Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားဥပဒေစိုးမိုးမှုကို ထပ်မံစိန်ခေါ်လိုက်သော စိန်ခေါ်မှုအသစ်

$
0
0

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေ မှုများအကြောင်းပြောပါမယ်။ ရှင်းလင်း ပါမယ်ဆိုမှ အခမ်းအနားမစခင်လေးမှာ ပဲ တော်ဝင်နှင်းဆီခြံဝန်းထဲအထိလာပြီး တရားဥပဒေကိုပြောင်ပြောင်တင်းတင်း စိန်ခေါ်သွားသူတစ်ယောက်ကတော့ ရိုး ရိုးလေးသိန်းနိုင်ရယ်လို့အမည်ရှိတဲ့ သူဌေး တစ်ယောက်ပါပဲ။ တော်ဝင်နှင်းဆီဆိုတာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း မှု ခရီးစဉ်ကြီးအတွက် တရားဥပဒေစိုးမိုး ရေးတရားမျှတမှုတန်းတူညီမျှမှုဖော်ဆောင် ရေးမီးမောင်းတွေထိုးပြနေတဲ့ ဘူမိနက် သန်တစ်ခုဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့ အစည်းမျာရဲ့ အောင်မြေဆိုရင်လည်း မမှားပါဘူ။ အခုဖြစ်သွားတဲ့ဖြစ်စဉ်ဟာ ခရိုနီတချို့ရဲ့ အသွင်ကူးပြောင်းမှုကိုလည်း မစင်ဘင်ဘုတ်နဲ့ သုတ်လူးသွန်းပက်လိုက် သလိုတစ်ဖက်ကလည်း လူထုလူတန်းစား အသီးသီးကိုစော်ကားလိုက်တာဖြစ်ပါတယ်။

ဖြစ်စဉ်ကိုအသေးစိတ်တင်ပြရမယ်ဆို ရင် ၁၃.၁.၂၀၁၃ နေ့မှာ ညနေ ၃း၀၀ နာရီမှ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ် ရန် စီစဉ်ထားတဲ့ တရားဥပဒေစိုးမိုးရေး ကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်း ပွဲမကျင်းပခင်အချိန်လေးမှာ အစော်ကား ခံလိုက်ရတာဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်သူ များက MDCF (Movement for Democracy Current Force) ၂၀၀၇ ကုန် ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ အလုပ်သမား သမဂ်္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော် မတီအဖွဲ့တို့ဖြစ်ပြီး ကိုထင်ကျော်ဆိုသူက တော့ တရားမျှတမှုအတွက်ထာဝရတိုက် ပွဲဝင်ရင်း ၂၀၀၇ မှာ စွမ်းအားရှင် ထောက်လှမ်းရေးတွေက သိန်းကြီးဈေး ရှေ့မှာအကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့တလော ကလည်း လက်ပံတောင်းအရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော် ခဲ့သူဖြစ် ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ အတွင်းက ကျိုက်ထီးရိုးတောင်မှာဖြစ်ပေါ်ခဲ့တဲ့ အခွန် အခမတရားမှု၊ ဂေါပကအဖွဲ့ရဲ့ အဂတိ လိုက်စားမှုများကိုဒေသခံများရဲ့ဆန္ဒထုတ် ဖော်မှုအတွက် ကိုထင်ကျော် ဦးဆောင် တဲ့ MDCF အဖွဲ့ကကူညီဆောင်ရွက်ခဲ့ပါ တယ်။

အခုကျင်းပမယ့်သတင်းစာရှင်းလင်း ပွဲကိုတောင်ကျိုက်ထီးရိုးက ဈေးသည်တွေ အမှန်တရားအတွက်ရင်ဖွင့်ဖို့ရောက်ရှိလာ ကြပါသေးတယ်။ ရိုးရိုးလေးသိန်းနိုင်နဲ့ အဖွဲ့ကားမောင်းဝင်လာတဲ့အချိန်မှာ ကိုထင်ကျော်ဟာ တော်ဝင်နှင်းဆီခြံဝန်း ရဲ့ ကားပါကင်မြေကွက်အတွင်းမှာ လမ်းလျှောက်ရင်းဆေးလိပ်ထွက်သောက် နေမိတာဖြစ်ပြီး သူရဲ့ အဖွဲ့သားတွေက ခန်းမအတွင်းမှာ အခမ်းအနားပြင်ဆင်နေ ကြစဉ်ဖြစ်ပါတယ်။ အုပ်စုလိုက်ရိုးရိုးလေး သိန်းနိုင်အဖွဲ့ကကားကိုအပြင်းမောင်းနှင် ၀င်ရောက်လာပြီး ရိုးရိုးလေးသိန်းနိုင်ကိုယ် တိုင်က “မင်းလားကွ ထင်ကျော်ဆိုတာ” လို့ပြောပြီးမှ သူ့နောက်လိုက်များနဲ့ ၀ိုင်း ၀န်းထိုးကြိတ်ခြင်း ထီးနဲ့ ရိုက်ခြင်းတို့ကို ရမ်းကားစွာပြုလုပ်ရင်းရိုးရိုးလေးသိန်းနိုင် ဆိုတာငါပဲကွလို့ကြွေးကြော်ပါတယ်။ မိနစ်အနည်းငယ်အတွင်း စက်နှိုးထားတဲ့ ကားပေါ် ပြန်ခုန်တက်ကြပြီး မီဒီယာများ၊ ကျိုက်ထီးရိုးမှ ဈေးသည်များ အဖွဲ့အစည်းများကိုသက်သေထားကာ ဗဟန်းရဲစခန်းမှာ ကိုထင်ကျော်ကအမှုဖွင့် လိုက်ပါတယ်။

သည်အဖြစ်ကြောင့် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်မှုတစ်ခုထပ်တိုးသွား ပြီဖြစ်ကြောင်း မီဒီယာများကို အသိပေး ရင်း “အခုဖြစ်သွားတာက ရှင်းပါတယ်ဗျာ။ ဥပဒေအထက်မှာ ဘယ်သူတွေရှိနေသလဲ ဆိုတာလက်တွေ့ ပြသသွားတာပါပဲ”လို့ ကိုထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဇော်မြင့်
The Honew weekly

Viewing all articles
Browse latest Browse all 32865

Trending Articles