Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

$
0
0
ထိုးစစ်တွေရပ်တန့်သွားတယ်လို့ မထင်ပါနဲ့ လိုအပ်တဲ့အင်အားတွေထပ်ဖြည့်နေတာလို့ပဲ ကျနော်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးပစ်ခတ်မှုတွေကရှိနေဆဲပါ။ (ABSDFဗိုလ်မှူးမင်းဌေး)၆.၁.၂၀၁၂ (၁၂:၄၅)နာရီ
အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈)၊ ခမရ (၃၈၄)၊ (၃၈၅)၊ (၃၈၆)၊ (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း (၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။

အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။
ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀)၊ (၇၇)၊ (၁၃)၊ (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင် ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။

ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်

ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထားသည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အကဲခတ်များက ဆို ပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- အင်တာနက်)

ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ “ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေအားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ၌ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။
တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကဲခတ်များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါက အစိုးရသည် အကျအ ဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ် (၇၇၁) လဂျားယန်ကုန်းတခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေ ပါသည်။

ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေ တပ်များမှာမူ ၀မ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

Saturday, 05 January 2013 20:01
Written by ရွှေဟင်္သာသတင်းဌာန
http://www.phophtaw.org/burmese/index.php/news/local-news/2588-kia-.html


Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>