (တနည်း
အားဖြင့် တရုတ်အရေး)၊ စစ်တပ်ရဲ့ ဦးပိုင်တို့ရဲ့အခန်းကဏ္ဍတို့ နဲ့ပတ်သက်လို့ ဘယ်လောက်အထိ အမုန်းခံ စွန့်စား ဖော်ထုတ်မလဲဆိုတာတော့ မရှင်းလှပါဘူး။ တရုတ် အစိုးရနဲ့ စစ်တပ်ဆိုတာက သမတ ဦးသိန်းစိန်ကို အားကောင်းမောင်းသန် ထောက်ခံသူတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလ၆ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ဒေါ်အောင်ဆန်းစုကြည်က "အားလုံးကျေနပ်တဲ့ အဖြေကတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ကော်မရှင်ကတော့ အမှန်ကို အမှန်အတိုင်းပဲ ဖော်ထုတ်သွားဖို့ တာဝန်ရှိတယ်" ဆိုတဲ့ သဘောမျိုး ပြောကြားခဲ့ပါတယ်။

နောက်တခုက နိုင်ငံရေးအကျဉ်းသားကိစ္စပါ၊ ရန်ကုန်တက္ကသိုလ်မှာပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတ အိုဘားမားက အနာဂတ်မှာ နိုင်ငံရေးအကျဉ်းသားတယောက်ရှိနေရင်ပဲများလွန်းနေတယ်လို့ခံယူတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၀၀ လောက် ကျန်သေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဆိုနေပါတယ်။

ကြေးနီစီမံကိန်းကို ကန့်ကွက်သူတွေကတော့ အစိုးရရဲ့ နှိမ်နင်းရေး ဗျူဟာကြောင့် နောက်တွန့်သွားမယ့်ပုံ မရပါဘူး။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက သံဃာတော် ၆ ပါးနဲ့ ဒေသခံ ၆၀ လောက်က လက်ပံတောင်းတောင် စီမံကိန်း အရှေ့ဘက်မှာ သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်၊

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် သံဃာတပါးဖြစ်ခဲ့တဲ့ အရှင် ဂမ္ဘီရကတော့ "နှိမ်နင်းမှုနဲ့ တခါကြုံတိုင်းမှာ လှုပ်ရှားတက်ကြွသူတွေနောက်ထပ် မျိုးဆက်တဆက် ပေါ်ပေါက်တာပဲ" လို့ ပြောပါတယ်။

[ Andrew Marshall ရေးသည့် Myanmar's deep mine of old troubles (Reuters အထူးသတင်းဆောင်းပါး) ကို ကောက်နုတ်ပြီး ဆီလျှော်အောင် ဘာသာပြန်ပါသည်။]

ညီစောလွင်

http://www.reuters.com/article/2012/12/28/us-myanmar-reforms-idUSBRE8BR02P20121228

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>