
လက်ရှိအချိန်ထိ အတည်ပြုရရှိထားသောသေဆုံးထိခိုက်စာရင်း
------------------------------------------------------------------
သေဆုံးသူ - ၂ ဦး။
ကိုမင်းဇော် ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
ကိုခိုင်ဝင်း ( မြန်မာ - တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူ)
အပြင်းအထန်ဒဏ်ရာရရှိသူ - ၂ ဦး။( အသက်အန္တရာယ်စိုးရိမ်ရ)
-----------------------------------------------------------------------
- မြန်မာ- ကရင်လူမျိုးလူငယ် ၂ ဦး - တရားဝင်နေထိုင်အလုပ်လုပ်နေသူ )
( ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ ။ မလေးရှားသို့ ရောက်ရှိတာ၂ ရက်
သာရှိသေး )
ဒဏ်ရာမှသက်သာလာသော အစ်ကိုဖြစ်သူ ကိုစောအယ်ရှီး
Saw Eh Shee ( မြန်မာ-ကရင်အသက် - ၃၉ နှစ်။ ) မှ
ပြောပြချက် ။
- ( မလေးရှားရှိ မြန်မာလူမှုကူညီရေးအဖွဲ့မှ အတည်ပြုပြီး )
- Young Buddhist Association -
မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရ
မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။
“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။
ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။
မွတ်ဆလင်ဘာသာဝင်များ၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်) နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။
“ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ၊ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ၊ အဲ့ဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး” ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။
၎င်းကပင် “မြန်မာသံရုံးရဲ့ အကူအညီ ဘာမှ မရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်း နာရေးကူညီမှုအသင်းက ကူညီပေးနေပါတယ်” ဟု ပြောကြားသည်။
ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။
Eleven media group
မလေးရှားနိုင်ငံ ဆာလာရမ်းမြို့ ရန်ပြုမှု မြန်မာနိုင်ငံသား ၂ ဦးသေဆုံး
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆာလာရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နဲ့ သောကြာနေ့ ၂ ရက်အတွင်း လူတချို့ရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
သေဆုံးသူ ၂ ဦးမှာ တဦးက ရန်ကုန်မြို့ကနေ အလုပ်သွားလုပ်နေတဲ့ ကိုမင်းဇော် (ခ) နာဆစ် ဆိုသူ ဖြစ်ပြီး၊ နောက်တယောက်ရဲ့အမည်ကိုတော့ မသိရသေးဘူးလို့ ဆာလာရမ်း မြို့နယ်နဲ့ကပ်လျက်က ပုမ်းမြို့နယ်က နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။
" သေတာ ၂ ယောက်၊ ဒဏ်ရာရတာ ၄ ယောက် မနေ့က ဒဏ်ရာရတဲ့ ၂ ယောက်က အခြေနေမကောင်းဘူး၊ သေတဲ့တစ်ယောက်က ကိုမင်းဇော်နဲ့ နောက်တစ်ယောက်က စာရွက်စာတမ်းတွေဒီမနက်မှရမယ် နာမည်မသိရသေးဘူး၊ သူတို့က ဆာလာရမ်းဆိုတဲ့မြို့မှာ သီရိမင်္ဂလာဈေးကြီးရှိတယ် အဲ့ဈေးကြီးမှာ အလုပ်လုပ်ကြတာ"
မျက်မြင်တချို့ရဲ့ပြောဆိုချက်အရ တိုက်ခိုက်သူတွေဟာ မလေးရှားနိုင်ငံသားတွေ မဟုတ်ပဲ မြန်မာနိုင်ငံက လာသူတွေပဲဖြစ်တယ်လို့ သိရပါတယ်။
ဆန်တူးရဲစခန်းက ဒုရဲမှူး အဗူဘာကာ-က ရန်ပြုခံရလို့ ထွက်ပြေးလွတ်မြောက်လာသူ မြန်မာတယောက်သူတို့ စခန်းကိုလာတိုင်တဲ့အတွက် ရဲစခန်းက လိုက်သွားတဲ့အခါ ဈေးဆိုင်ရဲ့အနောက်ဖက်လမ်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတွေ့တာလို့ ပြောဆိုကြောင်း မလေးရှားနိုင်ငံက ဘနားမားသတင်းက ဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူရဲ့အဆိုအရ တိုက်ခိုက်သူအုပ်စုကိုမမှတ်မိ လိုက်ပေမယ့် သူတို့ဟာ မြန်မာနိုင်ငံကလူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း အဲဒီသတင်းမှာရေးထားပါတယ်။
ဒီအကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီဒေသအနီးတဝိုက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား တချို့ဟာ ကပုမ်းမြို့မှာသတင်းသုံးတဲ့ ဆရာတော် ဒေါက်တာအန္ဒိကရဲ့ သမ္ဘာသမ္ဘောဓိ ကျောင်းတိုက်ကို မနေ့က သွားရောက်ခိုလှုံကြတယ်လို့လဲ ကိုဆန်းဝင်း ကပြောပါတယ်။
" သမ္ဘာသမ္ဘောဓိ ဘုန်းတော်ကြီးကျောင်းမှာ မိန်းကလေးတွေလည်းပါတယ် သူတို့က ဒီဘုန်းကြီးကျောင်းမှာနေဖို့လာတာ လောလောဆယ်တော့ ခိုလှုံလို့ရပါတယ်၊ သူတို့သွားချင်တဲ့နေရာတွေကို ကားတွေနဲ့ လိုက်ပို့ပေးတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ အယောက် ၂၀ လောက်ရှိတယ်"
ဒီအမှုမှာ တိုက်ခိုက်သူတွေကိုရဲကစုံစမ်းရှာဖွေနေပြီး၊ ဒီနေ့မနက်မှာလဲ မြန်မာသံရုံး တာဝန်ရှိသူ တွေနဲ့ သူတို့တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့  ကိုဆန်းဝင်းက ပြောပါတယ်
RFA