Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မေတ္တာရှင်ပရဟိတစံပြဆုရှင်များ(သို့မဟုတ်)လောဘသုံးမျိုးကို စွန့်ရဲသူများ

$
0
0

၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅) ရက်၊ ၂၉.၅.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ “မေတ္တာပရဟိတဂေဟာ” ၌ အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းရေစက်ချအခမ်းအနားနှင့် အရှင်ဇဝန ဓမ္မကထိက ဗဟုဇနဟိတဓရ (မေတ္တာရှင်ရွှေပြည်သာ) မှချီးမြှင့်ဂုဏ်ပြုသည့် “မေတ္တာရှင်ပရဟိတ စံပြဆု” ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်ခဲ့ပြီး မေတ္တာရှင်ပရဟိတ စံပြဆုရှင် (၁ဝ) ဦးတို့အား မေတ္တာရှင်ဆရာတော်မှ ရွေးချယ်ဂုဏ်ပြုခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ဒေါ်မြရှင် (မဇ္ဈိမ သံဃာမာတာ)၊ ဆရာချစ်စံဝင်း (စာရေးဆရာ)၊ ဒေါ်ခင်ခင်ရီ (OG Specialist)၊ ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ်)၊ ဦးအောင်မြင့်၊ ဦးတင်မောင်အေး(ခ)ဦးငယ်လေး (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)၊ ဒေါ်နန်းကြည်အောင်(ခ)မနန်း (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)တို့မှ ရရှိခဲ့ပြီး မေတ္တာရှင်ဆရာတော်မှ “မေတ္တာရှင် ပရဟိတစံပြဆု” ချီးမြှင့်ခံရသူများတို့သည် “လောကတွင် သူတော်ကောင်းတွေများလာရင် လူသားတွေ စိတ်ချမ်းသာရတယ်၊ မသူတော်တွေများလာ ရင် လူသားတွေ စိတ်ဆင်းရဲရကြောင်း၊ သူတော်ကောင်းတွေ များများရှိဖို့အတွက် လူသားတိုင်းမှာ တာဝန် ရှိကြောင်း၊ မိမိကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကြိုးစားရုံဖြင့် မလုံလောက်သေးကြောင်း၊ မိမိဘေး ပတ်ဝန်းကျင်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ ဆရာတော်လည်း ကိုယ့်ကိုယ်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားပါကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင် လူသားတွေပါ သူတော် ကောင်းဖြစ်စေချင်လို့ အခုလို “မေတ္တာရှင်ပရဟိတ စံပြဆု” ကို ယခုနှစ်မှစပြီး ပေးအပ်ခဲ့ကြောင်း” ဆုပေး ရခြင်းဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့်၊ အများအကျိုးအတွက် လုပ်ဆောင်သောကျင့်စဉ်သည် ဘုရားရှင်၏ ကျင့်စဉ်ဖြစ်ကြောင်း၊ ဘုရားရှင်၏ကျင့်စဉ်အတိုင်း လူမှုရေးပရဟိတ အလုပ်များအား လောဘသုံးမျိုး စွန့်ကာ (လှူဖွယ်ဝတ္ထု၌ တပ်မက်သောလောဘ၊ နောက်ဘဝချမ်းသာချင်သောလောဘ၊ နာမည်ကြီး ချင်သောလောဘ) လုပ်ဆောင်ခဲ့သူများဖြစ်ကြသည့်အတွက် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စံပြဆုရရှိသူများအား ဆရာတော်မှ ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် လူမှုရေးဟောပြောပွဲများဖြင့် အထက်မြန်မာပြည်သို့ ခရီးလွန်နေသည့်အတွက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ ကိုယ်စား လက်ခံရယူခဲ့သည်။ ဆုရရှိသူ ဦးကျော်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ “မိမိသည် ရွှေဥမင်တရားစခန်းသို့ ရောက်ရှိနေတဲ့အတွက် အခမ်းအနားတက်ဖို့ အစီအစဉ်မရှိပါဘူး။ ကိုကျော်သူ ပရဟိတဟောပြောပွဲခရီးမှ ပြန်မရောက်သေး၍ တရားစခန်းမှာ ဆရာတော်ကိုခွင့်တောင်းပြီး လာခြင်းဖြစ်ကြောင်း၊ ယခင်က ကျေးဇူးတင်စကားကို ဦးကျော်သူပြောပေးပါရန် ခွင့်တောင်းထားသည့်အတွက် ကိုကျော်သူမရှိ၍ မိမိမှ ကျေးဇူးတင်စကား ပြောခြင်းဖြစ်ကြောင်း၊ ကိုကျော်သူက ယခုရရှိသောဆုသည် သူအရင်ကရရှိခဲ့တဲ့ ဆုများထက် အမြင့်မြတ်ဆုံးဆုဟု ပြောခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင်၏ စကားအတိုင်း ဗုဒ္ဓဘုရား၏ သားတော်ဖြစ်တဲ့ သံဃာတော်မှချီးမြှင့်တဲ့ ဆုဟာ အမြင့်မြတ်ဆုံးပါဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှာ ဒီလိုဆုပေးတာဟာ အင်မ တန်မှရှားပါကြောင်း၊ ဆက်လက်ပြီးမှာလိုက်တာက သူဟာ ဒီလိုဆုတွေကို မျှော်ကိုးပြီး လူမှုရေးတွေ လုပ်ခဲ့ တာမဟုတ်ပါဘူး။ ဒီလိုအသိအမှတ်ပြုခံရတာလည်း တကယ်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အများအမြင် မှာ ပရဟိတအလုပ်ကို တခြားဘာသာဝင်တွေရဲ့ အလုပ်ဟုထင်နေခြင်းကို ဆရာတော်မှ ပရဟိတကို မြတ်စွာဘုရား ကိုယ်တော်တိုင်ရဲ့ အဆုံးအမပါဟု မြန်မာဗုဒ္ဓဘာသာရဲ့အမြင်ကိုမြင်အောင် လက်တွေ့ လုပ်ပြခဲ့တဲ့အတွက် ဆရာတော်ကို တပည့်တော်မ ကျေးဇူးအထူးတင်ပါကြောင်း” ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး “မေတ္တာရှင်ပရဟိတစံပြဆု” ဆုရှင်တစ်ဦးဖြစ်သူ ဦးချစ်စံဝင်းမှ ကျေးဇူးတင်စကားပြော ကြားခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဦးခိုင်မိုရ်မင်း + ဒေါ်ခိုင်ဇာလင်း သားမောင်အောင်ခန့် မြတ်တို့မှ အလှူငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေမှ လက်ခံရယူ ခဲ့သည်။ ထို့နောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပရိဘောဂများအား ပညာရေးဝန်ကြီးဌာသို့ အလှူရှင် ဦးတင်မောင်အေး (ခ) ဦးငယ်လေး + ဒေါ်နန်းကြည် အောင် (ခ) မနန်း တို့မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာကြသော သံဃာတော်များတို့အား သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နှစ်ထပ် ကျောင်းဆောင်သစ် လှူဒါန်းမှုအား ရေစက်ချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ်အား မေတ္တာရှင်ဆရာတော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင် ဆောင်များအား တက်ရောက်လာကြသော ဧည့်သည်တော်များတို့မှ လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာပြီးဆုံးခဲ့သည်။ အပြန်ခရီးတွင် “မေတ္တာပရဟိတ ဂေဟာ”ရှိ အဘိုးအဘွားများထံသို့ သွားရောက်၍ အားပေးစကားများ အသီးသီးပြောကြားခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံသို့ ခရီးဆက်ခဲ့တော့သည်။


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>