Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

$
0
0

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြသော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရေး ကြိုးပမ်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ သမ္မတ၏ အကြံပေးဖြစ်သူ ပါမောက္ခ Mirian Ferrer နှင့် တွေ့ဆုံပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသော Moro Islamic Liberation Front (MILF) နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မနက်ဖြန် (ဇန်န၀ါရီလ ၁၆ ရက်) နံနက်အစောပိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားများသည် ဖိလစ်ပိုင်နိုင်ငံ Cotabato မြို့သို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ပြီး လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Moro Islamic Liberation Front (MILF) အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

88 Generation Students


Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>