Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်

$
0
0

တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများပြုလုပ်၍ ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံအတွင်း တရားဥပဒေချိုးဖောက်မှုများ၊တရားဥပဒေ အလွဲသုံးစားပြုမှုများအား ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ ပြည်သူများနှင့် မီဒီယာများ ရှေ့တွင်ဖော်ထုတ် ဆွေးနွေးသွားရန်ရည်ရွယ်ခဲ့သော်လည်းရိုးရိုးလေး အဝေးပြေးယာဉ်လိုင်းပိုင်ရှင် ဦးသိန်းနိုင်အပါအဝင် လေးဦးမှတော်ဝင်နှင်းဆီခန်းမ ရှေ့တွင် ပွဲစီစဉ်သူ ဦးထင်ကျော်အား ထိုးကြိတ်ကန်ကျောက်၍ ရန်ပြုခဲ့သောကြောင့် တော်ဝင်နှင်းဆီခန်းမမှ တာဝန်ရှိသူများမှ ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ကြသောကြောင့် ပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီး ရန်ပြုနှောင့်ယှက်ခဲ့သူ ဦးသိန်းနိုင်အား အရေးယူမှုများဆောင်ရွက်နိုင်ရန် ဗဟန်းရဲစခန်းတွင် (ပ)၁၄/၂၀၁၂ ၂၄၉/၃၂၅/၁၁၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

“တော်ဝင်နှင်းဆီခန်းမရှေ့ရောက်တော့ ထင်ကျော်လားမေးပြီး ထိုးတယ်။အဓိကက ကျွန်တော့်ကို ထိုးခြင်းမထိုးခြင်းထက် ဒီကနေ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခရိုနီတွေက စိန်ခေါ်နေတယ်ဆိုတာ ဒါက သက်သေပဲ။ ဒါဟာ လူထုကိုစော်ကားတာနဲ့ အတူတူပဲ၊ ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာကို သတင်းစားရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး၊ တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်တာ”ဟု ထိုးကြိတ်ခြင်းခံရသူ ဦးထင်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ တရားမဲ့စရိုက်ဆန်စွာဖြင့် ရန်ကုန်မြို့လည်တွင် ဝင်ရောက် ထိုးနှက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကိုပါ စော်ကားခြင်းဖြစ်ကြောင်း ၊ ရန်ကုန်
မြို့လည်တွင်ပင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းသည်ဆိုပါက နိုင်ငံနေရာဒေသအနှံ့အပြားတွင် မည်မျှ မင်းမဲ့စရိုက်ဆန်စွာပြုမူဆောင်ရွက်နေကြမည်မှာ ခန့်မှန်းသိရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

နိုင်ငံနှင့်အဝှမ်းတွင် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း မည်သို့အခက်အခဲများ ရှိစေကာမူ ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်းနှင့် ခရိုနီများနှင့် ပတ်သက်၍ မတရားလုပ်မှုများ၊ မသာမာမှုများ၊ တရားဥပဒေပြင်ပ လောင်းကစားမှုများအား ပြည်သူသိရှိစေရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ ထိုးကြိတ်ခဲ့မှုအပေါ် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ဆို ထားကြောင်းသိရသည်။

ဝေယံ-The Myanma Age

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>