
အလွန်ထူးဆန်းဖွယ် မြင်ကွင်းဖြစ်ပါသည်။ ဘဏ်ကောင်တာများပေါ်တွင် ငွေပုံကြီးတင်ထားသည်ကို တွေ့ရပါ သည်။ များစွာသောဝန်ထမ်းများက ထောင်တန်စည်းများကို တစ်ခုနှင့်တစ်ခု ထပ်၍ ကြမ်းပေါ်တွင် ပုံထားပါသည်။ ဘဏ်သို့ လာသူများကလည်း ဈေးဝယ်သောအိတ်များဖြင့် ငွေများသယ်ယူလာခြင်း၊ လုံခြုံရေးကလည်း ဆန်အိတ်အရွယ် ငွေထုတ်ကြီး များထမ်း၍ ဝင်လာခြင်းများ တွေ့ရပါသည်။( 7 June 2013 ရက်စွဲပါ CNN မှ Andrew Stevens ရေးသားသော Can Myanmar fix its outdated banking system? ကိုဘာသာပြန်ဆိုသည်။)
ငြိမ်းချမ်းအောင်သည် ရန်ကုန်ရှိ ၎င်း၏အိမ်ကို ရောင်းချခဲ့ပြီး ဝေခွဲမရသော ကိစ္စတစ်ခုနှင့် ကြုံခဲ့ရပါသည်။ ရှေ့ဆက် ဘာလုပ်ရမည်နည်း ဆိုသည့် ကိစ္စဖြစ်ပါသည်။ ငွေများကို ဘဏ်တွင်အပ်မည်လော သို့မဟုတ် အိမ်တွင်သာ ထားမည်လော။
နောက်ဆုံးတွင် သုံးပုံတစ်ပုံကို ဘဏ်တွင်အပ်နှံပြီး ကျန်သောငွေများကို အိမ်တွင်ထားရန် ညှိနှိုင်းခဲ့ပါသည်။ ဘဏ် တွင် အပ်ရခြင်းမှာ အိမ်မီးလောင်မည်ကို စိုးရိမ်၍ဖြစ်ပါသည်။
ဤသည်ကား 2013 ခုနှစ်ရှိ မြန်မာနိုင်ငံ၏ ဘဏ်စနစ် ဖြစ်တော့သည်။ ဘဏ်စနစ်မှာ ခေတ်မမှီတော့ဘဲ၊ လူများ ယုံကြည်မှုမရှိသည့် စနစ်ဖြစ်ကာ ပြီးခဲ့သည့် စစ်အစိုးရ၏ လွဲမှားစွာအသုံးချခဲ့မှုကြောင့် လူဦးရေ၏ 90%က ဘဏ်ကို အသုံးပြု ရန် ရှောင်ကျဉ်ခဲ့ကြပါသည်။
လူအများသည် ဘဏ်ကို ရှောင်ကြဉ်ကြပြီး ငွေများကို အိမ်တွင်သာ ထားကြပါသည်။ ကမ္ဘာပေါ်တွင် ငွေသားကို သာ ကိုင်၍ သုံးသော စီးပွားရေးစနစ်ရှိသော နိုင်ငံအဖြစ်တွေ့ရပါလိမ့်မည်။
မြန်မာအစိုးရသည် ဘဏ်စနစ်ကို ဦးစားပေး၍ ပြင်ဆင်ရန် ကြိုးစားခဲ့ပါသည်။ သို့သော် ဘဏ်ခွဲတစ်ခုသို့ သွား ရောက် ကြည့်ရှုလိုက်ပါက ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာ၏ အရွယ်အစားကို ဖော်ပြပါလိမ့်မည်။
အလွန်ထူးဆန်းဖွယ် မြင်ကွင်းဖြစ်ပါသည်။ ဘဏ်ကောင်တာများပေါ်တွင် ငွေပုံကြီးတင်ထားသည်ကို တွေ့ရပါ သည်။ များစွာသောဝန်ထမ်းများက ထောင်တန်စည်းများကို တစ်ခုနှင့်တစ်ခု ထပ်၍ ကြမ်းပေါ်တွင် ပုံထားပါသည်။ ဘဏ်သို့ လာသူများကလည်း ဈေးဝယ်သောအိတ်များဖြင့် ငွေများသယ်ယူလာခြင်း၊ လုံခြုံရေးကလည်း ဆန်အိတ်အရွယ် ငွေထုတ်ကြီး များထမ်း၍ ဝင်လာခြင်းများ တွေ့ရပါသည်။
မြန်မာနိုင်ငံသည် တကယ့် ခရက်ဒစ်စနစ်ကို အသုံးပြုနေဆဲဖြစ်ပြီး ATM စက်များက ဖွံ့ဖြိုးမှုအသစ်တော့ ဖြစ်ပါ သည်။ မြို့အနှံတွင် မကြာခဏ မီးပျက်ခြင်းကြောင့် ATM စက်များမှာ အလုပ်မလုပ်ပေ။ စာရေးသူသည် တစ်ရက်တွင် သုံးကြိမ်ခန့် ATM စက်များကို အသုံးပြုကြည့်ရာ တစ်ခုမျှ အလုပ်မလုပ်ပေ။
သို့သော် ပြဿနာမှာ ထိုထက်ပို၍ နက်ရှိုင်းပါသည်။ အခြားနိုင်ငံများ၏ ဘဏ်စနစ်တွင် လွယ်ကူသောချေးငွေများ၊ ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဘဏ်အတွင်း စီမံချက်များ၊ ခရက်ဒစ်များ ခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ စနစ်များ လုံးဝနီးပါးမရှိပေ။ မြန်မာနိုင်ငံတွင် ကော်ပိုရေးရှင်းများနှင့် ဆိုင်သော ဘဏ်စနစ်မရှိပေ။ စီးပွါးရေးလုပ်ငန်းများ သည် ချေးငွေပြန်ဆပ်သည့် အစီအစဉ်တွင် တစ်နှစ်ထက်ပို၍ မချေးနိုင်ပေ။ ဆိုလိုသည်မှာ ကော်ပိုရေးရှင်းဆိုင်ရာ ငွေချေး မည့် (သဘာဝကျသော ပြန်ဆပ်မည့် အစီအစဉ်ပါဝင်သော) စနစ်မရှိပေ။
ဘဏ်မန်နေဂျာများသည် နေ့စဉ် စာရင်းပိတ် လက်ကျန်အခြေအနေကို ဗဟိုဘဏ်သို့ တယ်လီဖုန်းဖြင့် အစီရင်ခံ ကြရပါသည်။
ယခုအခါ ဘဏ်နှင့်ဆိုင်သော ဥပဒေကို လွှတ်တော်တွင် ရေးဆွဲလျက်ရှိရာ၊ ထိုဥပဒေ အတည်မပြုမချင်း၊ အမြစ် မှစ၍ အကိုင်းအခက်များအထိ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ဦးမည်မဟုတ်ပေ။ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည့်တိုင် ဘဏ်များသည် မျိုးဆက်နှစ်ခုခန့် စီမံခန့်ခွဲမှုအမှားများဖြင့် တည်ဆောက်လာသော ဘဏ်စနစ်အတွင်း ကြိးမားသော ယုံကြည်မှု မရှိခြင်းကို ကျော်လွှားရဦးမည် ဖြစ်ပါသည်။ ပြည်သူအများစုက ဘဏ်များအပေါ် ကြီးစွာသံသယရှိနေဆဲ ဖြစ်ပါသည်။
ပြောင်းလဲမှုအတွက် ထင်ရှားသော လက္ခဏာတစ်ခုမှာ ခရက်ဒစ်ကဒ်များ တွေ့လာရခြင်း ဖြစ်ပါသည်။ သို့သော် Visa နှင့် Mastercard တို့သာ ဖြစ်ပါသည်။ ပြည်တွင်းခရက်ဒစ်ကဒ်များ မရှိသေးပေ။ Visa သည် ယခုနှစ်ကုန်တွင် ငွေကြို တင်သွင်းသော ခရက်ဒစ်ကဒ်ထုတ်ရန် စီစဉ်နေပါသည်။
၎င်းမှာ သေးငယ်သောခြေလှမ်းမျှသာဖြစ်ပါသည်။ သို့သော်မြန်မာနိုင်ငံတွင် ဤသေးငယ်သော ခြေလှမ်းကိုပင် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိစေရန် အရေးပါလှပါသည်။ သို့မှသာ ကမ္ဘာကြီး၏ ပေါင်းစုထားသော ငွေကြေးစနစ် ကြီး၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရန် အသင့်ဖြစ်မည် ဖြစ်ပါသည်။
့yangon chronicle