(2 Jan 2013 ရက်စွဲပါ The Gulf Today မှ Nehiginopao Kipgem ရေးသားသော A Winning hand for America ကိုဘာသာပြန်ပါသည်)
မကြာသေးမီက
အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယ၏ အဓိကကျသော အိမ်နီးချင်းမြန်မာနိုင်ငံနှင့်
ဆက်ဆံရေးတိုးတက်လာမှုများသည် ၁၉၈၈ ခုနှစ် အရေးအခင်းနှင့်စစ်အစိုးရက ၁၉၉၀
ခုနှစ်ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆန်မှုများပြီးသည့်
နောက်နှစ်ပေါင်းများစွာ သံတမန်ရေးရာ အရကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မှု၏ရလဒ်
ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်အစိုးရ၏ မုန့်လည်းဝေ၊တုတ်လည်းဝေသည့်
လမ်းနှစ်သွယ် မူဝါဒ၏ ရလဒ်လည်းဖြစ်ပါသည်။
၁၉၉၀
ခုနှစ်များက စစ်အစိုးရပုံမှန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်ခဲ့သော
အိန္ဒိယနှင့်မတူပဲ အမေရိကန်ပြည်ထောင်စုသည် နှစ်နိုင်ငံ
ဆက်ဆံရေးပုံမှန်ဖြစ်ရန် အခြေခံအချက်အချို့ကို တောင်းဆိုခဲ့ပါသည်။
အဆိုပါတောင်းဆိုမှုများတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊
တိုင်းရင်းသား များ၊ အတိုက်အခံပါတီများ အားလုံး ပါဝင်သော
တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်၊ ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် မပြန့်ပွားရေး
သဘောတူညီချက်ကို လိုက်နာရန်၊ မြောက်ကိုရီးယားနှင့်
တရားမဝင်ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်၊ လူ့အခွင့်အရေးကိစ္စများတွင်
ပိုမိုတာဝန်ယူရန်နှင့် တိုင်းရင်းသားများ
အပေါ်တိုက်ခိုက်မှုများရပ်ဆိုင်းရန် များပါဝင်ပါသည်။ ထို့အပြင် အမေရိကန်က
မြန်မာအစိုးရအား လွတ်လပ်၍ တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲ
ကျင်းပရန်ကိုပါ တောင်းဆိုခဲ့ပါသည်။
၂၀၁၂
ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသား (၆၅၁)
ဦးလွှတ်ပေးခဲ့ရာ ၁၉၈၈ ခုနှစ်ဒီမိုကရေစီဆန္ဒပြပွဲခေါင်းဆောင်များ၊
ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်၊
ရှမ်းခေါင်းဆောင်များ ဖြစ်သော ခွန်ထွန်းဦးနှင့်စိုင်းညွန့်လွင်
တို့ပါဝင်ပါသည်။
ဒုတိယအချက်အားဖြင့်
ဦးသိန်းစိန်၏ အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အပစ်အခတ်
ရပ်စဲရေး သဘောတူညီချက်များ လက် မှတ်ရေးထိုးနိုင်ခဲ့ရာ
ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား ယူနီယမ် (KNU)
၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
(NSCN_K)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ်
(PNLA) နှင့် ရှန်းပြည်နယ်တပ်မတော်-မြောက် (SSA_North) တို့ပါဝင်ခဲ့ပါသည်။
တတိယအချက်အားဖြင့်
အစိုးရသည် ပြီးခဲ့သည့်နှစ်ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီသည် (၄၄) နေရာ
ဝင်ရောက်ယှဉ်ပြိုင်ရာ (၄၃) နေရာ အနိုင်ရရှိခဲ့ပါသည်။ NLD ပါတီ၊
တိုင်းရင်းသားပါတီများနှင့် အခြားနိုင်ငံရေး ပါတီများ ပါဝင်လာခြင်းသည်
အစိုးရကလိုအပ်နေသော တရားဝင်မှုနှင့် ၂၀၀၃ ခုနှစ်က စတင်ခဲ့သောအစိုးရ၏
လမ်းညွှန်မြေပုံ (၇) ချက်ကို ပို၍အမှတ်ရစေပါ သည်။
အိုဘားမားအစိုးရသည်
မြန်မာအစိုးရ၏ လုပ်ဆောင်ချက်တိုင်းကို ပြန်လည်တုန့်ပြန်မည်ဟု
ကတိပေးထားချက်အရ မြန်မာနိုင်ငံအတွက်မူဝါဒ ညှိနှိုင်းပေးသူနှင့်
အထူးကိုယ်စားလှယ် Derek Mitchell အား အမေရိကန်သံအမတ်ကြီးသစ်အဖြစ် ဇွန်လ
(၂၉) ရက်နေ့တွင်အတည်ပြုခဲ့ပါသည်။ အမေရိကန်ရင်းနှီးမြှုပ်နှံ သူများ
ပိတ်ပင်ထားမှုအား ဇူလိုင်လ (၁၁) ရက်နေ့တွင် ရုတ်သိမ်းပေးခဲ့ပြီး
မြန်မာနိုင်ငံမှ သွင်းကုန်များပိတ်ပင် ထားမှုကိုစက်တင် ဘာ(၂၇) ရက်နေ့တွင်
ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်း များကို
ရုတ်သိမ်းပေးခဲ့ခြင်းသည် အမေရိကန်ကုမ္ပဏီများ၊ ကမ္ဘာ့ ဘဏ်နှင့် နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင်ငွေကြေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတွင်
အဆက်အသွယ်များ ပြန်လည်ထူထောင်ရန် စတင် နိုင်ခဲ့ပါသည်။
အမေရိကန်သည်
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အရေးကြီးသော အောင်မြင်မှုလေးခုကို
ရရှိခဲ့ပါသည်။ အပယ်ခံအဖြစ်ထားရှိပြီးမှ ဆက်ဆံရေး ပြုလုပ်အောင်မြင်မှုကို
သရုပ်ဖော်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် နျူကလီးယားအစီအစဉ်များအတွက်
မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှုမပြုရန် အာမခံချက် ပေးခဲ့ခြင်းကို
ရရှိခဲ့ပါသည်။ အမေရိကန်သည် ကမ္ဘာတစ်လွှား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏
ပြယုဂ်အဖြစ် ထွက်ပေါ်နိုင်ခဲ့ပါသည်။ အရှေ့တောင်အာရှတွင်
အမေရိကန်တည်ရှိရန်ခိုင်မာသော အုတ်မြစ်ချ နိုင်ခဲ့ပါသည်
ထို့အပြင်
ဆက်ဆံရေး တိုးတက်ကောင်းလာခြင်းသည် အမေရိကန်အား မြန်မာနိုင်ငံတွင်
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အေဂျင်စီ (USAID)
ပြန်လည်တည်ထောင်ရန် ဖြစ်ပေါ်စေပါသည်။ UNDP ၏ ပုံမှန်အစီအစဉ်များအတွက်
ထောက်ပံ့ရန်ငွေချေးနိုင်မှုကို ဖြစ်စေ ပါသည်။
မြန်မာအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်သို့
ရွေးချယ်စေလွှတ်နိုင်သည့် အခွင့်ပိုမိုရှိမည် ဖြစ်ပါသည်။ ထို့အပြင်ဒုတိယ
ကမ္ဘာစစ်အတွင်းကကြွင်းကျန်သော အမေရိကန်များရှာဖွေရေး တွင် အမေရိကန်-မြန်မာ
ပူးပေါင်းဆောင်ရွက်ရေး လမ်းခင်းပေးပါသည်။
မြန်မာအစိုးရသည်
အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာခြင်းကြောင့်
၎င်းကာလကြာရှည်က လိုချင်နေသော တရားဝင် မှုကိုရရှိစေခဲ့ပါသည်။ ဧပြီလ
ကြားဖြတ်ရွေးကောက်ပ မတိုင်ကအထိ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများသည်
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားမပြုဟု
မှတ်ယူထားခဲ့ကြပါသည်။ နောက်ထပ်အဓိကကျသော အောင်မြင်မှုတစ်ခုမှာ အရေးယူမှုများ
ရုတ်သိမ်း သွားခြင်းဖြစ်ပါသည်။
အမေရိကန်၏
အပေါင်းလက္ခဏာဆောင်သော ဒီပလိုမေစီ၏အဆုံးသတ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့ က
သမ္မတအိုဘားမား Barack Obama သွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ ၎င်း၏
သမိုင်းဝင်ခရီးစဉ်အပေါ် အချို့လူ့အခွင့်အရေးအုပ်စုများက မြန်မာနိုင်ငံ
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်ပြင်းထန်သော ဖြစ်ရပ်များ နှင့်
နိုင်ငံရေးအကျဉ်းသားများရှိနေသေးခြင်းကြောင့် ထိုသို့
အဆင့်မြင့်ခရီးစဉ်များအတွက် အချိန်မတိုင်သေးကြောင်းဝေဖန်ခဲ့ ကြပါသည်။
အိုဘားမားအစိုးရကမူ သမ္မတ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုရန်နှင့် နောက်ထပ် ပြုပြင်ပြောင်းလဲရေးများ အတွက်အားပေးရန်ဖြစ်ကြောင်း ပြောပါသည်။
အပေါင်းလက္ခဏာဆောင်သော
မှတ်ချက်ပြုရလျှင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် လိုအပ်သော
ခြေလှမ်းများလှမ်းခဲ့ခြင်းအတွက် နှစ်နိုင်ငံ စလုံးကိုချီးကျူးရမည်
ဖြစ်ပါသည်။ သို့သော် ယခု အဓိကကျသော စိုးရိမ်ပူပန်ရမှုများမှာ
တိုင်းရင်းသားပြဿနာများအတွက် မြန်မာနိုင်ငံအစိုးရမှ နိုင်ငံရေး
အရပြသနိုင်မှုရှိ မရှိပင် ဖြစ်ပါသည်။ မြန်မာအစိုးရသည် ကချင်နှင့်
မည်သည့်အချိန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်
မည်နည်း။ အခြားအုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည်
အာမခံချက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးသို့ ဦးတည်နိုင်မည်လောဟုဖြစ်ပါ
သည်။
ထို့ထက်ပို၍
လက်ရှိရွေးကောက်ပွဲမဝင်ပဲ လွှတ်တော်တွင် ၂၅% အာမခံချက်ရရှိထားသော
စစ်တပ်၏နိုင်ငံရေးတွင် ပါဝင်သော ကဏ္ဍကို ဖယ်ရှား ရန် ၂၀၀၈ အခြေခံဥပဒေကို
ပြင်ဆင်နိုင်မည်လောဟူသော ကိစ္စဖြစ်ပါသည်။ ကျန်ရှိသော
နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးနိုင်မည်လော။
အထက်ပါမျှော်လင့်ချက်များ မဖြည့်ဆီးနိုင်ပါက အမေရိကန်အစိုးရက
မည်သို့တုန့်ပြန်မည် ဆိုသည်မှာလည်း မသေချာ မရေရာရှိနေပါဆဲ ဖြစ်ပါသည်
ခြုံကြည့်ရလျှင်
၂၀၁၂ သည် သံတမန်ရေးအရပြန်လည်ချဉ်းကပ်မှုအတွက် အရေးပါသော နှစ်ဖြစ်ခဲ့ပါသည်။
သို့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ၏ကာလကြာရှည်မှုနှင့် ခံနိုင်ရည်ရှိမှုမှာ
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု
မည်မျှတိုးတက်မှုရှိသည်ဆိုသည့်အပေါ် တည်မှီနေမည်ဖြစ်ပါသည်။
Yangon chronicle