Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံတကာချေးငွေများက နောင်ကာလတွင် မြန်မာနိုင်ငံအခက်တွေ့မည်

$
0
0

မြန်မာနိုင်ငံသည် ယခင် အစိုးရလက်ထက်မှ ယခုပြည်သူ့ အစိုးရလက်ထက် ဒီမိုကရေစီ အကူးအပြောင်း၌ နိုင်ငံတကာနှင့် ကမ္ဘာ့ဘဏ်၊ အာရှဘဏ်နှင့် ဂျပန်၊ တရုတ်စသည့် နိုင်ငံများက မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ချေးငွေများ ရယူလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရန်အတွက် နိုင်ငံတကာမှ ချေးငွေများထုတ် ချေးပေးနေသော်လည်း ထိုချေး ငွေများသည် နှောင်းကာလတွင် မြန်မာနိုင်ငံအတွက် အခက်တွေ့ စေနိုင်ကြောင်း ဇွန်လ ၁ ရက်က ဦးဝိဇာရလမ်းရှိသော်လမွန်တာဝါ တွင် ပြုလုပ်ခဲ့သောThe Place of Myanmar in south East Asia က ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲမှ သိရသည်။

““အခုမြန်မာနိုင်ငံက ပွင့်လင်း လာတဲ့အခါကျတော့ မြန်မာနိုင်ငံ က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေတယ်။ အဲတော့ နိုင်ငံ တကာက မြန်မာနိုင်ငံကို ကူညီ ချင်တယ်။ ချေးငွေတွေကိုပေးချင် တယ်။ နောက်ပြီးတော့ အခုနိုင်ငံ တကာကနေပြီး မြန်မာနိုင်ငံကို ချေးငွေတွေကိုပေးတယ်။ အစိုးရ အနေနဲ့ကလည်း ယူတယ်။ ဒါတွေကို ပြန်မဆပ်နိုင်တဲ့အခါ အခက်တွေ့မယ်။ ဒီအစိုးရအနေ နဲ့ ၀င်ငွေမရှိရင် ဒီချေးငွေတွေကို ဘယ်လိုပြန်ဆပ်မလည်း””ဟု စီးပွားရေးပညာရှင်ဒေါက်တာ သိန်းရွှေက သုံးသပ်ပြောကြား သည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရ၀င် ငွေသည် ပို့ကုန်အပေါ် မူတည် ပြီး မြန်မာနိုင်ငံ၏ကုန်ပစ္စည်းများ သည် အရည်အသွေးကောင်းပါ က အခြားနိုင်ငံများမှ မြန်မာနိုင်ငံ က ကုန်ပစ္စည်းများကို ၀ယ်ယူမှု နည်းကာ မြန်မာအစိုးရအပေါ် သို့ တန်ပြန်သက်ရောက်မှုရှိနိုင် ကြောင်း သိရသည်။

““အစိုးရရဲ့ဝင်ငွေဆိုတာ ပို့ ကုန်ပေါ်ကိုမူတည်တယ်။ ပို့ကုန် များတော့မှ ၀င်ငွေကလည်း များ လာမှာဖြစ်တယ်။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကကုန်ပစ္စည်းတွေက အရည်အသွေးမကောင်းရင် ဘယ်လိုလုပ်မလည်း။ ကျွန်တော် တို့က ကုန်ထုတ်စွမ်းအားကိုမြှင့် တင်ဖို့လိုတယ်။ အခုတောင် တော်တော်ကြောက်ဖို့ကောင်းနေ တယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်နိုင်ငံက အခြားနိုင်ငံတွေကို ရောင်းစရာဆို သယံဇာတပဲရှိ တယ်။ ဒါတွေကမကောင်းဘူး။ ဒီသယံဇာတတွေကုန်သွားရင် ဘယ်လိုလုပ်မလဲ””ဟု ဒေါက်တာ သိန်းရွှေမှဆိုသည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း များသည် ယခင်စီးပွားရေးပိတ် ဆို့မှုကာလများက နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရန် အခက်တွေ့ခဲ့ကြောင်း သိရသည်။

ဖြိုးအောင်(Hot news weekly)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>