Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှသမ္မတဖြစ်လိုမှု့အပေါ် ရှင်းလင်းချက်..(ရုပ်/သံ)

$
0
0

ကျနော်တို့က အမေစု ကို သမတ ဖြစ်စေလိုပါတယ်... ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး အမေစု ဘယ်လိုပြင်ဆင်ထားလဲ... ကျတော်တို့ကို ဘာများလမ်းညွှန်မလဲ ဆိုသည့် မေးခွန်းကို အမေစု ၏ အဖြေ...

ဒီလိုပဲ ကျွန်မတို့ဟာ ကောင်းတဲ့ အစဉ်အလာတွေကို ချလိုက်လို့ ရှိရင် နောင်လာနောက်သားတွေဟာ ကောင်းတဲ့ အစဉ်အလာအရ ဒီနိုင်ငံကို ဆက်ပြီးထိန်းသိမ်းသွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါကြောင့် ကျွန်မတို့ရဲ့ ယခုခောတ်ဟာ စနစ်တစ်ခုပြောင်းဖို့တင်မကဘူး ... အစဉ်အလာကောင်းတွေကို ချမှတ်ရမယ့် ခောတ်ဖြစ်တယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်... အဲ့ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတင်မက အနာဂတ်အတွက်ကောင်းမယ့် အစဉ်အလာကောင်းတွေကို ချမှတ်တဲ့ နေရာမှာ ၊ ကြိုးစားတဲ့ နေရာမှာ ၀ိုင်းပြီးတော့ ကူညီကြပါလို့ မေတာရပ်ခံချင်ပါတယ်...

ဥပဒေရေးဆွဲနေတဲ့ သူတွေတောင် ဥပဒေပညာမတတ်ပါဘူးးး(ရယ်လျှက်... ကျွန်မကိုယ် ကျွန်မပြောတာပါ...)... တက္ကသိုလ်က ဥပဒေပညာတွေတောင် အဆင့် မမှီလို့ ကြိုးးးစားနေရတုန်းးးပဲ..
(ဒေါ်အောင်ဆန်းစုကြည်)

video သတင်း။။ Ko MawPyay
နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ပြီးတော့ အစိုးရဖွဲ့ဖို့ ကြိုးစားကြတာပဲ။ ဒါ ဒီမိုကရေစီနိုင်ငံရေးပဲ။ အစိုးရဖွဲ့ပြီဆိုရင် ဒီပါတီရဲ့ခေါင်းဆောင်ဟာ အစိုးရရဲ့ခေါင်းဆောင်ဖြစ်တယ်။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်လုပ်ပြီဆိုလို့ရှိရင် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်မလုပ်ချင် မလုပ်နဲ့။

ပါတီထဲမှာကို ခေါင်းဆောင်မလုပ်နဲ့။ အဲဒါဟာ ကိုယ့်ရဲ့ တာဝန်အရ လုပ်ရဲရမယ်။ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ဥပဒေပဲဖြစ်တယ်။ ဒါ ကျွန်မ ရှင်းရှင်းလင်းလင်းပြောမယ်။

(ဒေါ်အောင်ဆန်းစုကြည်)

ပညာရေးတွင်မူလတန်းမှစတင်ပြီးမကောင်းပါကနိုင်ငံ၏ အနာဂတ်အတွက်စိုးရိမ်ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြင်ဦးလွင်မြို့ ရှိ မီးပုံးပျံကွင်းတွင်လူထုနှင့်တွေ့ဆုံစဉ်ပြောသည်။
"မူလတန်းကတက်သွားတဲ့ကျောင်းသားတွေထဲမှာ၁၀ရာခိုင်နှုန်းလောက်ပဲဆယ်တန်းရောက်တာ၊ဒါတောင်အကုန်လုံးမအောင်နိုင်ဘူး"
ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ပညာရေးသာမကကျန်းမာရေးတွင်လည်းမြန်မာနိုင်ငံတွင်လိုအပ်ချက် ရှိသည်ဟု၎င်းကသုံးသပ်သည်။
"ဆေးရုံတွေမှာဆေးဝါးတွေ၊ဆရာဝန်တွေမလုံလောက်ဘူးရွာတွေမှာဆိုပိုတောင်ပိုဆိုး တယ်၊မီးဖွားပေးမဲ့ဆရာဝန်တွေမရှိဘူး "ဟု၎င်းကဆို သည်။

ထို့အပြင်မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုအလွန်နည်းပါးနေသေးကြောင်း" နိုင်ငံခြားသားတွေကဒီနိုင်ငံမှာရင်းနှီးမြှပ်နှံချင်တယ်
ဒါပေမဲ့တရားဥပဒေစိုးမိုးမှုရယ်၊အခြေခံအဆောက်အအုံရယ်လိုအပ်တယ်ဟု ၄င်းကပြောသည်။

နိုင်ငံခြားသားများသာမကမြန်မာနိုင်ငံသားများလည်းတရားဥပဒေစိုးမိုးမှူလိုအပ်သည်ဟု၎င်းကထပ်မံပြောသည်။(popular news journal)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>