
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ပြည်သူများသို့  ပြောကြားသောမိန့် ခွန်းကို နားဆင်ရသည် ။ ကျွန်တော့်အနေနဲ့  အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့  နိုင်ငံရေးအကျဉ်းသား တစ်ဦးတယောက်မျှ အကျဉ်းထောင်ထဲတွင် ရှိနေစေလိုခြင်း မရှိပါ ။ လွပ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့  နိုင်ငံရေးနဲ့  ဆက်နွယ်အကျဉ်းကျခဲ့ သူများနဲ့  ပါတ်သက်လို့  ပုဒ်မ္မ( ၄၀၁ ) ကို နိုင်ငံရေးလက်နက်အနေနဲ့  အသုံးချပြီး အရေးယူခြင်းပြုလုပ်ရန် အစီအစဉ်မရှိပါကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ် ဟု ထည့်သွင်းပြောဆိုခဲ့ သည်ကို ကြားရသည် ။ ဤစကားများမှာ လွန်စွာ သုတိမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော စကားများဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံအကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများကိုယ်စား ကျွန်တော့်အနေဖြင့် အထူးကျေးဇူးတင်ပါကြောင်း ပြောချင်သည် ။
စင်စစ်အားဖြင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရတို့ မှာ နိုင်ငံရေးအကျဉ်းသားဟု အသိအမှတ်ပြုရန် တော်တော်လေးပင် လက်မခံနိုင်ကြ ။ ယခုအစိုးရလက်ထက်တွင်လည်း ဤနိုင်ငံရေးအကျဉ်းသား ဆိုသောဝေါဟာရကို လွယ်လွယ်နှင့် လက်မခံကြချေ ။ ခုတော့ မြန်မာနိုင်ငံ၏ သမ္မတဖြစ်သူ ဦးသိန်းစိန်ကိုယ်တိုင်က နုတ်မှထုတ်ဖေါ်ပြောပြီ ဆိုတော့ စိတ်ချမ်းသာရကြပါတော့သည် ။ အကယ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းချထားခံရသူများဟု သုံးနုံးသော်လည်း လက်ခံရမည့် အနေအထားမှာ ရှိနေသောကြောင့် ယခုလို ဝေါဟာရပြောင်းလဲ ခေါ်ဆိုပြီး အသိအမှတ်ပြုသည်ကပင် လွန်စွာကျေးဇူးတင်ရအုံးမည်ဖြစ်သည် ။
မင်္ဂလာရှိသော သမ္မတဦးသိန်းစိန်၏ မိန့် ခွန်းကို နားဆင်ပြီးနောက် ကျွန်တော်သည် သာကေတမြို့ နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသော စီးပွါးရေးတက္ကသိုလ်ကျောင်းသား မောင်ရဲမင်းဦး၏ အကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ ။ မောင်ရဲမင်းဦးမှာ ဘာသာရေး သွေးထိုးလှုံ့ ဆော်မှုကြောင့် ပုဒ်မ္မ-၁၅၃-( က ) အရ မတရားအမှုဆင်ဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုထားရာမှ ၄င်းအမှုမှ ရုပ်သိမ်းကာ လာမည့်ဇွန်လ-၁ရ-ရက်နေ့ တွင် သာကေတတရားရုံးမှ ပုဒ်မ္မ( ၅၀၅- ( ခ ) ဖြင့် ဆက်လက်တရားစွဲရန် ရုံးချိန်းချပေးလိုက်သောကြောင့် ပြန်လည်၍ ထောင်နန်းစံရန် ရုံးတော်မှ သွားခဲ့ ရသည်ဟု သိရသည် ။
လွန်ခဲ့ သောလက ကျွန်တော်သည် မောင်ရဲမင်းဦး၏ မတရားအမှုဆင် ဖမ်းဆီးမှုဖြစ်စဉ်ကို အမေရိကပြည်ထောင်စု နယူးယောက်မြို့ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့  ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ ၊ နိုင်ငံရေးအကျဉ်းသားများစုံစမ်းရေးကော်မီတီ အဖွဲ့ ဝင် ဒု-ရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊ သမ္မတအကြံပေး ဦးလှမောင်ရွှေတို့  နယူးယောက်မြို့  မြန်မာမိသားစု လူထုတွေ့ ဆုံပွဲ ပြုလုပ်ခဲ့ စဉ် ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား အဓိကထားပြီး တင်ပြတောင်းဆိုခဲ့ သည် ။
မောင်ရဲမင်းဦးအား ဖမ်းဆီးပုံမှာလည်း အမည်မသိသူများက ခေါ်ယူပြီး မည်သည့်အရပ်သို့  ခေါ်ဆောင်သွားခြင်း မသိရှိခဲ့ ရ ။ မိသားစုဝင်များက ရဲစခန်းတွင် လူပျောက်တိုင်ကြား အမှုဖွင့်ရသည် ။ နောက်မကြာခင် အင်းစိန်အကျဉ်းထောင်မှ ရုံးထုတ်ပြီး တရားစွဲဆိုရန် သာကေတတရားရုံးသို့  ခေါ်ထုတ်လာမှ မောင်ရဲမင်းဦးမှာ ထောင်ကျနေကြောင်း မိသားစုဝင်များက သိရှိရတော့သည် ။ ထို့ ကြောင့်လည်း ကျွန်တော်က ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးကို မောင်ရဲမင်းဦးအား ချက်ချင်း ပြန်လည်လွှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ သည် ။ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း သူတို့ ၏ ရှေ့နေချုပ်ရုံးဆိုသည်မှာ ပြစ်မှုမြောက်ကြောင်း မမြောက်ကြောင်းကို စစ်ဆေးရသည့် ရုံးသာဖြစ်ကြောင်းနှင့် အကယ်၍ မောင်ရဲမင်းဦး၏ အမှုမှာ ပြစ်မှုမမြောက်လျှင် ပြန်လည်စီစစ်ပြီး လွှတ်ပေးရန် တင်ပြပေးပါမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည် ။
မောင်ရဲမင်းဦးအား မတရားဖမ်းဆီး အကျဉ်းထောင်ထဲ ပို့ ထားခြင်းမှာ မောင်ရဲမင်းဦးက ပြစ်မှု မမြောက်ဘဲ မတရားဖမ်းဆီးခြင်းဖြစ်ကြောင်း ကျွန်တော့်အနေဖြင့် တိတိကျကျ ပြောဆိုခဲ့ သည် ။ ခုတော့ အမှုမှရုပ်သိမ်းလိုက်ပြီ ဆိုသော သတင်းသာကြားရသည် ။ သို့ သော် ပုဒ်မ္မ၅၀၅အရဆက်လက်တရားစွဲဆိုသောကြောင့် ထောင်ထဲသို့  ပြန်လည်လိုက်ပါသွားရသည်ဆိုတော့ ယခုလောက်အာဏာပြ လက်နက်အားကိုးနှင့် မတရားပြုမူဆက်ဆံနေသည်ကိုတော့ ကျွန်တော်လုံးဝလက်မခံ ။
ပြစ်မှုမမြောက်၍ ပြန်လည်လွှတ်ပေးလိုက်ပြီဆိုလျှင် သင်ပုန်းချေနိုင်သော အခြေအနေများတခုကို ရယူဖန်တီးနိုင်ကြသည် ။ ခုတော့ အငြိုးအတေးတွေကို များသထက်များအောင် ပြုလုပ်ခြင်းမှာ စစ်အစိုးရ၏ လက္ခဏာအတိုင်းဖြစ်နေသည်မှာ အရုပ်ဆိုးလွန်းနေသည် ။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကအစ အခြားသောဝန်ကြီးများကလည်း ကျွန်တော်တို့ အစိုးရမှာ -၂-နှစ်သားသာရှိနေပါသေးသည် ။ ဒီမိုကရေစီအရပ်သားအစိုးရဖြစ်၍ သက်တမ်းနုနယ်နေပါသေးသည်ဟု နုတ်မှ တတွတ်တွတ် ပြောဆိုနေကြသည် ။ အပေါ်ပိုင်းမှ အာပေါက်ေအာင်ပြောဆိုနေသည့်တိုင် အောက်ခြေ၀န်ထမ်းလောကများမှာ ခုထက်ထိပုံစံသွင်း ရောဂါဆိုးဝဲဂယက်လောကမှ မလွပ်မြောက်နိုင်သေးသည်မှာ အထင်အရှားဖြစ်နေသည် ။ လူတစ်ယောက်ကို မတရားဖမ်းဆီးပြီး အချုပ်အနှောင်ထဲမှာ ဖမ်းဆီးထောင်ချထားသည်မှာ ဒီမိုကရေစီနိုင်ငံများတွင် လုံးဝလက်မခံသော အကြောင်းအရာဖြစ်သည် ။
ကျွန်တော်သည် ဂွမြို့ နယ်တွင် လွန်ခဲ့ သော နှစ်ပေါင်း-၄၀- နီးပါးခန့် က နေထိုင်ခဲ့ ဖူးသူဖြစ်ရာ ဂွမြို့ နယ်တ၀န်းမှ မြို့ နယ်သူ မြို့ နယ်သား ရွာသူရွာသားများနှင့် နွေးနွေးထွေးထွေး တရင်းတနှီး ဆက်ဆံနေထိုင်ခဲ့ ဖူးသည်ကို ယခုအချိန်ထိ တခုပ်တရ မှတ်မိနေသည် ။ သူတို့ တွေ၏ ခင်မင်ရင်းနှီး ရိုးသားဖြူစင် ပွင့်လင်းသော စိတ်နေသဘောထားများကိုလည်း ယခုအချိန်ထိ အမှတ်တရ ရှိနေမြဲဖြစ်သည် ။ တခါတခါ သူတို့ ဂွမြို့ နယ်၏ သဘာဝကျေးလက် အငွေ့ အသက်များကို တမ်းချင်းအဖြစ် ရေးဖွဲ့ သောအခါ ဂွမြို့ နယ်မှ လူထုတွေက မျက်ရည်ကလေးတွေကျပြီး ၀မ်းသာအယ်လဲနှင့် ၀မ်းနည်းဝမ်းသာ မြွက်ဟပြောဆို တတ်ကြသည် ။ ဂွမြို့ နယ်သားတွေကို ကျွန်တော် အထူးသတိရနေတတ်သည် ။
ပို၍ သတိရနေသည်မှာ မောင်ရဲမင်းဦးကို မတရားဖမ်းဆီးခြင်းကြောင့် သူ၏ မိသားစုဝင်များမှာ ကျွန်တော်နှင့် ရင်းနှီးနေသူများ ဖြစ်ကြောင်း ယခုမှ သိရှိလာရသည် ။ အကယ်၍ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော သူများ မဟုတ်သည့်တိုင် ကျွန်တော်သည် စီးပွါးရေးတက္ကသိုလ်ကျောင်းသား မောင်ရဲမင်းဦးအတွက် လွှတ်ပေးရေးကို တောင်းဆိုနေမည်မှာ အမှန်ပင်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်ဘ၀အဖို့ စစ်အစိုးရ၏ အာဏာရှင်စနစ်ကို ခါးသီးစွာ မုန်းတီးမှုမှာ အရင်းခံနေခြင်းကြောင့် ဖြစ်သည် ။ မတရားဖမ်းဆီးခြင်း ၊ မတရားသတ်ဖြတ်ခြင်း ၊ မတရားအကျဉ်းချခြင်း ၊ စသော အနိဋ္ဌါရုံများကို ကျွန်တော် မည်သို့ မှ လက်မခံချေ ။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ယခင်အစိုးရများက ပြုလုပ်ခဲ့ သော ဆက်နွယ်နေသည့် ကိစ္စရပ်များထဲမှ နိုင်ငံရေးအကျဉ်းသားများ ကိစ္စကို ယခုလက်ထက်မှာ ဖြေရှင်းနေရသည်ကို ထုတ်ဖေါ်ပြောဆိုသွားသည်ကို တွေ့ ရသည် ။ ထို့ ကြောင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကိုလည်း မကြာသောအချိန်ကာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားသည် ။
မောင်ရဲမင်းဦးမှာ ယခင်စစ်အစိုးရလက်ထက်က မတရားဖမ်းဆီးခြင်း ခံရသော သူမဟုတ်ဘဲ မနေ့ တနေ့ ကမှ မတရားဖမ်းဆီး ထောင်ထဲပို့ ထားခြင်းဖြစ်သောကြောင့် သူ့ အား ချက်ချင်း ပြန်လည်ပြီး တရားသေလွှတ်ပေးရန်လိုသည် ။ သို့ မှသာ သမ္မတဦးသိန်းစိန်၏ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့  နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်ကိုမျှ အကျဉ်းထောင်ထဲတွင် ရှိမနေစေခြင်း ဟု ပြောဆိုသော စကားမှာ အဓိပ္ပါယ် ပြည့်ဝသွားမည်ဖြစ်သည် ။ မောင်ရဲမင်းဦးမှာ ဘာသာရေး သွေးထိုး လှုံ့ ဆော်သူလည်း မဟုတ် သောကြောင့် ယခုမြန်မာနိုင်ငံအတွင်း ဖြစ်ပွါးနေသော ပဋိပက္ခများနှင့်လည်း မည်သို့ မှ မပတ်သက်တော့ ။ သည်တော့ သူ့ အား ချက်ချင်း အမှုမှ ရုပ်သိမ်းသည်ဆိုခြင်းကို လက်ခံသည် ။ သို့ သော် ပုဒ်မ္မ -၅၀၅-ဖြင့် ဆက်လက်ထိမ်းသိမ်းဖမ်းဆီးသည်ဆိုခြင်းမှာ လုံးဝလက်မခံနိုင်စရာဖြစ်သည် ။ ပုဒ်မ္မ-၅၀၅-ဆိုသည်မှာ နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေမှု ဖြစ်သောကြောင့် မောင်ရဲမင်းဦးသည် ဘယ်အချိန်ကများ နိုင်ငံတော်ကို သိက္ခကျအောင် အကြည်အညို ပြုလုပ်နေခဲ့ သနည်း-ပြောဆိုခဲ့ သနည်းဆိုသည်ကို ကျွန်တော်တို့  တကြိမ်တခါမျှ မကြားဖူး ။
သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများကို တစ်ယောက်မကျန် လွှတ်ပေးလိုသည်ဟု ဆိုလျှင် သက်ဆိုင်ရာတာဝန်ရှိသူများက မောင်ရဲမင်းဦးအား ချက်ချင်း လွှတ်ပေးရန် သမ္မတ၏ မိန့် ခွန်းနှင့်အတူ ထပ်တူကျသော အခြေအနေများဖြစ်စေဖို့  တောင်းဆိုလိုက်ပါသည် ။ နိုင်ငံတော်ကို အကြည်အညို ပျက်စေအောင် ဖမ်းဆီးထားကြသော ရဲများနှင့် သာကေတတရားရုံးကိုပင် ပြန်လည်ပြီး ပုဒ်မ္မ-၅၀၅-ဖြင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုရန် သင့်သည် ဟု ထင်မြင်ယူဆပါကြောင်း ။
ခိုင်အောင်ကျော် ( နယူးယောက် )