(12 June 2013 ရက်စွဲပါ The Japan Times မှ Martin N.Baily နှင့် Richard Dobbs တို့ရေးသားသော Has Myanmar’s moment come at last? ကိုဘာသာပြန်ဆိုသည်)
ရန်ကုန်သည်ကာလတိုအတွင်းလှုပ်ရှားမှုများ၊ အဖြစ်အပျက်များဖြင့်မြိုင်ဆိုင်နေပါသည်။ ပြီးခဲ့သည့်လက ဦးသိန်းစိန် သည် နှစ်ပေါင်းငါးဆယ်ခန့်အတွင်း အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ဖြစ်လာပါ သည်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိန္ဒိယဝန်ကြီးချုပ်မန်မိုပာန်ဆင်းအစ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးအထိ ခေါင်းဆောင်များ ရန်ကုန်သို့သွားရောက်ခဲ့ကြပါသည်။
အမှန်တကယ်ပင် နိုင်ငံခြားအစိုးရများမှသံရုံးများ မြန်မာနိုင်ငံတွင်ပြန်လည်ဖွင့်လှစ်ရန် အပြေးအလွှားပြန်လာနေကြ သည်။ ထို့အပြင်နိုင်ငံစုံအဖွဲ့အစည်းများနှင့် ကမ္ဘာအနှံ့မှဝန်ကြီးပောာင်းများသည် အာဏာပိုင်များအား ရည်မှန်းချက်ကြီးသော အစီအစဉ်များ တိုးတက်ရေးအတွက် အကူအညီပေးရန် ဝင်ရောက်လာကြပါသည်။
လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြည်းဆည်းရေးမှ အစပြု၍ အစိုးရအုပ်ချုပ်မှု စွမ်းရည် တည်ဆောက်ရေးများတွင် အကူ အညီ ပေးရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများကလည်း အခွင့်အလမ်းများကို တက်ကြွစွာရှာဖွေနေကြပါပြီ။
ထိုသို့ အာရုံပြုနေကြသည်မှာ အံ့သြဖွယ်တော့ မပာုတ်ပေ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စီးပွားရေးအရ အထီး ကျန်ဖြစ်ပြီး ဆိုးရွားစွာခံစားခဲ့ရပြီး၊ အာရှ၏မတို့မထိရသေးသော ကြီးမားသော ဈေးကွက်အဖြစ် ယခုထွက်ပေါ်လာနေပါသည်။ ယခုအခါတိုင်းပြည်သည် တံခါးဖွင့်နေပြီဖြစ်၍ ရင်းနှီးမြှုပ်နှံသူများသည် နှစ်ပေါင်းများစွာ ရေရှည်ခံမည့်တည်ဆောက်ပုံ ခိုင်မာ ရေး ထူထောင်နိုင်ရန် မျှော်မှန်းနေကြပါသည်။
သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်နေသော မျှော်မှန်းချက်အတိုင်း အကျိုးအမြတ် ရှိနိုင်သလော။ အဓိကကျသော မသေချာ၊ မရေရာမှုနှင့် စွန့်စားရမည့် အန္တရာယ်များ ရှိနေသည်ဆိုသည် သံသယဖြစ်ဖွယ်မရှိပေ။ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများ မည်သို့တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်နိုင်မည်ဆိုသည့်အချက်ကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေ ကြပါသည်။ အစိုးရသည် တိုင်းရင်းသားအုပ်စုများနှင့် မခိုင်မာသေးသော ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်မည်လား ဆိုသည်မှာ အချက်နှင့် ဥပဒေများနှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်များ မည်သို့တိုးတက်လာနိုင်သည် ဆိုသည့်အချက်များမှာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။ ထို့ပြင် စီးပွားရေး၏ အလားအလာများကို တွက်ချက်ရန်လည်း ခက်ခဲပါသည်။ အဘယ်ကြောင့် ဆို သော် စိတ်ချရသော အချက်အလက်နည်းပါးခြင်း၊ အခြေခံသိသင့်သည့် လူဦးရေပမာဏကိုပင် တိတိကျကျမသိရခြင်းနှင့် သမိုင်းမှ စီးပွားရေးတိုးတက်မှုများမှာလည်း လျှို့ဝှက်ထားခဲ့ခြင်းများကြောင့်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းကို အလွန်တရာအားနည်းချက်များရှိသော အခြေအနေမှ စတင် ခဲ့ရသည်ပာုဆိုလျှင် သံသယရှိလိမ့်မည်မပာုတ်ပာု McKinsey Global Institue(MGI)၏ အစီရင်ခံစာသစ်ကဆိုပါသည်။
မြန်မာနိုင်ငံသည် အမှန်တကယ်ပင် ၂၀ ရာစုအတွင်းက ကမ္ဘာ့စီးပွားရေးမြင့်မားစွာ တိုးတက်မှုနှင့် မထိတွေ့ခဲ့ရပေ။ ကမ္ဘာလုံးဆိုင်ရာ GDP သည် လေးဆခန့် မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံမှာ တိုးတက်မှုလုံးဝမရှိခဲ့ပေ။
ထို့အပြင် ထုတ်လုပ်မှု စွမ်းအားလည်း နိမ့်ပါသည်။ မြန်မာနိုင်ငံမှ အလုပ်သမားတစ်ဦးသည် ၂၀၁၀ ခုနှစ်တွင် ပျှမ်းမျှ အားဖြင့် စီးပွားရေးတန်ဖိုး ဒေါ်လာ(၁၅၀၀)ခန့်သာ ထည့်ဝင်နိုင်ရာ အာရှမှအလုပ်သမား(၈)ဦး၏ ပျှမ်းမျှထည့်ဝင်မှု၏ ၃၀ ရာခိုင်နှုန်းသာ ရှိပါသည်။ မြန်မာနိုင်ငံ၏ GDP သည် အာရှ၏ ၀.၂ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိပြီး၊ Bristol၊ ဒေလီနှင့် Seville မြို့များ၏ GDP နှုန်းလောက်တွင်သာ ရှိပါသည်။
မြန်မာနိုင်ငံသည် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရန် ခြေလှမ်းပြောင်းလဲရန် လိုအပ်ပါသည်။ မျှော်မှန်းထားသော ပြောင်းလဲလာမည့် လမ်းကြောင်းများနှင့် သမိုင်းကြောင်းအရ အလုပ်သမားထုတ်လုပ်မှု စွမ်းရည်ကြီးထွားမှုကို ကြည့်မည် ဆိုပါက နှစ်စဉ် GDP သည် ၄ ရာခိုင်နှုန်းထက်ပင်နည်းနိုင်ပြီး၊ လက်ရှိအများမျှော်မှန်းထားမှုထက် လျှော့ပါလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသည် နှစ်စဉ်အလုပ်သမား ထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိခန့်မှန်းမှု ၂.၇ ရာခိုင်နှုန်းမှ တရုတ်နှင့် ထိုင်းအပါအဝင် မကြာသေးမီ ဆယ်စုနှစ်များက အခြားအာရှနိုင်ငံများ ရရှိခဲ့သော ၇ ရာခိုင်နှုန်းထိ မြှင့်တင်မည်ဆိုပါက နှစ်စဉ် GDP သည် ၈ ရာခိုင်နှုန်းထိပင် တိုးတက်နိုင်စွမ်းရှိပါသည်။ သို့မှသာ ၂၀၁၀ တွင်ရှိသော စီးပွားရေးတန်ဖိုးဒေါ်လာ ၄၅ ဘီလီယံမှ ဒေါ်လာ ၂၀၀ ဘီလီယံသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံသည် ထိုသို့သောတိုးတက်မှု အရှိန်အပာုန်ရရှိရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမရှိဘဲ ဖြစ်နိုင် လိမ့်မည်မပာုတ်သည်မှာ အသေအချာဖြစ်ပါသည်။ MGI ၏ သုတေသနပြုချက်အရ ယခုမှစ၍ ၂၀၃၀ တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ(၁၇၀) ဘီလီယံနှင့်အတူ စွမ်းဆောင်ရည်များနှင့် နည်းပညာများတွဲလျက် ဝင်ရောက်ရန် လိုအပ်သည်ပာုဆိုပါသည်။
လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှစွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍ၊ ကမ္ဘာပေါ်တွင် ၄၀ ရာခိုင်နှုန်း ဝေစုရထားသည့် ကျောက်စိမ်းထုတ်လုပ်မှုနှင့် ပတ္တမြားနှင့် ကျောက်မျက်တူးဖော်ရေးများတွင် စွမ်းအင်နှင့် သတ္တု ကဏ္ဍတွင်ပင် မှီခို၍ မဖြစ်နိုင်ပေ။ ကဏ္ဍအားလုံးပာန်ချက်ညီစွာ တိုးတက်ရန် လိုအပ်ပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အတွက် အမျိုးမျိုးသောအခွင့်အလမ်းများ ပေးနိုင်ရန်လိုအပ်ပါသည်။
ကဏ္ဍငါးခုဖြစ်သည့် စွမ်းအင်နှင့် သတ္တုတွင်း၊ စိုက်ပျိုးရေး၊ စက်မှုထုတ်လုပ်မှု၊ ခရီးသွားကဏ္ဍနှင့် အခြေခံ အဆောက်အဦးတို့သည် မြန်မာနိုင်ငံ၏ စုစုပေါင်းတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့တွင် ၉၀ ရာခိုင်နှုန်းပါဝင်မှု ရှိပါသည်။ ထိုအထဲမှ စက်မှုထုတ်လုပ်မှု ကဏ္ဍသည် ကုမ္ပဏီအများအပြားအတွက် လုပ်အားခ ဈေးတက်လာသော တရုတ်နှင့် အခြားအာရှ စီးပွားရေးနိုင်ငံများမှ ပြောင်းရွှေ့နေရာချထားရန် တစ်ပန်းသာလျှက်ရှိရာ အရေးကြီးပါသည်။ MGI ၏အစီရင် ခံစာအရ ထုတ်လုပ်မှုကဏ္ဍသည် ၂၀၃၀ တွင် လူ ၇.၆ သန်းကို အလုပ်ပေးထားနိုင်ပြီး GDP တွင် ဒေါ်လာ ၇၀ ဘီလီယံထည့် ဝင်နိုင်မည်ပာုဆိုပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လောလောဆယ် အကြီးဆုံးဖြစ်သည့် စိုက်ပျိုးကဏ္ဍ၏ သုံးဆကျော်ပါ သည်။
အကယ်၍ မြန်မာနိုင်ငံသည် MGI ယုံကြည်သည့်အတိုင်း တိုးတက်မှုနှင့် အလုပ်အကိုင်တိုးလာမှုကို လုပ်ဆောင် နိုင်မည်ဆိုပါက အလုပ်အကိုင် ရှိသူများအတွက် မရှိမဖြစ် သုံးစွဲမှုများအတွက် လုံလောက်သော ဝင်ငွေတိုးလာရေးကို အထောက်အကူပြုလာမည်ဖြစ်ပြီး ယခုအလုပ်အကိုင်ရှိသူ ၂.၅ သန်းမှ ၂၀၃၀ တွင် ၁၉ သန်းထိ တိုးလာနိုင်ပါသည်။ ထို အချိန်တွင် စားသုံးသူများ၏ သုံးစွဲမှုမှာလည်း ဒေါ်လာ ဘီလီယံ(၁၀၀)ခန့် ရှိနိုင်ပါသည်။ ထိုအချိန်တွင် ကုမ္ပဏီများ အနေဖြင့် ဆိုင်ကယ်၊ ကား၊ အီလက်ထရွန်းနစ် ပစ္စည်းမှအစ ငွေကြေးဝန်ဆောင်မှု အဆုံး ဈေးကွက်များ ချဲ့ထွင်နိုင်ပါမည်။
အိမ်ယာ၊ ပါဝါ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်အခြေခံအဆောက်အဦး စသည်တို့တွင်လည်း စီးပွားရေးအခွင့် အလမ်းများ ရှိသင့်ပါသည်။ စီးပွားရေးတစ်ခုလုံးတွင် အခြေခံအဆောက်အဦးအတွက် အကြမ်းအားဖြင့် ဒေါ်လာဘီလီယံ (၃၀၀)ခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ ထိုအထဲမှ တစ်ဝက်ခန့်မှာ မြို့ကြီးများတွင် သုံးစွဲရန် လိုအပ်ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ ခွဲထွက်ပါက မြို့ကြီးများချဲ့ရန်လိုလာပါမည်။
ယနေ့တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၁၃ ရာခိုင်နှုန်းကသာ မြို့ကြီးများတွင် နေထိုင်သည်ပာု ခန့်မှန်းရပြီး ၂၀၃၀ တွင် ၂၅ ရာခိုင်နှုန်းထိ တိုးလာနိုင်ပါသည်။ လူဆယ်သန်းခန့် တိုးလာနိုင်ပါသည်။
အကယ်၍ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကိုအဆင့်ကျော်၍ ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အဝသုံးရန်၊ နောက်ထပ် ဒေါ်လာဘီလီယံ(၅၀)ကို တယ်လီကွန်း အခြေခံအဆောက်အဦးတွင် သုံးစွဲရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ဘဏ်များ၊ ဆိုင်များ ထပ်ဆောက်ရန် ငွေမသုံးဘဲ မိုဘိုင်းဘဏ်စနစ်နှင့် e-commerce ကိုအသုံးပြုခြင်း၊ ဝေးလံသောရွာများ အတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ချဲ့ခြင်းတို့ဖြစ်ပါသည်။ ယနေ့အချိန်တွင် ကမ္ဘာ့ဘဏ်၏ဖွံ့ဖြိုးမှု ညွှန်းကိန်း များအရ အင်တာနက်သုံးစွဲမှုအဆင့် ဒုတိယအနိမ့်ဆုံးနှင့် မိုဘိုင်းဖုန်းသုံးစွဲမှု အနိမ့်ဆုံးစာရင်းဝင်ပါသည်။
မြန်မာနိုင်ငံသည် စီးပွားရေး၏ သွင်ပြင်လက္ခဏာတိုင်းတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများ ကြုံနေရပါသည်။ သို့သော် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အကျယ်ပြန့်ဆုံးသော အခွင့်အလမ်းများလည်း ရှိနေပါသည်။ သို့သော် ၎င်းတို့သည် သတိနှင့် ရှေ့ဆက်လှမ်းသင့်ပါသည်။ အလားအလာကောင်းပြီး အကျိုးအမြတ်များ ရနိုင် သော ဈေးကွက်သစ်သို့ မျှော်လင့်ချက်များဖြင့် ချိတ်ဆက်ကြရတော့မည်ဖြစ်ပါသည်။
(Martin N.Baily သည် သမ္မတဘီလ်ကလင်တန်လက်ထက်က သမ္မတ၏ စီးပွားရေးအကြံပေးများကောင်စီဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဘရွတ်ကလင်းအင်စတီကျုးရှင်း၌ စီးပွားရေးမူဝါဒဖွံ့ဖြိုးရေး Bernard L.Schwartz Chair ဖြစ်ပြီး Richard Dobbs သည် MGI ၏ဒါရိုက်တာ ဖြစ်ပါသည်)
Yangon chronicle