

ပြင်ဦးလွင်မှာ ဦးဇင်းတစ်ပါးအမေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ။
မေး ။ ဦးဇင်းတို့က ဒကာမကြီးကို မိခင်တစ်ယောက်လိုပဲ၊ တိုင်းသူပြည်သားတွေကလည်း ဒကာမကြီးကို မိခင်တစ်ယောက်လိုနဲ့၊ အားကိုးခဲ့တယ်။ ခုလဲပဲ နှစ်နှစ်ဆယ်ကြာ အမေစုကို မျှော်ခဲ့ရတာ ကနေ့ အချိန်ရောက်ပြီ။ ဒါပေမဲ့ ခု ဒီနေ့ ဒီချိန်မှာ ဦး ဇင်းတို့ ပြည်တွင်းမှာ ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ မြို့တော်တော်များများမှာ ဦးဇင်းတို့ဘာသာတရားကို ချုပ်ချယ်ပြီးတော့ အမျိုးမျိုးခုတုံးလုပ်ပြီးတော့ ဒါနှိပ်စက်ခံနေရတာ လူမျိုးခြားတွေက နှိပ်စက်နေတာ အမေစုအနေနဲ့ အဲ့ဒါ အတတ်နိုင်ဆုံး ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါသလဲ။
ဖြေ။ ကျွန်မတို့က ဒီဥစ္စာကို မကြာခင်တုန်းက ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်တယ်။ ၅ ရက် ၆ ရက် ၇ ရက်မှာ။ အဲ့ဒါဆိုရင် တစ်ကမ္ဘာလုံးကနေ လူမျိုးစုံ ဘာသာစုံ ရောက်ကြပါတယ်။ ရောက်ကြတဲ့ အခါကြတော့ လူမျိုးစုံ ဘာသာစုံက အားလုံးပဲ ညီညီညွတ်ညွတ်နဲ့ သူတို့ အတူတူအလုပ်လုပ်ကြတယ်။ အတူတူနှီးနှောဖလှယ်ကြတယ်။ အဲ့တော့ အဲ့ဒီကလူငယ်တွေကို တပည့်တော်မ မေးကြည့်ပါတယ်။ အခုဆိုလို့ ရှိရင် ဘာသာရေးနဲ့ ပက်သက်လို့ လူမျိုးရေးနဲ့ပက်သက်လို့ ပဋိပက္ခတွေ ဖြစ်နေတာတွေက ဘာဖြစ်လို့ဖြစ်နေတယ်လို့ထင်သလဲ။ ဒါတွေကို ဘယ်လိုလုပ်ပြေလည်အောင်လုပ်လို့ရမယ် ထင်သလဲ ဆိုတော့ အဲ့ဒါတပည့်တော်မတို့ ဆွေးနွေးတဲ့အခါကြတော့ အခြေခံအားဖြင့်လိုအပ်ချက်ကတော့ အပြန်အလှန်နားလည်မှုရှိရမယ်။ အပြန်အလှန်လေးစားမှုရှိရမယ်။ တစ်ဖက်ကနေ တစ်ဖက်ကို အထင်သေးတယ်၊ တစ်ဖက်ကနေ တစ်ဖက်ကို နိုင့်ထက်သမူပြုတယ်ဆိုတာ မရှိရဘူး။
နောက်ပြီးတော့ ကိုယ်နဲ့မတူလို့ ကိုယ့်ရန်သူဆိုတာ စိတ်ထဲမှာ ထားလို့မဖြစ်ဘူး။ အဲ့ဒါ တပည့်တော်မတို့ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက်ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ကြိုးစားရမှာပါ။ ဒီတော့ တပည့်တော်မတို့ရဲ့ နိုင်ငံအတွင်း နိုင်ငံသူ နိုင်ငံသား များဟာ ကိုယ့်ရဲ့နိုင်ငံကို ဦးထိပ်ထားပြီးတော့ ဒီနိုင်ငံအတွင်းမှာ အေးချမ်းဖို့အတွက် အဲ့ဒါကို အဓိကထားပြီးတော့ကာ လုပ်ဖို့ရာ အရေးကြီးပါတယ်။ တပည့်တော်မလဲ ပြောပါတယ်။ ဒီနိုင်ငံမှာ အခုခေတ်မှာဆိုလို့ရှိရင် တစ်နိုင်ငံတွင်းမှာ ဖြစ်တဲ့ ကိစ္စတွေဟာ သူ့ချည်းပဲ ထီးထီးထားလို့ အထီးကျန်ထားလို့ မရဘူး။ တစ်ကမ္ဘာလုံး အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေတယ်။ အဲ့ဒီဆက်နွယ်နေတာကြောင့်မလို့ အမြင်ကျယ်ကျယ်လေးကြည့်ရမယ်၊ အပြင်ကနေပြီးတော့ အထဲကို ကြည့်တဲ့အခါကြရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အထဲကနေ အပြင်ကို ကြည့်တဲ့အခါကျရင်လည်း နားလည်မှုနဲ့ ကြည့်ရမယ်။ အဲ့တော့ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ သဘောထားလဲကြီးရမယ်၊ အမှန်တရားကိုလည်းမြတ်နိုးရမယ်၊ နောက်ပြီးတော့ တပည့်တော်မတို့ ဗုဒ္ဓဘာသာ များ ဖြစ်တဲ့အတိုင်း မေတ္တာကရုဏာကိုလည်း တတ်နိုင်သလောက်ပွားရမယ်။
ဒါပေမဲ့ အဓိကအရေးအကြီးဆုံးက စောစောကတပည့်တော်မလည်းပြောတဲ့ တရားဥပဒေစိုးမိုးရေးပဲ။ အဲ့ဒီဟာနဲ့ စတာပဲ။ အခုတပည့်တော်မကနေ ဘယ်နေရာမှာဘာဆိုပြီးတော့ အသေးစိတ် ပြောမသွားချင်ဘူး။ ဒါပေမဲ့ ဖြစ်တဲ့ကိစ္စမှန်သမျှဟာ စောစောစီးစီးကတည်းက တရားဥပဒေ စိုးမိုးရေးနဲ့ ကြတ်ကြတ်မတ်မတ် ထိန်းလိုက်လို့ရှိရင် အဲ့လို အန္တရယ်တွေက ပွားသွားမှာ မဟုတ်ဘူး။ အဲ့ဒီလို တရားဥပဒေနဲ့ ကြတ်ကြတ်မတ်မတ်မထိမ်းတော့ အဲ့လိုဖြစ်ခဲ့တာလို့ တပည့်တော်မ ဒီလိုပဲပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးဆုံး ရလဒ်တစ်ခုက ဘာလဲဆိုတော့ လူတွေရဲ့ စိတ်လုံခြုံမှု၊ စိတ်လုံခြုံရင် ငါတို့အိမ်ကို ဘယ်သူကမှ လာမီးမရှို့ဘူး။ ငါတို့ကို ဘယ်သူကမှ အန္တရယ်မပြုဘူး။ စိတ်လုံခြုံမှု ရှိပြီဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ယူလို့ရတယ်။ စိတ်လုံခြုံမှုမရှိတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ယူပါဆိုတော့ ပြောလို့မရဘူး။ အဲ့ဒါတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တပည့်တော်မတို့ တရားဥပဒေစိုးမိုးရေးကို အလေးထားတဲ့ အလျောက် တရားဥပဒေစိုးမိုးရေးကနေပဲ စရမယ်လို့ တပည့်တော်မ လျောက်ချင်ပါတယ်။
(Global ခေတ်ကြီးထဲ ရောက်နေပေမဲ့ အစစအရာရာ နောက်ကျကျန်နေမှု တွေမှာ အတွေးအခေါ်နဲ့ အမြင်တွေပါ ပါနေလေတော့ မြန်မာတွေ ကမ္ဘာကြည့်ကြည့်မြင်တတ်ဖို့ ကြိုးစားကြပါစို့...။)