Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံတကာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) ဥက္ကဋ္ဌ မြန်မာသို့ ရောက်ရှိ

$
0
0
နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာရ်စီ)၏အကြီးအကဲဥက္ကဋ္ဌ ဖြစ်သူပီတာမော်ရာသည် မြန်မာသို့ ရောက်ရှိလာပြီး နိုင်ငံတွင်းရှိ အကျဉ်းထောင်များနှင့် ပဋိပက္ခဖြစ်ပွားရာ နယ်စပ်ဒေသများသို့ သွားရောက်ကြည့ှ်ရှုမည်ဖြစ်ကြောင်း ၎င်း၏ အဖွဲ့က ထုတ်ပြန်ကြေငြာလိုက်သည်။

ယခုခရီးစဉ်သည် အိုင်စီအာရ်စီ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် မြန်မာသို့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး မြန်မာသမ္မတ ဦးသိန်းစိန်၏ နိုဝင်ဘာလက
ကြေငြာချက်ဖြစ်သော အိုင်စီအာရ်စီ အဖွဲ့ဝင်များကို ပြည်တွင်းရှိ အချုပ်ထောင်များအတွင်းသို့ ဝင်ခွင့်ပြုကြောင်း ကြေငြာမှု၏ နောက်
ဆက်တွဲ ရလဒ် လည်း ဖြစ်သည်။

ဥက္ကဋ္ဌ ပီတာမော်ရာက ကြေငြာချက်ထဲ၌ “မြန်မာအစိုးရဟာ ကျွန်တော်တို့နဲ့အတူ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ
ပေးရေး ဆိုင် ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း အချက်ပြခဲ့ ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ဆွေးနွေးမှု မှာ ရှေ့ကိုတိုးမယ့် ထူးခြားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာလည်း ထူးခြားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အိုင်စီအာစီ တာဝန်ရှိသူများသည် ကမ္ဘာတစ်လွှား၌ အကျဉ်းသားများ၏ အခြေအနေနှင့် ၎င်းတို့ကို ထိန်းသိမ်းဆက်ဆံထားပုံတို့ကို သွား ရောက်လေ့လာကြည့်ရှုလေ့ရှိပြီး ယင်းသို့ ကြည့်ရှုခွင့်အတွက် အပြန်အလှန်အားဖြင့် ရှာဖွေတွေ့ရှိချက်များကို သက်ဆိုင်ရာ အာဏာပိုင်များနှင့်သာ ဝေမျှလေ့ရှိသည်။

မော်ရာသည် မြန်မာတွင် အိုင်စီအာရ်စီက ကူညီထောက်ပံ့မှုများပေးနေသော ရခိုင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုမည် ဖြစ်သည်။

အိုင်စီအာရ်စီ၏ ကြေငြာချက်၌ “အိုင်စီအာရ်စီရော မြန်မာဘက်နှစ်ဘက်စလုံးကပါ ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်မှု မလုပ်နိုင်တဲ့ရခိုင် ပဋိပက္ခအတွင်းက လူနာတွေကို ကယ်တင်စောင့်ရှောက်ရေး လုပ်ဆောင်နေပြီးဒဏ်ရာရသူတွေကို လည်း ရှေးဦးသူနာပြုစုမှုပေးဖို့ ကြီးကြပ်ကွပ်ကဲ နေပါတယ်။ ဒါ့အပြင် အိုင်စီအာရ်စီဟာ နေရာရွှေ့
ပြောင်းခံရတဲ့ လူတွေကြားမှာ ရေပေးဝေရေးဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောကြားသည်။

REF: Reuters
The Myanma Age

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>