Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။

$
0
0

စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာ ဖက်ခြမ်း က ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟော်တစ ဒီတစ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။

တရုတ်ပြည်ဖက်လုပ်တဲ့ မနောပွဲကိုလဲ ကချင်ပြည်နယ်ဖက်က ကချင်ယဉ်ကျေးမှု အဖွဲ့ ဦးဆောင်ပြီး သွားကြပါတယ်။ ထူးခြားချက်ကတော့ တရုတ်ပြည်ဖက်မှာ သိန်းကဏန်းပဲ ရှိတဲ့ ကချင်လူမျိုးတွေရဲ့ မနောပွဲအတွက် တရုတ်အစိုးရ ရဲ့ ပံ့ပိုးမှုက အံ့မခန်းပါ။ တနေရာထဲမှာတောင် မဟုတ်၊ ဂျယ်ဂေါင်၊ ယိန်ဂျန်း၊ မန်ရှီ၊ ခွန်မိန်း မြို့ကြီးတွေမှာ မနောတိုင် နဲ့ မနောကွင်း ဆိုရင်လဲ အစိုးရက ကုန်ကျခံပြီး ကွန်ကရိတ်နဲ့ စပါယ်ရှယ် လုပ်ပေးထားတာပါ။

ဒီဖက် မြန်မာပြည်ဖက်က ကချင်တွေကို သူတို့က မိခင်တိုင်းပြည် (Kanu Mungdan) က အစ်ကို အစ်မတွေ ဆိုပြီး ပြောတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မိခင်တိုင်းပြည်ထဲက ကချင်မနောပွဲကတော့ တစ်နှစ်တခါ၊ တစ်နေရာထဲ လုပ်ရတာကိုတောင် ပွဲမိန့်အထပ်ထပ်တင်၊ တိုင်းမှူးတွေကို ဖါးရ၊ ပွဲထဲမှာ ဟိုဟာ မရောင်းရ၊ ဟိုဟာ မလုပ်ရ၊ ဆိုတဲ့ ကန့်သတ်ချက်တွေ တပုံကြီးနဲ့ ရက်အကန့်အသတ်၊ နယ်မြေ အကန့်အသတ်၊ အချိန်အကန့်အသတ် တွေနဲ့ လုပ်နေရတာပါ။ အစိုးရ ကျောင်းတွေ၊ ရုံးတွေ မပိတ်ပေးဘူး။ ကျောင်းသားတွေ ကျောင်းပျက်ခံပြီး သွားရတယ်။ ရုံးဝန်ထမ်းတွေက ညအချိန် လျှောက်လည်ကြတယ်။

ဒီလို အဖြစ်အပျက်တွေကို သူတို့ကို ပြောပြတိုင်း ပါးစပ် အဟောင်းသား နဲ့ နားထောင်ခဲ့ဖူးတာကို သတိရလိုက်ပါတယ်။

ဘာကြောင့် မိခင်တိုင်းပြည်က ညီနောင်တွေ တိုက်နေရတယ် ဆိုတာ သူတို့ ကောင်းကောင်းနားလည်တာပေါ့။ ဒါကြောင့် သူတို့ မနေနိုင်လို့ လာအားပေးရှာတယ်။

အားမငယ် ကြနဲ့၊ ငါတို့ အတူတူရှိတယ်၊ တဲ့။

ဟုတ်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ကချင်လူမျိုးတိုင်း တော်လှန်ရေး တိုက်ပွဲဝင်နေသူ ကချင်လူငယ်များနဲ့ အတူတူ ရှိနေပါတယ်။

Duwa Kachin

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။
*************************************

စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာဖက်ခြမ်းက ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟို တစ်စ ဒီ တစ်စ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။

တရုတ်ပြည်ဖက်လုပ်တဲ့ မနောပွဲကိုလဲ ကချင်ပြည်နယ်ဖက်က ကချင်ယဉ်ကျေးမှု အဖွဲ့ ဦးဆောင်ပြီး သွားကြပါတယ်။ ထူးခြားချက်ကတော့ တရုတ်ပြည်ဖက်မှာ သိန်းကဏန်းပဲ ရှိတဲ့ ကချင်လူမျိုးတွေရဲ့ မနောပွဲအတွက် တရုတ်အစိုးရ ရဲ့ ပံ့ပိုးမှုက အံ့မခန်းပါ။ တနေရာထဲမှာတောင် မဟုတ်၊ ဂျယ်ဂေါင်၊ ယိန်ဂျန်း၊ မန်ရှီ၊ ခွန်မိန်း မြို့ကြီးတွေမှာ မနောတိုင် နဲ့ မနောကွင်း ဆိုရင်လဲ အစိုးရက ကုန်ကျခံပြီး ကွန်ကရိတ်နဲ့ စပါယ်ရှယ် လုပ်ပေးထားတာပါ။

ဒီဖက် မြန်မာပြည်ဖက်က ကချင်တွေကို သူတို့က မိခင်တိုင်းပြည် (Kanu Mungdan) က အစ်ကို အစ်မတွေ ဆိုပြီး ပြောတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မိခင်တိုင်းပြည်ထဲက ကချင်မနောပွဲကတော့ တစ်နှစ်တခါ၊ တစ်နေရာထဲ လုပ်ရတာကိုတောင် ပွဲမိန့်အထပ်ထပ်တင်၊ တိုင်းမှူးတွေကို ဖါးရ၊ ပွဲထဲမှာ ဟိုဟာ မရောင်းရ၊ ဟိုဟာ မလုပ်ရ၊ ဆိုတဲ့ ကန့်သတ်ချက်တွေ တပုံကြီးနဲ့ ရက်အကန့်အသတ်၊ နယ်မြေ အကန့်အသတ်၊ အချိန်အကန့်အသတ် တွေနဲ့ လုပ်နေရတာပါ။ အစိုးရ ကျောင်းတွေ၊ ရုံးတွေ မပိတ်ပေးဘူး။ ကျောင်းသားတွေ ကျောင်းပျက်ခံပြီး သွားရတယ်။ ရုံးဝန်ထမ်းတွေက ညအချိန် လျှောက်လည်ကြတယ်။

ဒီလို အဖြစ်အပျက်တွေကို သူတို့ကို ပြောပြတိုင်း ပါးစပ် အဟောင်းသား နဲ့ နားထောင်ခဲ့ဖူးတာကို သတိရလိုက်ပါတယ်။

ဘာကြောင့် မိခင်တိုင်းပြည်က ညီနောင်တွေ တိုက်နေရတယ် ဆိုတာ သူတို့ ကောင်းကောင်းနားလည်တာပေါ့။ ဒါကြောင့် သူတို့ မနေနိုင်လို့ လာအားပေးရှာတယ်။

အားမငယ် ကြနဲ့၊ ငါတို့ အတူတူရှိတယ်၊ တဲ့။

ဟုတ်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ကချင်လူမျိုးတိုင်း တော်လှန်ရေး တိုက်ပွဲဝင်နေသူ ကချင်လူငယ်များနဲ့ အတူတူ ရှိနေပါတယ်။

Duwa Kachin


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>