Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လွှတ်တော်တက်အမတ်မင်းအပေါင်း အညောင်းအညာလေးတော့ပြေပါစေ..(ဟံသာဝတီဦးဝင်းတင်)

$
0
0

“ကျွန်မတိုပာာအတိုက်အခံပဲပေါ့။ ဒါပေမဲ့ ရန်ဖြစ်ဖို့လာတဲ့ အတိုက်အခံ မပာုတ်ဘူး။ နိုင်ငံတော်ကို ၊ ပြည်သူကိုသစ္စာခံမယ့် အတိုက်အခံပေါ့”တဲ့။ “တရားဥပဒေစိုးမိုရေးအခြေခံ၊ ဒီမိုကရေစီအခြေခံနဲ့အားလုံးကိုပူးပေါင်း လက်တွဲသွားမယ်”တဲ့။

ကောင်းသဗျာ။ ဒေါ်စုပါးစပ်ကထွက်တဲ့စကား ဖြစ်ပေမဲ့ ဒီချုပ်တစ်ချုပ်လုံးရဲ့စကား။ ဒီချုပ်ပြည်သူ့ ကိုယ်စားလှယ်အားလုံးရဲ့ စကားဖြစ်ပေသဗျာ။

ကျုပ်လည်း အသက်တွေက ကြီးသထက်ကြီးလာတော့ ညဏ်မနီး ဒုံးဝေးဆိုတာမျိုး ဖြစ်လာ တယ်ဗျ။ အားအားရှိတောင်တွေး၊ မြောက်တွေးပေါ့။ ကျုပ်ကငေးမယ်၊ တွေးမယ်၊ရေးမယ်ဆိုတဲ့ဝါဒ ဆုတ်ကိုင်တဲ့လူ။ အခုကြုံလာတဲ့ဒာနေအထားက စကိုင်းနက်လွှင့်တဲ့လွှတ်တော်တီဗီ သတင်းတွေပဲ ထိုင်ငေးနေရတာဗျို့။ ဒီတော့ တစ်နေ့တစ်နေ့ ထိုင်တွေးနေမိတဲ့အချိန်တွေလည်း များလာတာ ပေါ့။ ဒီလိုဆို ရေးကြည့်ဦးမယ်လေဆိုပြီး ဒီစာရေးပါတယ်။

ပိာုရှေးအခါ သမယတုန်းကတော့မှတ်မိတာတွေ စုံလို့ပေါ့ဗျာ။ လွှတ်တော်ထဲမှာ ဘယ်လိုကြဲကြသလဲ။ ဘယ်လိုချော်ကြ၊ ပျော်ကြ၊ဆော်ကြ၊ ကလော်ကြ၊ အော်ကြ၊ လှော်ကြသလဲ။ သံစုံတီးဝိုင်းကြီး ဆော်ပလော်တီးနေသလား ထင်ရတာဗျ။

အဲဒီလိုကိစ္စတွေပာာ ဒီနေ့ နေပြည်တော်က စစ်ဗိုလ်တစ်မတ်၊ အရပ်ခြောက်မူး လွှတ်တော်ကြီနဲ့ လားလားမှမဆိုင်ပေဘူးဗျ။ ဒီတော့လည်း ဒါတွေထားလိုက်ပါတော့လေ ဆိုတာမျိုးလောက် ပြောကြတာပေါ့။

ကျုပ်ရဲ့ချွတ်ခြုံကျ ဦးနှောက်ထဲက မူးတင်း ပဲတင်း မှတ်ညဏ်လေးဖျင်းဖော်ထုတ်ပြောမယ်။

၁၉၆၀ မှာကျုပ်တို့ရဲ့ ဆရာသမား သတင်းစာဆရာကြီး ဦးညိုမြ လွှတ်တော်အမှတ်ဖြစ်လာသဗျ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကဆို ထင်ပါရဲ့။ လွှတ်ထဲမှာ အမှတ်မင်းကြီးဦးညိုမြ စကားပွဲဦး ထွက်တယ်။ စကားပွဲဦးဆိုပေမဲ့ စာရွက်ကြီးဆုတ်ကိုင်ဖတ်တာဗျ။ ဒီနေ့ လွှတ်တော်ဒီဗီသတင်းတွေ ထဲမှာ ကျုပ်တို့ မြင်နေကြရတဲ့ပုံနဲ့ချွတ်စွတ်ပေါ့ဗျာ။

“ အမတ်မင်းလွတ်တော်ထဲမှာ စာရွက်မဖတ်ရဘူး။ အလွတ်ပြောပါ”

လွတ်တော်ဥက္ကကြီးက ဝမ်တိန်သတိပေသဗျ။

အမတ်မင်း ဦးညိုမြကတော့ မသိတာလား၊ မသိယောင်တာလား။ မကြားတာလား၊ မကြားယောင်ဆောင်တာလား မသိဘူးဗျ။ အသံအက်ကွဲကြီးနဲ့ ဇွတ်ဆက်ဖတ်မြဲ ဖတ်နေတော့ တာပေါ့။

ဒုတိယမ္ပိ ဝမ်တိန်သတိပေးပြန်ရော။ ဥက္ကဌကြီးက ဥက္ကဌကြီးက။

ဦးညိုမြတော့’နိုး’ကြာပဲဗျ။ မကြာချေမကြာပဲဗျ။နိုး-ကြားစွာပဲစာတွေကို တစ်ရွက်ပြီးတစ်ရွက် ဆက်လို့ သာ ဖတ်နေတော့တယ်။

တတိယမ္ပိ သုံးကြိမ်မြောက်လည်းရောက်ရော ဥက္ကဌကြီး ဦးညိုမြကိုထိုင်ခိုင်းပါလေရော။

လွှတ်တော်ဆိုတာ စာနဲ့မပြောရဘူးလေဗျာ။ လျှာနဲ့ ပြောရတဲ့နေရာဗျာ။ အကိုးအကား စာရွက်စာတမ်းမျိုးသာ ဖတ်ပြခွင့်ရှိတာ။ ဒါတောင် လွှတ်တော်ဥက္ကဌထံခွင့်ပန်ရတာမျိုကိုး။

နောက်တစ်နေ့ထုတ်ကြေးမုံသတင်းစာမှာ ဦးညိုမြသတင်း ပါလာတယ်။ ပင်တိုင်ဆောင်းပါရှင် ဆရာဇဝန ‘ဘိုက်တိုးအမတ် ဦးညိုမြ’ လို့ခေါင်းစဉ်တပ်ပြီး ဆရာဇဝနကိုလည်း လွမ်းသဗျာ။ ဆရာဇဝန ပြောပြခဲ့တာတွေ မှတ်မိနေသေးတယ်။ ဘိုက်တိုးရုံ ဘယ်ကမလဲ။ ခြေထိုးတဲ့၊ ဇောက်ထိုးတဲ့၊ ဗျပ်ထိုးတဲ့၊ ထိပ်ထိုးတဲ့၊ ကပ်ထိုးတဲ့၊ ကိုင်ထိုးတဲ့။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကာလုံးတစ်လုံလည်း မှတ်မိသေသဗျ။ သတင်းထောက်တွေက နေပြည်တော်လွှတ်တော်ကြီးကို ဘယ်လိုသဘောရသလဲ မေးတယ်။

“ဘယ်လိုပြောရမလဲ။ အဲ….အဲ ထောင့်ထောင့်ကြီးလို့ ပြောရမှာဘဲထင်တယ်”။

ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေ။

ဆရာဇဝနသာရှိရင် ခါးခိုင်၊ ခါးနှိပ်၊ ခါးချိုး၊ ခါးထိုးလွှတ်တော်ရယ်လို့များရေမလား

မသိ။ ကုလားလိုမပာုတ်ဘဲ အင်္ဂလိပ်လို ရင်းမရော့လို့ ရေးမလားမသိဘူးဗျာ။ (အဲဒီ အင်္ဂလိပ်စကာလုံး အဓိပ္ပါယ်က တောင့်တောင့်မတ်မတ်ကြီး၊ မာမာတင်းတင်းကြီး၊ အတင်းရှင်း ‘သတိ’ဆွဲကာ အကျင့်ပါနေသလို ကြီးလို့ ဆိုလိုမယ်ထင်ရဲ့)။

တောင့်တောင့်ကြီးဆိုတဲ့စကားနဲ့ စပ်မိလို့ပြောရအုံးမယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီ အာဏာရှင်ခေတ် လွှတ်တော်မှာ ကြားခဲ့ရတာ။

ပျော့စိစိလွှတ်တော်ကြီးပေါ့ဗျာ။

တေးပြုစာဆိုကြီး မြို့မငြိမ်းက “ပျော့ပျော့လေးနဲ့ နှံမယ့်ပုံပေါ်တယ်” လို့ရေးစပ်ခဲ့တယ်။ နံမပာုတ်ဘူး။နှံဗျ။ နံတဲ့ကြောင်ချေးကို မပာုတ်ဘူး။ ချေးပျော့ပျော့နဲ့ နှံမယ့်ကြောင်ကိုပြောတာ။ ဆရာ မြို့မငြိမ်းက ထောင့်ထောင့်ကြီးစကားလုံးနဲ့ပတ်သက်လို့တော့ ဘယ်လိုရေးစပ်ခဲ့သလဲမသိဘူး။ ကြောင်နဲ့ နှိုင်းသလား၊ ကျားနဲ့နှိုင်းသလား၊ ကြံ့နဲ့နှိုင်းသလား။ ကျုပ်တော့အမှတ်တရမသိလှပါဘူးဗျာ။

ကဲပါလေ လွှတ်တော်အမျိုးအမည်ဆိုင်ရာ ဝါစာကမာ မကြားဝံ့မနာသာတွေ ပြောမနေကြပါနဲ့ တော့။


ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေက ဒေါ်စုပြောတဲ့စကားကတော့ အရေးတယူ စဉ်းစားသင့် လှတယ်ဗျာ။

ဒေါ်စုကပြောတယ်။

“ကျွန်မတိုပာာအတိုက်အခံပဲပေါ့။ ဒါပေမဲ့ ရန်ဖြစ်ဖို့လာတဲ့ အတိုက်အခံမပာုတ်ဘူး။ နိုင်ငံတော်ကို ၊ ပြည်သူကိုသစ္စာခံမယ့် အတိုက်အခံပေါ့”တဲ့။ “တရာဥပဒေစိုးမိုရေးအခြေခံ၊ ဒီမိုကရေစီအခြေခံနဲ့ အာလုံးကိုပူးပေါင်းလက်တွဲသွားမယ်”တဲ့။

ကောင်းသဗျာ။ ဒေါ်စုပါးစပ်ကထွက်တဲ့စကား ဖြစ်ပေမဲ့ ဒီချုပ်တစ်ချုပ်လုံးရဲ့စကား။ ဒီချုပ်ပြည်သူ့ ကိုယ်စားလှယ်အားလုံးရဲ့ စကားဖြစ်ပေသဗျာ။

ဒေါ်စုပြောတဲ့ နောက်ထပ်စကားတစ်ခွန်းရှိသေးသဗျ။ လွှတ်တော်မှာ လွတ်-ပျော်ချင်ပါသတဲ့။ သူ့စကာလုံးအတိအကျမပာုတ်ဘူး။ အနက်အဓိပ္ပယ်ထွက်တာကိုပြောတာပါ။လွတ်လွတ်လပ်လပ်ရှိချင်တယ်။ ပေါ့ပါးလန်းရွှင်ချင်တယ် ဆိုတဲ့ သဘောပေါ့။

ပာုတ်ပေသားကလား ခင်ဗျာ။ ကိုယ်နားဝေးတာတွေ ထိုင်ငိုက်၊ ကိုယ်မကြိုက်တာတွေ နာငြီးဆိုသလိုဖြစ်နေရလို့ကတော့ ဘယ်ပာန်ကျနိုင်ပါမလဲဗျာ။ ဆီးပိတ်ဝမ်းပျက်၊ ဇက်နာခါးကိုက်၊ ဝမ်းဗိုက်စူရွှဲ ဖြစ်ချင်ဖြစ်ကုန်မှာပေါ့။ နေပြည်တော်နန်းမှာ အနှိပ်ခန်းတွေပေါတယ်ကြားဖူးပါရဲ့။ တော်သေးတာပေါ့ဗျာ။ အညောင်းဖြေစရာအကောင်းဂေပာာလေးတွေ ရှိပေသေးလို့။

ကိုယ်နဲ့လည်း တိုက်ရိုက်မသက်ဆိုင်။ ကိုယ်တိုင်လည်းနားမလည်တဲ့ ကိစ္စရပ်မျိုးတွေ ဆွေးနွေးတဲ့အခါ စာကြည့်ခန်းပြေး၊ ဆွေးနွေးခန်းချီ၊ စုံညီညှိနှိုင်းဆိုတာတွေ လုပ်နိုင်ကြဖို့ လွှတ်တော်ခန်းမထဲက ခွင့်ပန်ထွက်သွားနိုင်တာမျိုးရှိသင့်သပေါ့။

နိုင်ငံတကာလွှတ်တော်တွေမှာလည်း ဒီလိုမျိုးပဲ ကျင့်သုံးလုပ်ဆောင်နေကြတာ မပာုတ်လားဗျ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၁)၊ အမှတ်(၂၆)။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>