Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တစ်ယောက်တစ်ပင်နှင့် ကမ္ဘာကြီးကို ကယ်တင်ကြစို့

$
0
0



ကျွန်ုပ်တို့ လူသားများသည် ကမ္ဘာမြေပြင်ပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသည်။ ထို့ကြောင့် ကမ္ဘာမြေ ပြင်ကြီးသည်လည်း ထာဝရရှင်သန်နေဖို့လိုသည်။ ကမ္ဘာမြေကြီးရှင်သန်မှုအတွက် ကျွန်ုပ်တို့သည် သစ်ပင်စိုက်ပျိုးရ မည်ဖြစ်သည်။ ထို့ကြောင့် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အား ရည်ရွယ်လျှက် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခခန်းမဆောင်ကြီးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ ဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲအား နံနက် (၈း၃ဝ) အချိန်မှ စတင်ကျင်းပ ခဲ့ရာ ကာတွန်းဆရာ အော်ပီကျယ်မှ “အိမ်မက်သေးသေးမက်ပါစေ” ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ “သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို့” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လက်ရှိမြေနေရာသည် အမှိုက်ပုံ (ကြွတ်ကြွတ်အိတ်) များဖြစ်နေသည့်အတွက် အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုး ရာတွင် အင်မတန်ခက်ခဲပေသည်။ ကိုကြည်စိုး (Monsoon Nursery& Landscape Care Group)မှ ဝန်ထမ်းများတို့၏ အင်တိုက်အားတိုက် စိုက်ပျိုးပေးခဲ့သည့်အတွက် ယခုအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသည် စိမ်းလန်းစိုပြေလျှက်ရှိခဲ့ပြီး သစ်ပင်ပျိုးပင်များ၊ ပန်းအလှပင်များတို့အား အစဉ်တစိုက် လှူဒါန်းပေးခဲ့သူ ကိုကြည်စိုးနှင့် သစ်ပင်ပျိုးပင်များအား လှူဒါန်းပေးခဲ့သော ဒေါ်ခင်စိုးရီ (သဇင်ပျိုး ဥယျာဉ်) တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ချီးမြှင့် ပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ လူမှုရေးအသင်းအဖွဲ့များဖြစ်ကြသော ရွှေပြည်သာမြို့နယ် “ဗြဟ္မာစရိယ-နာရေး ကူညီမှု” ၊ မြောက်ဥက္ကလာပမြို့နယ် “သံဝေဂ-နာရေး ကူညီမှု” ၊ ပဲနွယ်ကုန်းမြို့ Hundred Power (ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြုအဖွဲ့) ၊ တောင်ဒဂုံမြို့နယ် “(၁၉) ရပ်ကွက်လုံးဆိုင်ရာ နာရေးကူညီမှု” ၊ ပြည်ခရိုင် “ထုံးဘို-လူငယ်သာရေးနာရေး”၊ ပုတီးကုန်းမြို့ “စေတနာရှင်-နာရေးကူညီမှုအသင်း”၊ သင်္ဃန်းကျွန်း “နာရေးကူညီမှု” ၊ သန်လျင်မြို့နယ် “နာရေးကူညီမှု” ၊ မင်္ဂလာဒုံမြို့နယ် “နာရေးကူညီမှု” ၊ သာကေတမြို့နယ် “မြတ်သုခ နာရေး ကူညီမှု” ၊ ဒဂုံအရှေ့ပိုင်းမြို့နယ် “သံသရာခရီးသည် နာရေးကူညီမှု” ၊ မင်္ဂလာဒုံမြို့နယ် “ဂရုဏာမွန်” ၊ ဒဂုံအရှေ့ပိုင်းမြိုကနယ် “မေတ္တာပါရမီ” ၊ မြောက်ဒဂုံမြို့နယ် “ရောင်နီသစ်-ပရဟိတ” ၊ ရွှေတောင်မြို့ဘ “ပရဟိတ-နာရေးကူညီမှု” ၊ တောင်ဥက္ကလာပမြို့နယ် “လောကနတ်-လူမှုကူညီရေး” ၊ DNA (ခြေတစ်လှမ်းထား လက်ဆက်ပွား ရွှေ့လျားပညာ)၊ “သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်)” ၊ သင်္ဃန်းကျွန်းမြို့နယ် “ပီတိသုခစေတနာရှင်” ၊ “Monsoon Nursery & Landscape Care Group” ၊ “KMA Construction Group” ၊ ဒဂုံဆိပ်ကမ်းမြို့နယ် “ထိန်လင်း-ကုသိုလ်ဖြစ်ဆေးခန်း” ၊ “ကရုဏာ-နာရေးကူညီမှုညီအစ်ကိုများ” ၊ “လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက် သူများ” ၊ “B.G သွေးလှူအဖွဲ့” ၊ “PANN GABAR LANDSCAPING GROUP” ၊ ဒဂုံဆိပ်ကမ်းမြို့နယ် “ရွှေသံလျင်-နာရေးကူညီမှု” ၊ မှော်ဘီမြို့နယ် “မြို့မ-လူမှုကူညီရေး စသည့် မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့အနယ်နယ်မှ လူမှုရေး အသင်းအဖွဲ့များအပြင် အခြားသော သဘာဝပတ်ဝန်းကျင်အား စိတ်ပါဝင်စားကြသော လူမှုရေးသမားများမှ တက်ရောက်အားပေးခဲ့ကြသည်။ ထို့အပြင် ဂီတပညာရှင်များဖြစ်ကြသော ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်၊ အရိုး၊ E-ချို တို့အပြင် ပြည်တွင်းမီဒီယာများနှင့် အမေရိကန်အခြေစိုက် CNN သတင်းဌာနမှ စိတ်ဝင်တစား တက်ရောက်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူအပေါ် အခမဲ့ ကူညီဆောင်ရွက်ပေးဆပ်မှုများနှင့် ဥက္ကဌ ဦးကျော်သူ အား အင်တာဗျူးအစီအစဉ် ရိုက်ကူးခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲအပြီးတွင် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားအား ဆက်လက် ကျင်းပခဲ့ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင် များစိုက်ပျိုးရန် မြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာ ညွှန်ကြားရေးမှူးမှ မြေနေရာများ ညွှန်ကြားပြသ ခဲ့သည့် မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် (ဝဲ / ယာ) များတို့တွင် ခရေပင် (၈ဝ)၊ စိန်ပန်းပင် (၃ဝ)၊ ထိုင်ဝမ်ဗန်ဒါပင် (၂ဝ)၊ တည်ပင် (၂ဝ)၊ ရေတမာပင် (၅ဝ)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ ဒု-ဥက္ကဌ၊ လုပ်အားပေးအသင်းသား/သူများ၊ ဂီတပညာရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် ဌာန၊ Monsoon Nursery & Landscape Care Group အဖွဲ့သားများ၊ KMA Construction Groupအဖွဲ့သားများ နှင့်နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်သည်လည်း ခြေထောက်အရိုး အက်နေ၍ ကျောက်ပတ်တီးဖြင့် မိုးရေစက်များ ထဲတွင် စိုက်ပျိုးရန်သတ်မှတ်ထားသည့် လမ်းတစ်လျှောက်နှင့် အမှတ် (၂) အခြေခံပညာမူလတန်း ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပြီး သစ်ပင်များစိုက်ပျိုးခဲ့သည်။

မိုးတဖွဲဖွဲကြားမှ အင်တိုက်အားတိုက် တက်ညီလက်ညီဖြင့် ဗိုလ်မှူးဗထူးလမ်းမတလျှောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှေ့မှ ဒဂုံတက္ကသိုလ်အထိ စိုက်ပျိုးခဲ့ကြရာ အခြားသောနေရာများတွင် အဆင်ပြေချောမွေ့ ခဲ့သော်လည်း ယခင်ကာလများတွင် စွန့်ပစ်အမှိုက်ပုံအဖြစ် အသုံးပြုထားသော အသင်းရုံးအရှေ့တွင် သစ်ပင်စိုက်ပျိုး ရန် မြေတူးရာတွင် မြေအောက်မှ ပလက်စတစ်အမှိုက်များ ထွက်ပေါ်လာဖြင့် အဆင်မပြေမှုများရှိခဲ့သည်။ နာရေး ကူညီမှုအသင်း(ရန်ကုန်)သည် ၄င်းကျွတ်ကျွတ်အိတ် အမှိုက်၏ဆိုးကျိုးများကို တွေ့ကြုံခံစားခဲ့ရသဖြင့် အမှိုက် ကောက်ရန် ကြိုးစားခဲ့သော်လည်း ကောက်ခွင့်မရခဲ့သဖြင့် ယခုလို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် သစ်ပင်စိုက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြီးစိမ်းလန်း သာယာစေရန် အတွက်၎င်း၊ မြန်မာလူမျိုးများ သစ်တောနှင့်သစ်ပင်အား ချစ်ခင်မြတ်နိုး တန်ဖိုးထားတက်စေရန်အတွက်၎င်း နာရေး ကူညီမှုအသင်း(ရန်ကုန်) မှဦးဆောင်ကာ အလှူရှင်များ၊ သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးကြသော လူမှုရေး သမားများနှင့် လက်တွဲကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဖြစ်သည့် ယနေ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြသည်။

ဆရာအော်ပီကျယ်မှ လူတစ်ယောက် သစ်တစ်ပင်နှုန်းဖြင့် စိုက်ပျိုးထိန်းသိမ်း ပြုစုပျိုးထောင်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆ဝ) သစ်ပင်ပေါင်း သန်း (၆ဝ) စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် “တစ်ယောက်တစ်ပင်နှင့် ကမ္ဘာကြီးကိုကယ်တင်ကြစို့” ဖြင့် ကမ္ဘာ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုခြင်းဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သစ်ပင်စိုက်ပျိုး၍ ကဗျည်းမော်ကွန်း ရေးထိုးခဲ့ပါတော့သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>