Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၁ အကယ်ဒမီ မြင်ကွင်း

$
0
0
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်းများ ဇာတ်ကားမှာ ကျောင်းဆရာအဖြစ် သရုပ်ဆောင်တဲ့ နောင်နောင်က ရရှိ။ ကျေးဇူးတင်စကားတစ်ခွန်းပဲ အတိုဆုံး ပြောခဲ့။
၂၀၁၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက အကယ်ဒမီဗန်းကိုင်များ

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ချစ်စနိုးဦးက ရင်ကွဲနာ ဇာတ်ကားနဲ့ရရှိ။ စနိုးရဲ့ အနုပညာသက်တမ်း ၉နှစ်မှာ ရရှိတဲ့အခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့။
၂၀၁၁ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရ မယ်လိုဒီက သူကိုယ်တိုင် ဖေ့ဘုတ်သုံးကြောင်း၊ ဖေ့ဘုတ်ကမိတ်ဆွေ မိသားစုတွေကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့။ —
ထူးချွန်တဲ့အနုပညာရှင်များရဲ့စွမ်းပကား (Star Power)ကို အမျိုးသားရေး အမှတ် လက္ခဏာတည်ဆောက်ရာမှာ ပါဝင်အသုံးချကြဖို့ ဒီနေ့ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲအခမ်းအနားမှာ
ပြန်ြ ကားရေးဝန်ကြီးဦးအောင်ကြည်ကပြောကြားလိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်လောကသားအားလုံးကို အကာအကွယ်ပေးနိုင်မယ့် ရုပ်ရှင် ဥပဒေသစ်ပေါ်ထွက်လာဖို့ လိုအပ်နေဘီလို့ ထဲ့သွင်း ပြောကြားခဲ့ပါတယ်။
၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆုတွေကိုတော့ ရုပ်ရှင်ဓာတ်ပုံဆုကို ပန်းကြာဝတ်မှုန်ဇာတ်ကားက တင်ဆန်း ၊

ရုပ်ရှင်တည်းဖြတ်ဆုကို ထာဝရအလင်းတန်းဇာတ်ကားတည်းဖြတ်တဲ့ ဟိန်းထက်(လယ်ဝေး)၊

ရုပ်ရှင်တေး ဂိတ ဆုကို ထာဝရအလင်းတန်းဇာတ်ကားနောက်ခံတေးဖန်တီးသူ ဇော်မျိုးထွဋ်၊

အသံတည်းဖြတ်ဆုကို ပန်းကြာ ၀တ် မှုန်ကားက စန်းဦး၊

အမျိုးသားဇာတ်ပို့ဆုကို ထာဝရအလင်းတန်းဇာတ်ကားက မော့စ်၊

အမျိုးသမီးဇာတ်ပို့ဆုကို ရင်ကွဲနာ ဇာတ်ကားက ချစ်စနိုးဦး၊

ဇာတ်ညွှန်းဆုကို ထာဝရအလင်းတန်းဇာတ်ကား ဇာတ်ညွှန်းကို ပူးတွဲ ရေး သားကြ တဲ့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်း၊

အမျိုးသားဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်း ဇာတ်ကားက နောင် နောင်၊အမျိုးသမီးဇာတ်ဆောင်ဆုကို ထာဝရအလင်းတန်းဇာတ်ကားက မယ်လိုဒီ ၊

အကောင်းဆုံးဇာတ်ကား ဆု ကို ထာဝရအလင်းတန်း၊ ဒါရိုက်တာဆုကို ထာဝရအလင်းတန်းဇာတ်ကားရိုက်ကူးတဲ့ ထွန်းအောင်ဇော်တို့က အသီးသီးရရှိသွားကြပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ၁၉၅၂ခုနှစ်ကထဲက စတင်ကျင်းပခဲ့တာဖြစ်ပြီး၊နှစ်ပေါင်း ၅၉ နှစ်အတွင်း ၅၅ကြိမ် ကျင်းပချီးမြှင့်နိုင်ခဲ့ပါတယ်။

၁၉၅၂ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၇န်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊၂၀၀၄ခုနှစ်ကနေ ၂၀၁၀ထိ နေပြည်တော်မှာ ပြောင်းလဲကျင်းပခဲ့ရာက ဒီနှစ်မှာ တခါ ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပခဲ့တာလဲ ဖြစ်ပါတယ်။

DVB TV News




Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>