Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်မှ မိုင်ရှစ်ရာကျော်ဝေးသည့်လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မည်

$
0
0

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။

“ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မငြိမ်းချမ်းဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရလိုတဲ့အတွက် အခုလို
လမ်းလျှောက်ပြီး အလံတော်သယ်ဆောင်ဖို့ကို စိတ်ကူးဖြစ်ခဲ့တာပါ” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
ဝင်များက ပြောကြားသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် အမာခံ ၁၀ ဦးပါဝင်ကြောင်း၊ လမ်းလျှောက်မည့် ခရီးစဉ်မှာ မိမိတို့အတွက် အလွန်ကြမ်းတမ်း
မည်ဖြစ်ကြောင်း၊ မည်သည့်အခက်အခဲ၊ အတားအစီးများရှိရှိရှေ့ဆက်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့နှင့် ပူးပေါင်းလိုက်ပါလိုသူများကို ဖိတ်ခေါ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လာမည့် ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှ ခရီးစဉ်ကို စတင်ထွက်ခွာမည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။

“ဒီခရီးစဉ်အတွက် ကျွန်တော်တို့ ခွင့်ပြုချက်တင်ထားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် သိသင့်သိထိုက်တဲ့ ရုံးတွေကိုတော့
ကျွန်တော်တို့ စာပို့ထားတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခရီးစဉ်မထွက်ခွာမီ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင်ရွှေတိဂုံဘုရားတွင်ရှိသော သခင်ကိုယ်တော်မှိုင်း၏ အုပ်ဂူတွင်
သွားရောက် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

“ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပင်ပန်းခံလုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။ ရွှေတံဂုံဘုရားမှာ အောင်မြေလည်းနင်းဖို့ရှိပါတယ်”ဟု ကိုရန်နိုင်ဦးက ပြောကြားသည်။

ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား စသည့် လမ်းကြောင်းအတိုင်း သွားရောက်မည်ဖြစ်ပြီး အခက်အခဲ အတားအစီးမရှိ ခရီးဆက်နိုင်မည်ဆိုပါက ခရီးစဉ်မှာ ကြာမြင့်ချိန် ၄၅ ရက်ခန့် ခန့်မှန်းထားကြောင်း သိရသည်။

ဟိန်းသူ
The Myanmar age

Viewing all articles
Browse latest Browse all 32865

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>