Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူတွေအားလုံးပျော်နေချိန်မှာ ပျော်စရာလေး ရှာပေးပါ

$
0
0
ရဲတွေကလည်း ဦးကြဉ်ငြိမ်း မတရားလုပ်ထားတာတွေကြောင့် ရွာသားတွေ တစ်ခုခုလုပ်မှာစိုးလို့ တပ်ရင်းနှစ်ရင်းစာလောက် လက်နက်ကိုင်ပြီး စောင့်ပေးနေကြရတယ်။ ပန်းတနော်ရဲစခန်းမှာ ရှိတဲ့ရဲတွေကော... တရားသူကြီး၊ ရှေ့နေ၊ မြို့နယ်မှူးတွေပါ ဦးကြဉ်ငြိမ်းဆို မီးသေပဲ။ ရဲတွေကော အကုန်သူ့လူတွေချည်းပဲ။ သူ့အစ်ကိုကို လွှတ်တော်အမတ်ဖြစ်အောင် ဦးကြဉ်ငြိမ်း လုပ်ပေးခဲ့တာ။
ကျွန်တော်တို့ဟာ ထမင်းတစ်လုပ် မကြောင်းမကြ စားနေရတယ်။ ITနည်းပညာတွေနဲ့ ထိတွေ့နေရတယ်။ ကျွန်တော်တို့ဟာ စာတတ်ကြတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ဟာ မှန်တာလုပ်ပြီး မှန်အောင်နေရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုသလို၊ ဘယ်သူ့မှလဲ ကြောက်စရာမလိုပါဘူး။ ဒါက... (စာကြွင်းပါ)

ရွာလေးဟာ အရမ်းဆင်းရဲနုံချာတဲ့ ရွာလေးတစ်ခုပါ။ အင်တာနက်ဆိုတာမပြောနဲ့ ဖုန်းလိုင်းဆိုတာတောင် မမိတဲ့ ရွာလေးတစ်ခုပါ။ ဆက်သွယ်ရေးကွန်ယက်တွေမရှိသလို ကားတစ်စီးထိုးရပ်လာရင် ဘာမှန်းမသိဘဲ ကြောက်နေကြရတဲ့ ရွာသားတွေ၊ ကားတွေ့ရင် ဖမ်းဖို့လာတာပဲဆိုတဲ့ အသိနဲ့ လျှောက်ပုန်းနေကြတဲ့ ရွာလေးတစ်ခုမှာ မတရားမှုတွေ၊ ခေါင်းပုံဖြတ် မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေပါရောထွေးနေတဲ့ရွာလေးပါ။ ဘယ်လိုရွာလေးလည်းဆိုတော့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်လေးထဲက၊ ခနွဲခဘိုရွာလေးပါ။ ရွာသားတွေရဲ့လူနေမှုဘ၀တွေဟာ... အရမ်းကို စုတ်ပြတ်နုံချာလှသလို သူတို့ဘ၀တွေဟာ အကြောက်တရားတွေရင်ဝယ်ပိုက်နေရပြီး၊ နည်းမမှန်တဲ့ ဖမ်းဆီးထောင်ချခံရမှုတွေ၊ မမှန်ကန်တဲ့ဥပဒေတွေ၊ တပ်ချင်ရာတပ်ပြီး ဆွဲတဲ့ပုဒ်မတွေကိုအောက်မှာ အလူးလဲခံနေရတဲ့ရွာလေးပါ။ (ဒီရွာလေးရဲ့ လူမှုဘ၀အဆင့်တန်းတွေကတော့ ကြားရသူ ရင်ထုမနာပါပဲ).. ။

ဒီလိုဗျ... အစ်ကိုတို့ ဒီရွာလေးမှာ ပညာတတ်တွေရှိလား။ အင်း.. ကျောင်းတတ်သူတွေတော့ရှိတယ်။ ဆယ်တန်းအောင်ရင် ရွာကို အုပ်ချုပ်လို့ရတယ်။ မအောင်လဲရပါတယ်။ဘာလို့လဲဗျ။ ရွာမှာက ကျောင်းမတတ်တဲ့သူတွေ တစ်ပုံကြီးလေဗျာ။ အစ်ကိုတို့လက်ရှိအလုပ်က ဧရာဝတီတိုင်းဆိုတော့
ငပိ၊ငါးခြောက်လုပ်ငန်းတွေ၊ ဆန်စပါးတွေစိုက်ကြတာလား။ အမ်... မပြောပါနဲ့ဗျာ... ကျွန်တော်တို့ အဖမ်းခံနေရပါအုန်းမယ်။ ငါးတောင်မျှားစရာနေရာမရှိဘူးဗျ။ စပါးစိုက်ရအောင်၊ ကိုင်းစိုက်ရအောင် ရေရှိရာသူ့ အင်းသူကြီးပိုင်နေရာပဲ၊ ခြေထောက်ရေဆေးချင်လို့ ကွင်းထဲဆင်းရင်တောင် ပါးရိုက်လွှတ်တာ။ ငါးခိုးဖမ်းတယ်ဆိုပြီး။ ဘာလို့လဲဗျ... ဒီလိုလုပ်တာ....။သူကချမ်းသာတယ်ဗျ။ ဧရာဝတီတစ်တိုင်းလုံးမှာ သူနဲ့ သားတွေ၊ ညီအစ်ကိုတွေ ကြီးစိုးတာ။ သူ့ညီလားအစ်ကိုလား သေချာတော့မပြောတတ်ဘူး။ ပန်းတနော်ကတက်သွားတဲ့ လွှတ်တော်အမတ်ဗျ။ ဦဲးငြိမ်းမြိုင်လို့ခေါ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပန်းတနော်မြို့နယ်၊ အမှတ်(၂) မဲ့ဆန္ဒနယ်ကပါ။

ခုနေရာတွေ အတော်များများမှာလဲ သူ့အစ်ကို ဦးကြဉ်ငြိမ်း ကစိုးမိုးနေတယ်။ သူ့တပည့်တွေက လူမိုက်တွေ။ တပည့်တွေချည်းပဲ အယောက်200ကျော်ထားထားတယ်။ ရဲတွေကလည်း ဦးကြဉ်ငြိမ်း မတရားလုပ်ထားတာတွေကြောင့် ရွာသားတွေ တစ်ခုခုလုပ်မှာစိုးလို့ တပ်ရင်းနှစ်ရင်းစာလောက် လက်နက်ကိုင်ပြီး စောင့်ပေးနေကြရတယ်။ ပန်းတနော်ရဲစခန်းမှာ ရှိတဲ့ရဲတွေကော... တရားသူကြီး၊ ရှေ့နေ၊ မြို့နယ်မှူးတွေပါ ဦးကြဉ်ငြိမ်းဆို မီးသေပဲ။ ရဲတွေကော အကုန်သူ့လူတွေချည်းပဲ။ သူ့အစ်ကိုကို လွှတ်တော်အမတ်ဖြစ်အောင် ဦးကြဉ်ငြိမ်း လုပ်ပေးခဲ့တာ။

ခုလည်း သူ့အစ်ကို အားကိုးနဲ့ ပိုမိုက်ရိုင်းလာတယ်။ ဘယ်လောက် ပါဝါရှိသလဲဆို တစ်ခါတစ်ခါ သူ့အလုပ်သမားတချို့၊ သူ့တပည်လူမိုက်တွေပေါ့ဗျာ။ မိန်းကလေးတစ်ယောက်ရှိတဲ့ အိမ်ပေါ်အချိန်မတော် တက်လို့ သွားတိုင်ရင်တောင် ရဲတွေက ကိုယ့်ကို ပြသနာပြန်ရှာတာဗျ။ ခင်ဗျားဘယ်နှခုနှစ်က ငါးခိုးဖမ်းတဲ့အမှုနဲ့ သူကပြန်ဆွဲမှာပေါ့လို့ ပြောတော့ ကျုပ်တို့လဲ မသိသလို မဖြစ်ခဲ့သလိုပဲနေရတာပေါ့။ ကျွန်တော်တို့ကတော့ စားစရာမရှိဘဲ မွဲသထက်မွဲ၊ ဆင်းရဲထက်ဆင်းရဲနေကြတာပါပဲဗျာ။ ဒါနဲ့ခင်ဗျားတို့က ဆင်းရဲတယ်ဆင်းရဲတယ်နဲ့ ရွာရှေ့မှာတောင် ရှာစားလို့ရတဲ့ ချောင်းတစ်ခုရှိနေတာပဲ။ ရှာစားရတာပဲ။ ခုကျွန်တော်လာတာ ဘာမှအလုပ်လုပ်နေကြတာမတွေ့ဘူး။ ငါးတော့ရှိမှာပါ။ ဘာလို့မမျှားကြတာလဲ။ မရှာကြတာလဲ။ သွားမျှားရင် အဖမ်းခံရမှာဗျ။ အင်းသူကြီး နဲ့တပည့်တွေက ပိုက်တွေဘာတွေမပြောနဲ့၊ ငါးမျှားတံနဲ့ ငါးမျှားရင်တောင် သူတို့အပြစ်ပေးချင်သလိုပေးတာ။ တစ်ခါတစ်လေရိုက်နှက်ပြီး ဗေဒါပုတ်ထဲ ထားခဲ့တာ။ ယောင်္ကျားလေးတွေကိုတော့ ထုထောင်းတာပေါ့။ မျက်နှာတွေ ညိုမဲစွဲရော။ တချို့ဆို သေနေတာတောင်ရှိတယ်။ မနက်မှသိရတာ။ မိန်းကလေး တချို့လဲ တစ်ခါတစ်လေ စားစရာမရှိရင် ရေရှိတဲ့နေရာလေးမှာ ချောင်းတော့မမျှားရဲဘူး၊ အဖမ်းခံရမှာကိုး.. ရွာနဲ့တော့ဝေးမှာပေါ့၊ တချို့လယ်ကမ်းစပ်လေးတွေပေါ့။ ဟင်းစားရဖို့ သွားမျှားကြ၊ ရှာကြနဲ့။ အဲ့လိုသွားရှာတာ သူ့တပည့်တွေမိရင် ဆရာတွေးကြည့်ပါ။ ယောင်္ကျားလေးတောင်ထုထောင်းပြီး တစ်ခါတစ်လေ ၀မ်းစာလေးစားဖို့ ငါးတစ်ကောင်တစ်လေသွားဖမ်းရင်တောင် သူတို့ကြိုက်သလို ထိုးကြိတ်၊ ရိုက်နှက်ပြီး တွေ့ကရာထားခဲ့တာ။ မိန်းကလေးတချို့ဆို .....။ မပြောတော့ပါဘူးဗျာ။ ဆရာတို့နားလည်မှာပါ။

ဒါဆိုရဲတိုင်ပါ့လားဗျ။ မင်းမဲ့တိုင်းပြည်မှမဟုတ်တာ။ အား...ကျွန်တော်တို့ ရဲသွားတိုင်ရင်တောင် ပြသနာပိုကြီးတယ်။ ရဲတွေအကုန်လုံးက အင်းသူကြီး ဦးကြဉ်ငြိမ်းဆိုတာကို ကြောက်ရတယ်။ ဦးကြဉ်ငြိမ်း အင်းကို လက်နက်ခဲယမ်းအပြည့်နဲ့ စောင့်ရှောက်နေကြရတာ။ ဆရာတို့ ...မယုံရင်သွားကြည့်ပါ့လား ကျွန်တော်တို့လိုက်ပြမယ်။ အရင်တစ်ခေါက်ကတောင် ဆရာနေမျိုးဇင် နဲ့ အဲ့ရဲတွေနဲ့ ပြသနာဖြစ်ကြသေးတယ်ဗျ။ ဆရာတို့မသိဘူးလား။ မသိဘူး နေပါဦးဗျ... ဒီလူကဘာကောင်မို့ ဒီလိုစောင့်ရှောက်ရတာလဲ။ ရဲကစခန်းမှာမနေဘဲ။ အမြဲတမ်းအဲ့အင်းနားမှာပဲလား။ အင်းနားကရဲတွေကလုံးဝမခွါဘူး။ သူ့လူမိုက်တွေကလည်း မိုက်မှမိုက်။ ရွာသားတွေထဲမှာလဲ သူ့လူတွေတချို့ရှိတယ်။ ဆရာလေးတို့ပြန်သွားရင်ကျွန်တော်ဘယ်သူ ပါးလာရိုက်တာခံရမလဲ ဂရုစိုက်ရတော့မယ်။ ဒါပေမဲ့ ဆရာလေးနဲ့ ကျွန်တော်ပြောတာ သူတို့မကြားလောက်ပါဘူးနော်။ ငါးစားချင်ရင်တောင် တစ်ဂေါင်း (50)ကျပ်နဲ့ ၀ယ်စားနေရတာဗျ။ (လေသံတိုးတိုးဖြင့်)
ဒါဆိုဒီနယ်ကလူတွေက လက်ငုတ်လက်ရင်း လုပ်စားစရာလယ်တွေက နှစ်ပေါက်တစ်ပေါက်ရိုက်သိမ်းခံရ ၊ စာကမတတ်၊ လုပ်စားစရာ လက်ငုပ်လက်ရင်းကမရှိ ဘာတွေနဲ့စားနေကြလဲ။ တချို့ကကိုင်းခုတ်တယ် အငှား ထယ်ထိုးလိုက်တယ်။ ခုဆိုတစ်ချို့ကျွန်တော်သားတွေကျောက်ထမ်းဖို့ ဆရာတို့လာတဲ့ လမ်းမှာလွှတ်လိုက်တယ်။ ထမ်းနေတာတွေ့မှာပေါ့။ ကျောက်သည်နေတဲ့ကလေးတွေလား။ တွေ့ခဲ့တယ်လေ။ အဲ့ထဲမှာ ကျွန်တော်သားပါတာပေါ့။ ကွင်းပြင်နေပူပူကြီးဗျာ။ ဖုန်ကလဲထူနေတာပဲ။ သူတို့တစ်နေ့ဘယ်လောက်ရလဲ။ မနက်6နာရီကနေ ည8နာရီထိဆို 1000တောင်ရတယ်ဗျ။(ဂုဏ်ယူပြီးပြောတဲ့အသံပါ)။ ဘယ့်နှယ့် ကိုယ်သာဆို တစ်မီးနစ်တောင်မလုပ်ဘူး။ နေပါဦးဗျ။ ယောင်္ကျား ရင်းမကြီးတွေကကော...ဘာလုပ်ကြလဲ။ အရွယ်ရောက်ရင် ထိုင်းလို..ဘာလိုထွက်ကြတာပါပဲ။ ဟိုကျစာမတတ်တော့ လူကုန်ကူးခံရကော။ ရောင်းစားခံရကော။ တချို့ကစစ်ထဲဝင်ပြီး သေကြတယ်။

ဒီရွာမှာစားစရာမရှိလို့ စစ်ထဲဝင်ရင်း စစ်ပြေးမှုနဲ့ ထောင်ကျခံရတဲ့သူတွေအများကြီးဗျ။ တချို့ကလေးတွေ 9နှစ်ဆယ်နှစ်ဆို ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် စားပွဲထိုးသွားလုပ်ခိုင်းတယ်။ စားရတော်ပြီဆိုပြီး မိဘတွေကလဲ လွှတ်တယ်။ မိန်းကလေးတွေကတော့ လူကုန်ကူးခံရတာများတယ်။ တချို့ ချောချောလှလှလေးတွေဆို မြို့ကလူတွေက ဗျူတီပါလာဆိုလားဘာလားဗျာ... အဲ့မှာ အလုပ်လုပ်ရမယ်ဆိုပြီး တစ်သိန်းလောက်ပေးတော့ မိဘတွေက လွှတ်ကနဲ့ထည့်တယ်။ ဟိုကျတော့ မဟုတ်တရုတ်နေရာတွေမှာ လုပ်နေရတာတွေ့ရတယ်။ တစ်ခေါက်ဆို တူမဗျ။

ကျွန်တော်တူမ။ မြို့မှာအလုပ်လုပ်နေတယ်။ ၀င်ငွေကောင်းနေတယ် ပြောတော့ အားရပါးရ သူဆီလိုက်သွားတာ။ အနှိပ်ခန်းမှာဗျ။ တစ်ဘက်မှာ အခန်းတစ်ခုလည်း ရှိတယ်။ အဲ့ဒါက ဟိုဟာဗျာ။ သူကနှစ်ဘက်စလုံးလုပ်တယ်။ ကျွန်တော်ပြန်ခေါ်တော့ အမေတို့ထမင်းဝရင် ကျေနပ်ပါပြီတဲ့။ သူ့ဘ၀နဲ့သူပါတဲ့။ အိပ်ကတ်ထဲကလိပ်စာထုတ်ပြီး ပြောပြပါတယ် မင်္ဂလာဈေးမှတ်တိုင်မှာဆင်းတဲ့။ ဆရာလေးသိလားတဲ့.....။ သြော်...... ရင်ထဲထိပါပေ့... ခနွဲခဘိုရွာလေးရယ်။ ဘယ်ကစပြီး ကူညီပေးရမှာပါလဲနော်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>