Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

$
0
0
ပေကျင်း၊ ဇန်န၀ါရီ ၅

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ကချင်တွင် ပဋိပက္ခများ စတင်ကတည်းက တရုတ်ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာ ချဉ်းကပ်ခဲ့ခြင်းသာ ရှိသည်ဟု သိရသည်။

ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား စေရန်အတွက် မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။

PN-055
Ref: Xinhua

Popular Myanmar News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>