Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ် တပ် ဘာ ကြောင့် သ မ္မ တ အ ေ ပၚ ေ ရာ က္ ေ န လဲ

$
0
0


ဒိန်ဖန်ခူး ရေးသည်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ် မသိရသေးပေမယ့် နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) မှာ ဆိုထားတဲ့အတွက် ကာလုံရဲ့အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄ (ခ) နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

ပုဒ်မ ၂၀၄ (က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက် ရောက်နေ


လက်တွေ့မှာ ၂၀၁၂ ခု ဇန်န၀ါရီ ၂ ရက်နေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွတ်ငြိမ်းချမ်းသာခွင့် အမည်တပ်ထားပေမယ့် ပြစ်ဒဏ်သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်မ ၂၀၄ (က) နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။

သတင်းစာမှာ အမိန့်အပြည့်အစုံ ထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄ (ခ) ဖြစ်နေပြီး အမိန့်စာသားက ပုဒ်မ ၂၀၄ (က) ဖြစ်နေတာ တွေ့ရပါတယ်။

ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) (ခ) ၂ မျိုးလုံးကို စွက်ဖက်ကျင့်သုံးနေတဲ့အတွက် သမ္မတဦးသိန်းစိန်ထက် ပိုပြီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။

တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦး ပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲ အသာရနေလဲ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်းလွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီ ၅ ဦးစလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်ပါတယ်။ တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထား ဘာလဲ၊ သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား၊ နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဖို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေညာတဲ့အပိုင်းမှာ ပိုပြီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုး ရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိပါးစေမယ့် အရေးပေါ်အခြေအနေမျိုးဆိုရင် သမ္မတဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ ညှိပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်နေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

နောက် အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်၊ တိုင်းရင်းသားစည်းလုံးမှု ပြိုကွဲမယ့် အန္တရာယ်နဲ့ အချုပ်အခြာအာဏာ လက်လွှတ်ရမယ့် အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပြီဆိုရင် သမ္မတဦးသိန်းစိန်က အချိန် ၁ နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေငြာပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတက လွှဲပြောင်းအပ်နှင်းပေးမယ့် အာဏာကြီး ၃ ရပ်ကို လက်ခံယူဖို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပြီးလို့ နောက်ထပ် အချိန်တိုးပေးဖို့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အနေနဲ့ ဦးသန်းရွှေရဲ့ သြဇာက လွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဖို့ ကြိုးစားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ကာလုံ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန် ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ပေးထားမယ့် အရေးပေါ်အခြေအနေ ကြေညာမယ့် ဆုံးဖြတ်ချက်မျိုးဆိုရင်လည်း သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဖို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ခြိမ်းခြောက်မှုကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာ ဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မထက်ပိုပြီး အာဏာကြီးနေတာကို နိုင်ငံရေးအကျဉ်းသားလွှတ်ရေးကိစ္စမှာ အထင်အရှား မြင်ရပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကို ကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမ္မတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေးအာဏာကိုတော့ ရွေးကောက်ခံအမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ဒိန်ဖန်ခူး
(ခင်ရတနာ Faceboook)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>