

ဒီနေ့ ကချင်ဒေသ နိင်ငံသား ကချင်းတိုင်းရင်းသားတွေနဲ့ အတူ နိင်ငံသား ရန်ကုန်သားတွေ တစ်သားရှိတာကို ပြခဲ့ကြတယ် ။ အဲဒီပွဲမှာ ကချင်ဒေသ စစ်ဒဏ်သင့် ဒုက္ခသည်စခန်းက ကချင် ဒေါ်ဒေါ်တစ်ယောက်က ဒီလိုပြောသွားတာ ရင်ထဲမှာ နင့်ပြီး တစ်ခုခု လုပ်ပေးနိင်စွမ်းရှိရင်ဆိုပြီး တွေးမိတယ် ။ နောက် ကချင်နိင်ငံသား မိတ်ဆွေကို တွေးမိတာလေးပြောခဲ့တယ် ။ ကချင်ဒေသမှာ ငြိမ်းချမ်း မျှတမှုတွေ ရစေဖို့ ကချင်ဒေသခံတွေက လိုအပ်လို့ ခေါ်ခိုင်းမယ်ဆို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်ဝင်များမှ အသင့်ရှိနေပါ့မယ်ဗျာ ။ အော် ကချင်ဒေါ်ဒေါ် ဘာပြောခဲ့တယ်ဆိုတာ တင်ပြပေးပါအုန်းမယ် ။
သူက တစ်ချိန်က ကချင်ဒေသ မြို့တစ်မြို့မှာ သူအိုး ၊ သူ့အိမ် ၊ သူစည်းစိမ်နဲ့ သူ့ယာ သူအလုပ်နဲ့ သူလဲ လူတစ်ယောက်လုပ်ခဲ့ဘူးတယ် ။ ဒါပေမဲ့ စစ်ဖြစ်တော့ အိမ်တွေစွန့် ယာတွေစွန့် စစ်ဘေးလွတ်ရာ ပြေးခဲ့ရတယ် ။ အဲဒီအချိန်ကစပြီး အိမ်အပြန်လမ်းတွေဟာ လမ်းတွေ မဟုတ်တော့ပဲ မိုင်းတွေ သာ ဖြစ်နေရတော့တယ် ။ သူ့အိုး သူအိမ် ၊ သူ့ယာ တွေကို ရောက်ခဲ့ပြန်တော့လည်း သူ့မရောင်းခဲ့တဲ့ နေအိမ်တွေမှာ ပိုင်ရှင်အသစ်တွေ ရောက်နေတယ်တဲ့ဗျာ . စကားလုံးတွေကို ရွေးချယ်ပြီး
သတိကြီးကြီး ပြောနေတဲ့ မိမိခံစားမှုကို ပေါ်လွင်အောင် ပြောနေတဲ့ သူနှလုံးသားကို လှမ်းကြည့်မိတော့ . . . ကျွန်တော် အရမ်းရှက်သွားတယ် ။ အရမ်း ကြောက်မိတယ် ။
ဗမာစစ်တပ်လာရင် ပုံးမလို့ဆိုပြီး သစ်ကိုင်းခြောက်အကျိုးလေးနဲ့ တွင်းတူနေတဲ့ ကလေး ၊ဗမာတွေကို မုန်းတယ်ဆိုတဲ့ မပီကလာ စကားဆိုနေတဲ့ ကချင်ကလေးငယ်တွေရဲ့ စကားသံတွေ နားနဲ့ ကြားခဲ့ဘူးတဲ့ ကျွန်တော် . . .
အနာဂါတ်အတွက်ဆိုတဲ့ အတွေးတွေနဲ့ သူတို့ အရွယ် သူတို့အချိန်မှာ ကျောင်းခန်းထဲက စာရွတ်သံတွေနဲ့ စာရေးနေရမဲ့လက်တွေက သူတို့တွေ ရှင်သန်မှုလေး ရှည်ကြာစေဖို့ ဗုံးခိုကျင်းတွေ တူးရင်း တွင်းပိလို့ သေရတဲ့ ကလေးတွေကိုမှ ရှက်စိတ်မပြေတုန်း ကချင်ဒေါ်ဒေါ်ရဲ့ ပိုင်ရှင်အသစ်တွေဆိုတဲ့ စကားက ကျွန်တော် ရှက်ပါတယ် ။ ကျွန်တော်တို့ ဗမာတွေကို တိုင်းရင်းသားတွေ ဘာကြောင့်မုန်းနေရတယ်ဆိုတာ ပိုခံစားရမိတယ် ။
ကျွန်တော်တို့ ကို ဘာလို့ ခြားထားကြတာလဲဗျာ . . . ကျွန်တော်တို့တွေဟာ တစ်မြေထဲ တစ်ရေထဲက နိင်ငံသား တိုင်းရင်းသား စစ်စစ်တွေပါ ။ သူ့သမိုင်း ၊ သူယဉ်ကျေးမှု ၊ သူ့သဘာဝတွေနဲ့ နိင်ငံသားတွေကို ပုံစံခွက်ထဲထည့်ပြီး လိုသလိုချယ်လှယ်ခဲ့မှု အဆက်ဆက်ကြောင့် ကျွန်တော်တို့ဟာ မွေးကတည်းက နိင်ငံသားချင်း အမုန်းခံရတဲ့ သူတွေ ဖြစ်လာခဲ့ရတယ် ။
ခေတ်အဆက်ဆက် ကျွန်တော်တို့ အုပ်ချုပ်သူတွေအတွက် ကျွန်တော်တို့ ဒီခံစားမှုတွေကို တိုင်းရင်းသားဒေသတွေမှာ အနည်းနဲ့ အများ ရိုက်ခတ်ခံနေရတုန်းပဲလေ . . . ။
ဒီနေ့ အချိန်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုကို ဖော်ဆောင်မယ်လို့ ခဏခဏ
ဆိုနေတဲ့ အစိုးရနဲ့ ကချင်နိင်ငံသားအရေး ငါတို့ နိင်ငံသားအရေးလို့ ခံယူတဲ့ ခေတ်လူငယ် ၊ ခေတ်လူကြီးတွေကြောင့် အဲဒီခံစားမှုတွေ နည်းနည်းတော့ လျော့လာတယ် ။
ဟန်ဆောင် ပန်ဆောင်တော့ မလုပ်ကြပါနဲ့တော့ဗျာ . . . ၊ ကျွန်တော်တို့ နိင်ငံသားတွေ အချင်းချင်း ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိင်ဖို့ နိင်စွမ်းသမျှ ကြိုးစားချင်ပါတယ် ။ ဘယ်နိင်ငံကို ကြည့်ကြည့် တိုးတက်မှုတွေ ဖြစ်လာတယ်ဆိုတာ ယုံကြည်မှုတွေ တိုးလာလို့ပါပဲ ။ ယုံကြည်မှုတွေ တိုးလာအောင် ထောင်တွေ ၊ ကျည်ဆံတွေ ၊ ဗုံးတွေနဲ့ တည်ဆောက်လို့ မရနိင်ပါဘူး ။
ညီမျှတဲ့ ဥပဒေတွေနဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေး ညှိုနှိုင်းမှုတွေကနေသာ စစ်မှန်စွာ ရနိင်ပါတယ် ။
နိင်ငံသားအချင်းချင်း ယုံကြည်မှုတွေ ရလာပြီး ညီမျတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့
ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားတွေကနေသာ တည်ဆောက်နိင်တာမို့ . . .
သူတို့ဟာ ကျွန်တော်တို့ပါလို့ . . . ကျွန်တော်တို့ ပြောနေတာထက် အာဏာပိုင်တွေ အနေနဲ့ ညီမျှတဲ့ ဥပဒေတွေနဲ့ အလုပ်တွေ လုပ်ပြပြီး သက်သေထူပေးပါ ။
အဲဒီတွက် ကျွန်တော်တို့ကို ခိုင်းမယ်ဆိုရင်လဲ ကျရာနေရာကနေ ကြိုးစားပါ့မယ် ။
တစ်ခုတော့ ထပ်သတိပေးချင်ပါတယ် ။ လုပ်ချင်ယောင်တော့ မဆောင်ကြပါနဲ့တော့ . . .
သမိုင်းအဆက်ဆက်ကို မေ့ဖို့ဆိုရင် ပစ္စုတ်ပန်တွေမှာ ကျွန်တော်တို့ ဘယ်လို ရှင်သန်ပြခဲ့မလဲဆိုတာနဲ့ပဲ ဒီဒဏ်ရာတွေကို အချိန်ယူ ဖျောက်နိင်ဖို့ အစိုးရနဲ့ အတူ ပြည်သူတွေကို ပါဝင်ခွင့်ပေးပါ ။ အစိုးရတစ်ရပ်ရဲ့ မှားယွင်းမှုကြောင့် အရောင်ဆိုးခံရတဲ့ နှလုံးသားတွေကို သန့်စင်ဖို့
မေတ္တာတရားစစ်စစ်နဲ့ ရှေဆက်တိုးမြင့် ငြိမ်းချမ်းစေဖို့ စွမ်းဆောင်ပေးပါလို့ အစိုးရသစ်ကို တောင်းဆိုပါတယ် ။ စစ်ပွဲတွေ တစ်ကယ်ပြီးပြီဆိုရင် စစ်ဘေးပြေးနေရသူတွေကို
နေရပ်ပြန်ုပြီး အခြေကျနိင်ဖို့ နေစရာ ၊ စားစရာနဲ့ ၊ အလုပ်အကိုင်တွေ ချိန်တစ်ခုထိ ရပ်တည်ပေးပါ ။
သူတို့နှလုံးသားမှာ ၊ ကလေးငယ်တွေ နှလုံးသားမှာ ၊ ကချင်နိင်ငံသားအားလုံးနဲ့ တိုင်းရင်းသား နိင်ငံသား လူမျိုးခြား နိင်ငံသား အားလုံးရဲ့ နှလုံးသားတွေမှာ . . . ဗမာဆိုတာ နာကျင်မှုတွေထက် အခြားသော နိင်ငံသားတွေကို ကြင်နာမှုတွေ ပေးတက်သူဆိုတဲ့ သမိုင်းသစ်ကို စဖွင့်ဖို့ ငြိမ်းချမ်းရေး ခေါ်သံတွေကြားမှာ ကျွန်တော် ခပ်တိုးတိုးပဲ အခြားနိင်ငံသား ဗမာတွေလို ဆုတောင်းမိပါတယ် ။
ကိုယ်ပိုင်နေစရာမရှိတဲ့ ကျွန်တော် ကချင်ဒေါ်ဒေါ် အိမ်ပြန်ရင် နေဖို့ မဖန်တီးပေးနိင်ရင် . . .
ဒေါ်ဒေါ် ပိုင်ခဲ့တဲ့ နေအိပ်ကို ပြန်ရဖို့ ကျွန်တော်တို့ နိင်စွမ်းတဲ့ ဘက်ကနေ ကူညီပါ့မယ် ။
ဥပဒေမှာ ဒီလိုပြဠာန်းထားတယ်လေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မဆန့်ကျင်လျှင် နိင်ငံတော်သည် နိင်ငံသားများ၏ နေအိမ်ဥပစာ လုံခြုံမှု ၊ ပစ္စည်းလုံခြုံမှု ၊ စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံ မှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမယ်လို့ ဥပဒေပုဒ်မ (၃၅၇) မှာ တိတိလင်းလင်း ပြဆိုထားပါတယ် ။
ဒေါ်ဒေါ် ပြန်ချိန် မြန်မြန်ကြုံပါစေ . . . ဒေသတစ်ခုလုံး နိင်ငံအ၀ှမ်းမှာလဲ အမြန်ဆုံး ငြိမ်းချမ်ပါစေ ။
ဒေါ်ဒေါ် အပြန်ခရီးကို ကျွန်တော်တို့ လိုက်ပို့ခွင့်ရရင် လိုက်ပို့ချင်ပါတယ် ။ အဲဒီအခါ နေစရာ ဒေါ်ဒေါ် မရှိခဲ့ဘူးဆို ကျွန်တော်တို့ ဘ၀နဲ့ လဲပြီး ဒေါ်ဒေါ့်အိမ်လေးမှာ ပြန်နေရဖို့ ကြိုးစားခွင့်ရချင်ပါတယ် ။
မှတ်ချက် ။ ။ ဒေါ်ဒေါ်လိုပဲ ဒေသ သဘာဝနဲ့ မိမိတို့ဘ၀ကို ခင်တွယ်တဲ့ လက်ပံတောင်းတောင်ဒေသခံတွေကလဲ ဒီသတင်းကျွန်တော်ပြောရင် သူတို့ကလဲ
ဒေါ်ဒေါ် အပြန်ခရီးကို လိုက်ပို့ချင်ကြမှာဗျ ။ ဘာလို့ဆို သူတို့ ကိုယ်တိုင်က အခုချိန်မှာ သူတို့ နေအိမ်လေးတွေ ၊ သူတို့ကျေးရွာလေးတွေ ၊ သူတို့ သဘာဝတရားတွေကို မစွန်လွှတ်နိင်လို့ ထောင်နှုတ်ခမ်းကို ခြေနင်းပြီး တရားမျှတမှု လိုနေကြောင်းကို ပြနေကြရလို့လေ ။
လက်ပံတောင်းဒေသခံတွေ ကိုယ့်လယ်မှာ ကိုယ်ထွန်တဲ့သူ နဲ့ အဲဒီသူတွေကို ကူညီလို့ဆိုပြီး ကိုအောင်စိုး ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် နဲ့ ဆည်တည်းရွာသား ကိုစိုးသူ ၊ ကိုမောင်ဆန်း တို့ကို တစ်လကျော်ကြာအောင် ဘာဥပဒေ အကာအကွယ်မှ မရပဲ ၊ မိသားစုနဲ့ ဆက်သွယ်ခွင့်မရပဲ ထောင်တွေ ချလိုက်ကြတယ်လေ ။ အဲဒါတောင် ထောင်ကျပြီလို့ပဲ သိသေးတာနော် ။ ဘယ်ထောင်မှာ တစ်ကယ်ရှိနေတယ်ဆိုတာ မသိရသေးဘူးလေ ။
ဒေါ်ဒေါ် အဲဒီအခြေအနေမျိုးကြုံလာရင် တောင် ကျွန်တော်တို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်တွေ
က ဒေါ်ဒေါ် နေစရာအိမ်လေးအတွက် ကျေကျေနပ်နပ်ရပ်တည်ပေးပါမယ်လို့သာ ပြောပါရစေတော့ . . .
လေးစားလျှက်
ကိုဝေလု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်