Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံက တပ်ဖွဲ့များစေလွှတ်

$
0
0
(VOA News မှ 11 Jan 2013 ရက်စွဲပါ “China sends troops to Burmese border” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြားမှ ပြင်းထန်နေသော တိုက်ပွဲလျှံထွက်လာ မည်ကို စိုးရိမ်ရသောကြောင့် မြန်မာနှင့် နယ်စပ်သို့ တရုတ်နိုင်ငံက တပ်သားများစေလွှတ်ထားသည်ဟု တရုတ်နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြသည်။
တိုက်ပွဲအခြေအနေကိုသိရှိရန်အတွက် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်အကြား နယ်စပ်ဒေသသို့ တပ်ဖွဲ့များစေလွှတ်ထားကြောင်း The Global Times သတင်းစာက ရေးသားထားသော်လည်း တပ်ဖွဲ့ဝင် အမျိုးအစားနှင့် အရေအတွက်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။
“၉ ရက်နေ့ညပိုင်းတွင် ကချင်ပြည်နယ်ဖက်ခြမ်း၌ အမြောက်ကျည်ဆံများ ပေါက်ကွဲမှုကြောင့် ထိုနယ်မြေမှ ဒေသခံများ တရုတ်နိုင်ငံဖက်သို့ လျှင်မြန်စွာ ပြေးဝင်လာကြသည်။” ဟု သတင်းတွင် ဖော်ပြထားသည်။ ယူနန်ပြည်နယ်သည်လည်း ကချင်တိုင်းရင်းသားများနေထိုင်ရာ ဒေသတစ်ခုဖြစ် သည်။
တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ People’s Daily ကလည်း မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ် ယင်ဂျီးယန်းစီရင်စုဒေသရှိ တောင်ပေါ်သို့ အမြောက်ဆံများကျရောက် ပေါက်ကွဲသည်ဟု သတင်းဖော်ပြထားသည်။
အဆိုပါ စီရင်စုကို အုပ်ချုပ်သော ဒီဟောင်းခရိုင်အစိုးရတာဝန်ရှိသူများကမူ သောကြာနေ့က မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲ၊ မီဒီယာ၊ အရပ်ဖက်အဖွဲ့အစည်း အပါအဝင် နယ်ပယ်ပေါင်းစုံ ၌ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နာမည်ရနေသော ဗိုလ်ချုပ်ဟောင်းများခေါင်းဆောင်သည့် အစိုးရ၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ယခုကချင်စစ်ပွဲအရှိန်မြှင့်မှုကြောင့် သံသယများ ဖြစ်ပေါ်စေပါသည်။
ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် အစိုးရတပ်များက လေယာဉ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီး ပစ်ခတ်ခြင်းတို့အပြင် ဓာတုလက်နက်များကိုပင် သုံးစွဲခဲ့သည်ဟု ကေအိုင်အေတပ်ဖွဲ့ဖက်မှ သတင်း ထုတ်ပြန်ပါသည်။ မြန်မာအစိုးရကမူ လေကြောင်းထိုးစစ်ဆင်ခြင်း မဟုတ်ကြောင်း အစိုးရတပ်များအား သူပုန် များက တိုက်ခိုက်ခြင်းကို K8 လေ့ကျင့်ရေး ဂျက်လေယာဉ်များက ကာကွယ်ပစ်ခတ်ပေးခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ရှင်းလင်းသည်။
ကချင်ပြည်နယ်မှ ၁၈ လကြာ စစ်ပွဲသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးစိတ်ရင်းအပေါ် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုဖြစ်ပြီး ယခု လေကြောင်းထိုးစစ်ကြောင့် အစိုးရအဖွဲ့ဝင်ဗိုလ်ချုပ်ဟောင်းများက ၎င်းတို့၏မိုက်ဂုဏ်ပြသော နည်းလမ်းဟောင်းများကို စွန့်လွှတ်ပြောင်းလဲရဲ့လား ဟူသော သံသယများ ထွက်ပေါ်လာစေပါသည်။
မြန်မာနိုင်ငံနှင့် ခိုင်မာသော ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုများရှိထားသော တရုတ်နိုင်ငံကလည်း ၎င်း၏ မတည်ငြိမ်သောတောင်ဖက် အိမ်နီးချင်း မြန်မာနိုင်ငံ၏ မငြိမ်သက်မှုများနှင့် နွမ်းပါးမှုများကို ယခင်ကပင် စိုးရိမ်စွာစောင့်ကြည့်နေခဲ့ပြီး ယခုအခါနယ်စပ်ဒေသများ၏ တည်ငြိမ်မှုကိုအာမခံ ရန်အကြိမ်ကြိမ်တောင်းဆို လျှက်ရှိသည်။
တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက်ထဲသို့ပြေးဝင်လာကြသော ကချင်စစ်ပြေးဒုက္ခသည်များကို အတင်း အကျပ်ပြန်ပို့ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စု များက မနှစ်က ပြစ်တင်ဝေဖန်ခဲ့ကြသည်။
မြန်မာ့ရေးရာ အကဲခတ်လေ့လာသူများကမူ လက်ရှိမြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အာစရိဟောင်း ဦးသန်းရွှေ ရိုက်သွင်း ပေးထားသော အတွေးအခေါ် အယူအဆဟောင်းများကို စွန့်လွှတ်ပြောင်းလဲရန် အရေးပေါ်လိုအပ်နေသည်ဟု သုံးသပ်ပြောဆိုထားကြသည်။
Yangon chronicle

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>