Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကလုန်း (Clone) ကျော်သူ

$
0
0









ကလုန်း (Clone) ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းတွင် ဥက္ကဌ ဦးကျော်သူ၏ ကိုယ်ပွားထွက်ပေါ်လာပြီ ဟု ဆိုလျှင် ယုံကြည်ကြမည်မဟုတ်။ ယခု အမှန်တကယ်ပင် ထွက်ပေါ်နေပါပြီ။ စိတ်ချင်းမတူ ရုပ်ချင်းဆင်တူ သော ဓါတ်ပုံ စတန်း (Stand) ပင်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် နေ့စဉ်နှင့်အမျှ ဈာပနကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ သာမက သတင်းမီဒီယာများဖြင့်တွေ့ဆုံခြင်း၊ အသင်းကြီးမှ အပတ်စဉ် (သို့) လစဉ် ကျင်းပလေ့ရှိသော အစည်းအဝေးပွဲများနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေး ပရဟိတ အသင်းအဖွဲ့များနှင့် တွေ့ဆုံမှုများ၊ တက်ရောက်အားပေးခြင်းတို့အပြင် အသင်းသို့ စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် လာရောက်၍ လှူဒါန်းကြသော အလှူရှင်များ၏ ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံခြားဧည့်သည်တော်များအား အသင်းကြီး၏ လုပ်ငန်းစဉ်များကို အစမှအဆုံး ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းလင်းပြသခြင်း အစရှိသည့် လုပ်ရပ်များဖြင့် အများပြည်သူအပေါ် ပေးဆပ် လုပ်ကိုင်နေလျှက်ရှိသည်။ ထိုပေးဆပ်မှုလုပ်ရပ်များ လုပ်ကိုင်ထမ်းရွက်နေစဉ်သော်၎င်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ကိစ္စရပ်ဖြင့် ပြည်ပနိုင်ငံများ၏ ဖိတ်ကြားမှုကြောင့်၎င်း၊ ပြည်တွင်းရှိ နယ်ဒေသများ၏ ဖိတ်ကြားမှုကြောင့်၎င်း မကြာခဏ ခရီးထွက်နေရသည်။ သဘာဝဘေးအန္တရာယ် (မီးဘေး၊ ရေဘေး၊ လေ ဘေး၊ စစ်ဘေး)များ ကြုံလာခဲ့သည့်အခါတွင်လည်း မည်မျှမည်၍ဝေးပါစေ အသင်းသား/သူများ၏ မလျော့ သော ဇွဲလုံ့လတို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကူညီဖေးမခဲ့သည်။

ထိုကဲ့သို့ မအားလပ်သည့်ကြားမှ ၃.၁.၂၀၁၃ ရက်နေ့ ည (၇း၀၀) နာရီအချိန်တွင် ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တကောသလ္လ၏ သက်တော် (၅၁) နှစ်မြောက်မွေးနေ့ စာပေဟောပြောပွဲ၌ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂၀၀၁ ခုနှစ်တွင် ဘဘဦးသုခ စတင်ဖွဲ့စည်း ပျိုးထောင်ပေးခဲ့ချိန်မှစ၍ ယနေ့အချိန် အထိ ပေးဆပ်မှုများ တိုးတတ်မြှင့်မားလာမှု အစရှိသည့် လုပ်ငန်းစဉ်များအား Projecter ဖြင့် ပြသ၍၄င်း၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ထားရှိအပ်သည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားများနှင့် ကိုယ်တိုင်လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ တို့အား အဓိကထားကာ ဟောပြောခဲ့သည်။ အံ့သြမှုကောင်းသည်မှာ ကျွန်မတို့ ခေါင်းမူး ခေါင်းကိုက်သော် မည်သည့်အလုပ်မျှပင် မလုပ်ချင်/မကိုင်ချင်ပေ။ ထိုနေ့သည် ဥက္ကဌ ဦးကျော်သူ နေမကောင်းဖြစ်နေသည်။ ဖျားနေသည်။ ထိုသို့ဖြစ်နေသော်လည်း ညပိုင်းဟောပြောပွဲအား အများပြည်သူရှေ့သို့ ထွက်ကာ အားကြိုး မာန်တက် ဟောပြောခဲ့သည်။ နှစ်လတိုင်တိုင် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁.၁.၂၀၁၃ ရက်နေ့တွင် ကျင်းပသည့် (၁၂) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင်လည်း မအားလပ်ဘဲ ကိုယ်ကိုယ်တိုင်ပါဝင် လုပ်ဆောင်နေသောကြောင့် ပွဲပြီးသည့် ညနေပိုင်းတွင် စတင်၍ နေမကောင်းဖြစ်ခဲ့သည်။ ထိုသို့ နေမကောင်းဖြစ်နေသော်လည်း ၃.၁.၂၀၁၃ ရက်နေ့တွင် ဟောပြောခဲ့ပြီး ၅.၁.၃၀၁၃ ရက်နေ့တွင်လည်း အထက်မြန်မာပြည်ခရီးစဉ်အား စတင်ခဲ့တော့သည်။ (၁၀) ရက်ခန့်ကြာမြင့် မည်ဖြစ်သည်။ ကျွန်မတို့ ခရီးထွက်သည်ဆိုသည်မှာ သွားရောက်ကာ အပန်းဖြေကာ လည်ကြမည်၊ ပတ်ကြမည် ဖြစ်သည်။ ဥက္ကဌ ဦးကျော်သူသည် လည်ပတ်ခြင်းမဟုတ် အထက်မြန်မာပြည်ရှိ အများ ပြည်သူတို့အတွက် လူမှုရေးဟောပြောမည် ဖြစ်သည်။

ထိုကဲ့သို့ ခရီးထွက်နေသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သူ၏ ကိုယ်ပွားကို ထားခဲ့ သေးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)တည်ထောင်ခြင်း (၁၂) နှစ်ပြည့်တွင် အသင်းဝန်းကြီးတွင် လူပုဂ္ဂိုလ်များ၊ မီဒီယာများ၊ အလှူရှင်များ၊ ဧည့်သည်များဖြင့် ပြည့်နေလျှက်ရှိသည်။ ထိုကဲ့သို့ အစီအစဉ် များနေချိန်တွင် နယ်မှလာရောက်ကြသော အသင်းအဖွဲ့များ၊ ဧည့်သည်များမှ သူတို့ချစ်ခင်နှစ်သက် တန်ဖိုး ထားသော ဦးကျော်သူနှင့် ဓါတ်ပုံတွဲပြီး ရိုက်ချင်သော်လည်း ဥက္ကဌသည် အခမ်းအနားကျင်းပနေချိန် (သို့မဟုတ်) မအားလပ်၍ ဓါတ်ပုံမရိုက်လိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ဥက္ကဌ ဦးကျော်သူသည် သူ၏ အရပ်၊ အသားအရောင်၊ ဝတ်စားဆင်ယင်မှု ပုံတူကလုန်း(Clone)ကို စီစဉ်ထားရှိ သည်။ ထို ကလုန်းသည် ဥက္ကဌ ဦးကျော်သူအပြင် ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့၏ ကလုန်းများလည်း ထားရှိသည်။ ဥက္ကဌ ဦးကျော်သူသည် ကျေးဇူးတရား သိတတ် သော သူလည်းဖြစ်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ပေါ်ပေါက်လာရန် စတင်မျိုးစေ့ချ ပျိုးထောင်ပေးခဲ့ သော စာပေ၊ ဂီတ၊ အနုပညာရှင် ဒါရိုက်တာကြီး ဘဘဦးသုခ၏ ဓါတ်ပုံအား ကိုင်ဆောင်ထားသည့် ကလုန်းပုံဖြစ်သည်။

အလှူရှင်များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းလိုကြောင်း၊ ဦးကျော်သူ ကျန်းမာ၊ မမာ တွေ့ချင်ကြောင်း၊ တချိန်က ကျော်ကြားခဲ့သော ရုပ်ရှင်မင်းသားဖြစ်သည်ကတစ်ကြောင်း၊ ပရဟိတအလုပ်ကို စိတ်နစ်၍ ဆောင်ရွက်နေသော ဦးကျော်သူ နှင့်အတူတကွ ဓါတ်ပုံရိုက်ချင်သူများအတွက် ဦးကျော်သူသည် အသင်းတွင် ရှိမှရမည်ဖြစ်သည်။

ထို့ကြောင့် ဦးကျော်သူသည် နေမဝင် အလုပ်ကြီးကို လုပ်ကိုင်နေသည့်အပြင် သူ့နှင့်အတူ ပရဟိတ အလုပ်များကို လုပ်ကိုင်နေသော အသင်းသား/သူများကို ပရဟိတသမားစစ်စစ်ဖြစ်အောင် သူလို ကျော်သူ များများထွက်လာအောင် သင်ကြားပေးနေသည့်အပြင် ကျော်သူအပွားများ ပေါ်မထွက်ခင် ရုပ်ပုံတူ ကလုန်း ထားခဲ့သည်။ ယင်း ကလုန်းကျော်သူ၏ ပုံရိပ်ဖြင့် ဦးကျော်သူ ခရီးသွားနေစဉ်ကာလတစ်လျှောက် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင်များမှာလည်း ၀မ်းသာအားရ ပီတဖြစ်စွာ ကျော်သူ ကလုန်းပုံဖြင့် နားလည်မှုပြည့်ဝစွာ အမှတ်တရ ရိုက်ကူးကြသည်။

ထို့ကြောင့် ဦးကျော်သူ အထက်မြန်မာပြည်သို့ ခရီးထွက်နေချိန်တွင် သူ့ကိုယ်စား အလုပ်လုပ်ပေး နေသော ကလုန်းရှိသည်။

သို့သော် သူ ကမ္ဘာမြေပြင်မှ ထွက်သွားမည့်အချိန်တွင် သူ့အစား အများပြည်သူတို့အတွက် ကိုယ် ကျိုးစွန့်၍ ပေးဆပ်နိုင်မည့် သူသင်ပေးထားသော သင်တန်းသား/သူများ၊ အသင်းသား/သူများ၊ ပရဟိတ မျိုးဆက်သစ်များထဲမှ မည်သူ သူ့ကိုယ်စား ပေါ်ပေါက်လာမည်နည်း ???

ဇူးဇူး

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>