Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ယောင်္ကျားသားသုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား။

$
0
0

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဘိုကျေးရွာတွင် ကိုယ်ဝန်ဆောင်သည် အသက် ၂၅နှ စ်ရှိ
မအိအိသန်း (ဆွံအနားမကြားသူ) အား အင်းသူကြီး ဦးကြဉ်ငြိမ်း၏ အင်းလုပ်သား အောင်မောင်းအပါဝင် ယောင်္ကျားသုံးဦးမှ ဒီဇင်ဘာလ (၇)ရက် ညနေလေးနာရီက အင်းပိုင်လယ်နှင့် မနီးမဝေး ခနွဲခပိုကျေးရွာ ချောင်းအနီးတွင် မအိအိသန်းမှ မိမိကလေးနှစ်ဦး ဗိုက်ဆာတယ်ပြောလို့၊ ငါးမျှားတံတစ်ချောင်းဖြင့် ကျေးရွာနီးချုပ်စပ်၊ ချောင်းနား၊ လယ်ကွက်များအနီးတွင်
ငါးမျှားမိသဖြင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှ အင်းပိုင် ဦးကြဉ်ငြိမ်း၏ အလုပ်သမား၊ တပည့်၊ လူမိုက်သုံးဦးမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ကျေးရွာသူ ကိုယ်ဝန်ဆောင်သည် မအိအိသန်းမှာ ထိုးကြိတ်ဒဏ်ရာများနှင့် သန္ဒေသားထားရှိရာ နေရာအပါဝင် ဦးခေါင်းမှဆံပင်များ ရစ်ထွေးပြီး လက်ဝါးဖြင့်အကြိမ်ကြိမ်ရိုက်နှက်ကာ ထိုးကြိတ်၊ ကန်ကြောက်မှုခံရခဲ့ရသည်ဟုသိရပါတယ်။ အဆိုပါမအိအိသန်းမှာ ဆွံနားမကြားသူတစ်ဦးဖြစ်ပြီး၊ ၄င်းမှာ... ၀ူးဝါးဝါးနဲ့ လက်ဟန်ခြေဟန်ပြစကားပြောတတ်သူ တစ်ဦးဟုသိရပါတယ်။ အခင်းဖြစ်ပွားပြီး ပြန်အလာ ၄င်း၏အင်္ကျီမှာ အတော်ပင် စုတ်ပြဲရာများတွေ့ရပါတယ်လို့ ၄င်း၏မိခင် ဒေါ်အမာစိန်ကပြောပါတယ်။

အင်္ကျီရင်ဘတ်နှင့်အချို့နေရာများတွင် ပေါက်ရာ၊ ဖြဲရာများတစ်ချို့တွေ့ရပါတယ်။အင်္ကျီကို
သိမ်းထားကြောင်းလဲပြောပါတယ်။ ယိုင်နဲ့နဲ့အိမ်ပြန်လာသဖြင့် ဘာဖြစ်လာတာလဲဟု အိမ်မှမိခင်အား မေးရာလက်ဟန်ခြေဟန်ဖြင့် ဗိုက်နာကြောင်း ကျောတွေနာကြောင်းပြောသည်ဟုသိရပါသည်။ ပါးများလည်း ယောင်ယမ်းလာကြောင်းနီနေကြောင်း ပြောပါတယ်။ ထို့ကြောင့်ဆေးခန်းပြရန် ပန်းတနော်ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးအားပြသရာ ဗိုက်မှာ ညိုနေတဲ့ ဒဏ်ရာတချို့ရှိတယ်။ ဒါ...အန်ထာဆောင်း ရိုက်မှ သိရမှာဟု ဆေးရုံသွားမှအဖြေပေါ်မှာ ဒီမှာတော့ ဘာမှမအဖြေမသိပဲ ကုလို့မရဘူးပြောပါတယ်။

အဲ့ဒါနဲ့ဆေးရုံသွားတဲ့အခါမှာတာဝန်ကျဆရာမများဟာဘာမှမဖြစ်ဘူးဆိုပြီး ဆေးတစ်လုံးထိုးပေးပြီး ပြန်ခိုင်းပါတယ်။။ ပြန်လို့ပြောပါတယ်။ အဲ့ဒါနဲ့ ရဲစခန်းမှာ အမှုဖွင့်ဖို့ စောင်နဲ့ထမ်းထားတဲ့ လူနာကိုပြပြီး တရာခံတွေကိုအမှုဖွင့်ပြီးအရေး ယူပေးဖို့ပြောပေမဲ့ ပန်းတနော်မြို့နယ်စခန်းမှူးကအမှုမလုပ်စေလိုကြောင်းအမှုလုပ်ရင်ပိုက်ဆံကုန်မှာ ဖြစ်ကြောင်း၊ ကြေအေးပေးဖို့ဖြောင်းဖျကြောင်း ပြောပါတယ်။

ဒါဆိုဘယ်သူ့သွားတိုင်းရမှာလဲပြောတော့ ဒီလောက်အမှုဖွင့်ချင်ရင်ဖွင့်၊ မင်းတို့ပိုက်ဆံတတ်နိုင်ရင်ဖွင့် ဆိုပြီးအော်ပြောတယ်ပြောပါတယ်။ ဆေးထိုးပြီး ပြန်လာတော့ လမ်းမှာ သမီးဆေးထိုးပြီးပြီ။ ပျောက်သွားမှာပါပြောတဲ့အခါ သမီးကနာနေတယ်ပဲပြောတော့၊ ဘယ်နေရာနာနေမှန်း ကျုပ်တို့လဲသေချာမှမသိတာ။ ခုတော့ အိပ်ယာထဲကနေ စားချိန်မှာ ထူပေးမှ ထနိုင်တယ်လို့ပြောပါတယ်။ စိတ်ထဲလဲမကောင်းဘူးဗျာလို့...့ ၄င်းရဲ့အဖေဖြစ်သူကပြောပါတယ်။

ကျွန်တော်တို့ကပိုက်ဆံမတတ်နိုင်သလို၊ စာလဲမတတ်ပါဘူး။ ကျွန်တော်သမီးက လက်ရှိကလေးနှစ်ယောက်နဲ့ပါ။ ဗိုက်ထဲမှာလဲကိုယ်ဝန်လွယ်ထားတာ 6လနီးပါးရှိပါပြီ။ သမီးကိုကြည့်တိုင်း စိတ်မချမ်းသာဘူးဟု ၄င်းဖခင် ဦးနီပွန်မှ ပြောပါတယ်။ ဒီနယ်မှာ ... ဦးကြဉ်ငြိမ်းကစာတတ်တယ်၊ ပိုက်ဆံရှိတယ်။ သူချမ်းသာတာ တစ်နယ်လုံးသူပိုင်တာချည်းပဲ။ ကျုပ်တို့ ဒီလိုခံရတာ လုံးဝမကျေနပ်ဘူး။

အခုသမီးကို ဆေးခန်းပြစရာတောင်ပိုက်ဆံမရှိဘူး။ ဆေးရုံဆိုတာ တော့မပြောပါနဲ့တော့ဗျာ...လို့ ယောင်္ကျားတန်မဲ့ ငိုပြီးပြောပါတယ်။ သတင်းဓါတ်ပုံတွဲတင်ပေးထားပါတယ်။ ကျွန်တော်ပြောတာ မယုံရင်သွားကြည့်နိုင်ပါတယ်။ လေ့လာနိုင်ပါတယ်။
SN

—မျိုးချစ်သူရဲကောင်း Facebook

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>